Who Do You Think I am

331 12 0
                                    

အလောတကြီးတံခါးဖွင့်သံကြောင့်လေးလံတဲ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့အပြင်ထွက်သွားတဲ့ Hyunjin ရဲ့ကျောပြင်ကိုဝေဝါးစွာမြင်လိုက်ရတယ်။

ခဏကြာတော့ပြိုင်ကား Drift ဆွဲသံကိုကြားလိုက်ရတာကြောင့် Hyunjin ထွက်သွားပြီဖြစ်ကြောင်းသူသိလိုက်သည်။ ဘယ်ကိုများထွက်သွားတာလဲ ဒီအချိန်ကြီးကို။

လေးလံနေတဲ့ကိုယ်ကိုမထချင်ထချင်ဖြင့်တစ်ရွက်တိုင်ဆွဲကာထလိုက်တော့ Hyunjin ၏ပြီးဆုံးခြင်းများကသူ၏ပေါင်မှစီးကျလာသည်ကိုခံစားလိုက်ရသည်။

ရေချိုးခန်းထဲဦးတည်လိုက်ကာကိုယ်လက်သန့်ရှင်းပြီးနောက် အလုပ်စားပွဲရှိရာသို့ဦးတည်လိုက်ကာ Laptop ထဲမှ USB ကိုဆွဲထုတ်လိုက်သည်။

"ကောင်းကောင်းသုံးပါ့မယ် Hyunjin အဟက်"

"ငါ့ဖင်ကိုနာအောင်လုပ်ပြီးမှတော့ ဒီလောက်တော့ပြန်ပေးရမယ်လေ"

Hyunjin ၏အလုပ်စားပွဲပေါ်တွင် ကျောရိုးမဲ့သတ္တဝါလိုမှောက်အိပ်လိုက်ကာ Laptop ကိုလျှောက်ကြည့်နေလိုက်သည်။

"Felix..."

Felix ၏ပုခုံးကိုဖက်ကာနေကြာခင်းထဲရိုက်ထားသောဓာတ်ပုံထဲတွင် Hyunjin မှာ‌ တောက်ပစွာပြုံးနေလေသည်။

Jisung မျက်မှောင်ကြုတ်လိုက်ကာခုန်အောက်ကိုအလျှင်အမြန်ငုံ့ကြည့်လိုက်တော့ Timing Bomb တစ်လုံးကိုတွေ့လိုက်ရသည်။

"Shit!!"

.......................

"ထင်တဲ့အတိုင်း ရောက်လာသားပဲ"

"Felix ဘယ်မှာလဲ"

ခွပ်

ခေါင်းပေါ်ရောက်လာသောသံတုတ်၏ရိုက်ချက်ကြောင့် Hyunjin မှာမေ့မျောသွားလေတော့သည်။

ခန္ဓာကိုယ်ကိုလာရိုက်သောအပူရှိန်ကြောင့် Hyunjin နိုးလာကာဘေးပတ်ပတ်လည်တွင်လောင်ကျွမ်းနေသောမီးများကြားထဲလဲကျနေသော Felix ကိုတွေ့လိုက်ရသည်။

ခေါင်းမှသွေးများကျနေသည်ကိုဂရုမစိုက်နိုင်ပဲ Felix အားပွေ့ချီကာအပြင်သို့အမြန်ပြေးထွက်လိုက်ရာထိုဂိုထောင်မှာပေါက်ကွဲကာနှစ်
ယောက်စလုံးလွင့်ထွက်သွားတော့သည်။

I Wanna Fuck The One I Envy Where stories live. Discover now