Home is a person

339 12 1
                                    

"ကျွန်တော်တို့ဒီအပတ်ထဲတင်တိုက်ခိုက်ခံရတာသုံးခါရှိပြီ"

"အခုကောလုံခြုံတဲ့နေရာမှာရှိနေလား Lix"

"အင်း ရှိပါတယ် Changbin ကော မင်းနဲ့တူတူရှိနေလား"

"ငါရှိတယ် Hyunjin"

"လောလောဆယ်ဝောာ့ရှောင်ထားကြဦး"

"အခြေအနေတွေရှုပ်ထွေးနေပြီးတော့ အမတ်ချုပ်ရဲ့သမီးကလည်း ငိုယိုပြီး Interview တွေဖြေနေတာ မင်းတို့တွေ့မှာပေါ့"

"Ji ကအကုန်လုံးကိုဒိုင်ခံဖြေရှင်းပေးနေတာမို့လို့ အချိန်တစ်ခုအထိတော့ သတိနဲ့နေကြ"

"နားလည်ပြီ"

ဖုန်းချသွားပြီးနောက် Hyunjin နာရီကိုကြည့်လိုက်တော့ မနက် ၁၀ နာရီထိုးပြီဖြစ်လေသည်။

အစည်းအဝေးတက်နေသော Jisung ကို ၁၁ နာရီတွင်ကြိုရမည်ဖြစ်တာကြောင့် Hyunjin တစ်နာရီစောကာကြိုစောင့်‌ရန်ဆုံးဖြတ်လိုက်သည်။

အထက်မှာရှုပ်ထွေးနေတာ‌ကြောင့် Jisung ကို သူမရှိတဲ့အချိန်တစ်ခုခုဖြစ်သွားမှာစိုးရိမ်စိတ်က ဒီရက်ပိုင်းပို၍ကြီးထွားလာနေလေသည်။ သေချာပေါက်တော်ရုံဆိုသွားရှုပ်လို့မရတဲ့ Jisung ဆိုပေမဲ့ပေါ့။

ဘယ်လောက်လိမ္မာပါးနပ်ပါတယ်ပဲပြောပြောချစ်တဲ့သူကတော့အမြဲစိတ်ပူနေမှာပဲလေ။

လူတိုင်းအမှားနဲ့မကင်းတာကြောင့် 99 ရာခိုင်နှုန်းကအရမ်းတော်နေရင်တောင် ကျန်တဲ့ 1 ရာခိုင်နှုန်းလိုအချိန်မျိုးမှာတော့ သူကူညီပေးဖို့အသင့်ရှိချင်ပါသည်။

တွေးတောကာ ကားမောင်းရင်းနဲ့ပဲအစည်းအဝေးလုပ်သည့်‌‌အဆောက်အအုံအရှေ့ကို Hyunjin ရောက်နေလေပြီ။

........................


Jisung အခန်းတစ်ခုထဲတွင်နိုးလာကာလက်ပြန်ကြိုးတုပ်ခံထားရသည်ကိုသတိထားမိလိုက်သည်။

ပတ်၀န်းကျင်ကိုအကဲခတ်လိုက်တော့မှောင်မိုက်နေပေမဲ့အပြင်မှအလင်းအနည်းငယ်တော့၀င်နေသေးသည်။

"နိုးလာပြီလား"

သူ့အရှေ့တွင်ရှိသောမျက်နှာဖုံးစွပ်လူတစ်ယောက်ကမေးလာသည်။

I Wanna Fuck The One I Envy Where stories live. Discover now