Part - 15 🌸

573 52 15
                                    



( သာသာ ဒီရက်ပိုင်း ချုပ်ထည်လေးတွေ
များနေလို့ လာမတင်ဖြစ်တဲ့အတွက်
သာသာ့ကို ခွင့်လွှတ်ပေးကြပါ )

°

°

°

°

°



အခုသူတို့ရောက်နေတဲ့ နေရာက
ဦးထယ်ရဲ့ အပန်းဖြေအိမ်ကြီးမှာ
ဖြစ်သည်။ အလုပ်ကိစ္စကလည်း
မပျတ်သေးတဲ့အပြင် အကိုလေးရဲ့
ပူဆာမှုကြောင့် ဦးထယ်က ဒီမှာအ
ပန်း‌‌ေ‌ဖြဖို့ ခေါ်လာခြင်းဖြစ်သည် ။
သူ့ကိုလိုက်ခဲ့ဖို့ ဦးထယ်ပြောတဲ့အချိန်
က သူအရမ်းအံ့သြသွားသလို အရမ်း
လည်းပျော်သွားခဲ့သည် ။ အကိုလေး
ကိုတွေ့ရင် နေရခက်ပေမဲ့ အိမ်မှာ
တစ်ယောက်ထဲ နေရတာပျင်းလာတော့
သူလိုက်ခဲ့ဖို့ ဆုံးဖြတ်ပြီးလိုက်လာခဲ့သည် ။ အပန်းဖြေအိမ်ကြီးကိုဦးထယ်ကိုယ်တိုင်
ဒီဇိုင်းဆွဲပြီး စိတ်တိုင်းကျတဲ့အထိ သေချာဆောက်ထားတဲ့အကြောင်းသိရတော့
သူအတော်လေးအံ့သြသွားခဲ့သည် ။
ခေတ်မှီတဲ့ နှစ်ထပ်တိုက်ကြီးကို အပင်
တွေရဲ့ကြားမှာ လှလှပပတွေ့ရမဲ့အပြင်
အပင်တွေအများကြီးစိုက်ထားတာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးအုံ့အုံ့ဆိုင်းဆိုင်း
လေးဖြစ်နေသည် ။ ဒီနေရာက သူဌေးတွေ
ဘဲ အပန်းဖြေဖို့ဝယ်ကြတဲ့နေရာဖြစ်တဲ့
အပြင် တစ်ခြံနဲ့တစ်ခြံ အရမ်းဝေးတာ
ကြောင့် တိတ်ဆိတ်ပြီး အရမ်းနေလို့
ကောင်းတဲ့ နေရာလေးဖြစ်သည် ။ အိမ်ရဲ့အနောက်ဖတ်လမ်းလေးအတိုင်းဝင်သွား
လိုက်ရင် တောစပ်လေးရယ် စမ်းချောင်း
လေးကိုပါ သဘာဝဆန်ဆန် တွေ့ရအုံးမည်။
သူတို့ဒီကိုရောက်တဲ့အချိန်က ညနေစောင်း
နေပြီး ဆိုတော့မနက်ဖြန်မှဘဲ စမ်းချောင်း
လေးဘက် သွားဖို့ဆုံးဖြတ်ထားသည် ။
ညစာစားပြီး ဝရံတာပေါ်ကနေ ညပိုင်း
အလှကိုကြည့်ပြီး hoseok အတွေးတွေ
ပျံ့လွင့်နေခဲ့သည် ။












°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°






Jung hee တစ်ယောက် မင်လေးတို့
အိမ်က သူ့လူဆီကကြားရတဲ့ သတင်း
ကြောင့် မင်လေးရှိမဲ့နေရာသို့ ချက်ချင်း
ထလိုက်လာခဲ့သည် ။ ဘာဘဲဖြစ်ဖြစ်
မင်လေးကိုမရရအောင် ယူဖို့ ဆုံးဖြတ်
ပြီးသားမို့အမြန်ဆုံး အကောင်အထည်
ဖော်တော့မည် ။ နီးစပ်ရာ ဟော်တယ်
တစ်ခုမှာတည်းပြီး သူ့အစဥ်ကို taehyung
ဆိုတဲ့လူမရိပ်မိအောင် အစဥ်အစီဆွဲပြီး ခနအနားယူလိုက်သည် ။





🌸 ဦးထယ် 🌸Where stories live. Discover now