Part - 12 🌸

404 57 29
                                    



( သာသာ့ကို မျှော်နေကြလာ သဲလေးတို့ )

°

°

°

°

°

ညနေ ၅ နာရီတောင် ထိုးနေပြီး။
ကုတင်ပေါ်က လူသားလေးက
အခုထိ မနိုးသေး။



yoongi အိမ်ကနေ ပြန်ခေါ်လာပြီး
သူ့အိမ်ရောက်တာတဲ့ မနိုးသေးတဲ့
ကောင်လေးကိုတစ်လျှောက်လုံးပွေ့
ချီကာ အခန်းထဲရောက်တော့ နူးညံ့တဲ့
အိပ်ယာပေါ် အသာလေးချပြီး ထို
ကောင်လေးဘေး ဝင်ထိုင်ကာ ငိုထား
လို့ မို့အစ်နေတဲ့ မျက်နှာနုနုလေးအား
တစိမ့်စိမ့်ကြည့်နေလိုက်သည်။ သူ့စိတ်
ထဲ ယောက်ယတ်ခတ်နေပေမဲ့ အပြင်ပိုင်း
မှာတော့ကျောက်ရုပ်အလား မလှုပ်မရပ်
ဖြစ်နေခဲ့သည်။



သူဒီကောင်လေးအပေါ် မုန်းလိုက်ဖို့
ကြိုးစားတိုင်းသူ့စိတ်က ဒါကိုလက်
မခံခဲ့ ။ သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်း
တွေက ဒီကောင်လေးမှ ဒီကောင်လေး
ဖြစ်နေခဲ့သည်ကိုလည်း ငြင်းလို့မရပါ။
ဒါကြောင့်လည်း ထိုကောင်လေးအပေါ်
သူစိတ်တွေ ယိုင်သွားတဲ့အချိန်တိုင်း
မင်လေးအပေါ်အားနာတဲ့စိတ်တွေက အလုံးအရင်းဝင်ရောက်လာခဲ့သည်။ ဒါမဲ့
အာလုံး မသိသေးတာတစ်ခုရှိသေးတယ်။
အဲ့ဒါဘာလည်းဆိုရင် မင်လေးနဲ့ကျုပ်
တစ်ခါမှ မနမ်းဖူးဘူးဆိုရင် ခင်များတို့
ယုံကြမလာ ။အမှန်လည်း ကျုပ်တို့တစ်
ခါမှ မနမ်းဖူးပါဘူး ။ ရည်းစားသက်တန်း
၅ နှစ်အတွင်း မင်လေးနှုတ်ခမ်းကို နမ်းဖို့ကြိုးစားတိုင်း မင်လေးကအမြဲရှောင်ဖယ်တက်သည်။ ဒီ ၅ နှစ်အတွင်း လက်ကိုင်တာ
ရယ် ဖတ်တာရယ် နဖူးတို့ပါးတို့ နမ်းတာ
ရယ်ကလွဲရင် ဘာမှ ထိခွင့်မရှိသလို့  သူ့အ
ပေါ် မင်လေးက ဘာအခွင့်အရေးမှ မပေးခဲ့ ။
အခွင့်အရေးမပေးခဲ့တဲ့ မင်လေးရယ်
အခွင့်အရေးမယူတက်တဲ့ သူနဲ့က ဒီကောင်
လေးနဲ့ ဟိုကိစ္စတွေ မဖြစ်လာခင်အချိန်ထိ
အရမ်းချစ်ခဲ့ကြတယ် မဟုတ်လာ။ အချစ်
ဦးကို မြေးဦးရတဲ့အထိ မေ့လို့မရဘူးဆိုတဲ့
စကားလိုဘဲ ဒီနေ့အထိ မင်လေးကို သူမေ့
လို့မရသေးပေမဲ့ ဒီကောင်လေးနဲ့ ထိတွေ့နေ
ချိန်ဆို သူမင်လေးကို မေ့သွားခဲ့တာတော့
မငြင်းချင်ပါ။ ဒါမှမဟုတ် taehyung ရဲ့ ဖူးစာရေးနတ်ကဘဲ hoseok ဆီကို ပိုပြီး
အလေးသာနေခဲ့သလား မပြောတက်တော့။
သူနဲ့ မင်လေးရဲ့ ချစ်ခြင်းကိုခွဲလိုက်သည်ဟူ
သည့်အစွဲကြောင့် ကောင်လေးနဲ့ပတ်သက်
သည့်စိတ်ခံစားတွေအား သူလျစ်လျူရှူ့
ထားမိသည်။ အပြစ်တွေအားလုံး ကောင်
လေးအပေါ် ပုံချမိသည်အထိ ရက်စက်
ခဲ့သည် ။ ကောင်လေးကို နာကျင်အောင်
လုပ်မိတဲ့အချိန်တိုင်း သူကိုယ်တိုင်လည်း
ထပ်တူနာကျင်ခဲ့သည် ။ သူ့နေရာမှာ
တခြားလူဆိုလည်းဒီလိုဘဲ လုပ်ခဲ့မိမလား
တော့ မပြောတက်ပေမဲ့အချစ်ကိုစပြီး ခံစား
ရခဲ့တာ မင်လေးနဲ့မို့ သူမင်လေးနဲ့သာ အဆုံး
ထိပေါင်းဖတ်ဖို့ ရည်ရွယ်ထားခဲ့တာ ။ ဒီလို
ကိစ္စတွေဖြစ်လာမယ်လို့မထင်ထားခဲ့မိဘူး ။
တကယ့်တကယ်ဖြစ်လာတော့သူလည်း
အရမ်းခံစားခဲ့ရတယ် ။ အဲ့ဒါတွေကြောင့်ဘဲ
မမှားသင့်တာတွေ မှားခဲ့မိတာ ။



🌸 ဦးထယ် 🌸Where stories live. Discover now