( မျှော်နေပေးတဲ့ သဲလေးတို့အတွက်
မအားတဲ့ကြားက အမြန်ဆုံး ကြိုးစား
ပေးလိုက်ပါတယ်ရှင့် )*
*
*
*
အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာ
တော့taehyung ရဲ့မွေးနေ့ကို ရောက်
လာခဲ့သည်။ လုပ်ငန်းရှင်တစ်ယောက်
ဖြစ်တဲ့အပြင် ရှယ်ရာရှယ်တွေအများ
အပြားပါ တက်ရောက်ကြမှာမို့သူ့ရဲ့
ကိုယ်ပိုင်ဖြစ်တဲ့ နာမည်ကြီး Hotel
တစ်ခု၌ သူ့ရဲ့မွေးနေ့ပွဲကိုကျင်းပခဲ့သည် ။အရွယ်နဲ့မလိုက်အောင် အောင်မြင်နေတဲ့
သူမို့ အသိမိတ်ဆွေအများစုပါ တက်ရောက်
ဂုဏ်ပြုပေးကြသည် ။ ဒီနေ့က သူ့ရဲ့ ၂၉ နှစ်
ပြည့်မွေးနေ့ဖြစ်သလို CEO ရာထူးကိုယူခဲ့
တာ ( ၁၀ ) နှစ်ပြည့်တဲ့နေ့လည်းဖြစ်သည်။လုပ်ငန်းရှင်တစ်ချို့နဲ့ စကားပြောနေတဲ့
CEOကြီးကို အဝေးတစ်နေရာမှ ငေးကြည့်
နေတဲ့ကောင်လေးတစ်ယောက်လည်း ရှိနေ
ခဲ့သည်။ချောမောခန့်ညားလွန်းတာကြောင့် ဘယ်သူမဆိုထို CEO ဆီကိုအကြည့်ရောက်သွားခဲ့ပါက ပြန်ပြီးအကြည့်မလွဲချင်တော့တဲ့အထိ ချောမောနေသည် ။ ထိုကောင်လေးရဲ့
အကြည့်တွေထဲ Kim Taehyung ဆိုတဲ့သူအပေါ် မြတ်နိုးခြင်းချစ်ခြင်းတွေအပြင် ဂုဏ်
ယူခြင်းတွေပါ ပါဝင်နေခဲ့သည် ။
ထိုကောင်လေးဟာ တခြားသူတော့မဟုတ် CEO Kim Taehyung ရဲ့ထုတ်ပြခြင်း
မရှိသေးတဲ့ အမျိုးသားလေးပင်ဖြစ်သည် ။°
°
°
taehyung သူ့ကိုကြည့်နေတဲ့ ကလေးငယ်
ကိုသတိထားမိသည် ။ ဒါမဲ့သူပြန်ကြည့်လိုက်
ရင်ရှက်သွားမှာစိုးလို့ ပုံမှန်အတိုင်းစကားပြောရင်းလာနှုတ်ဆက်တဲ့ လူတွေကို ပြန်နှုတ်
ဆက်နေမိသည် ။ တစ်ချက်တစ်ချက် မနေ
နိုင်လို့လှည့်ကြည့်လိုက်မိတဲ့အခါတွေမျိုးဆို ကလေးရဲ့မျက်နှာဟာ ပန်းရောင်လေးသန်း
ကာ ရှက်သွားတက်သည် ။ အဲ့လိုအခါတွေဆို ကလေးကိုအသည်းယားမိပြီး taehyung အပြုံးတွေမရပ်တန့်နိုင်တော့ ။ ဒါကို သတိ
ထားမိတဲ့သွားတဲ့ ရှယ်ရာရှင်တွေက ပြုံးနေ
တဲ့ taehyung ကိုတစ်လှည့် ရှက်ပြီး
အကြည့်လွဲသွားတဲ့ ကလေးငယ်ကို
တစ်လှည့် ကြည့်ကာ.....
YOU ARE READING
🌸 ဦးထယ် 🌸
Romanceတွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေမဲ့ ကံတရားက မျက်နှာသာမပေး တော့ နာကျင်ရတဲ့သူက ကိုယ်ကိုတိုင် ဖြစ်နေခဲ့တော့သည် ။ ဆုတောင်းတိုင်းသာ ပြည့်...