Part - 22 🌸

374 43 21
                                    

( အကြာကြီး ပစ်ထားမိတဲ့အတွက် သာသာ့
ကို ခွင့်လွှတ်ပေးကြပါ )

**

**

**

**

**

ဒီလိုနဲ့မာမီသဘောမတူတဲ့ကြားက မင်္ဂလာပွဲ
ကို ရအောင်စီစဥ်ပြီး ခလေးငယ်အားခမ်းခမ်း
နားနားလက်ထက်ယူလိုက်တော့ မာမီကအကြီးအကျယ် စိတ်ဆိုးသွားပြီး မင်္ဂလာပွဲကို လုံးဝမတက်ရောက်ခဲ့ ။ ကိုယ့်မှာ အားကိုးစရာဆိုလို့ ဒယ်ဒီနဲ့ မာမီဘဲရှိတာ ။ မာမီက ဒီလိုဖြစ်သွားတော့ သူ အရမ်းစိတ်မကောင်းဖြစ်ခဲ့ရ
သည် ။ ဘာဘဲဖြစ်ဖြစ် အနားမှာအမြဲရှိနေပေး
ပြီး သူ့ဘက်မားမားမတ်မတ်ရပ်တည်ပေးတဲ့ ဒယ်ဒီကြောင့် taehyung အားပိုရှိလာခဲ့
သည် ။ မင်္ဂလာပွဲ အစကနေအဆုံးထိ မနား
မနေလိုက်လုပ်ပေးပြီး သူ့ဆန္ဒတွေမှန်သမျှ
သူဖြစ်ချင်တာ အားလုံး လိုက်လုပ်ပေးတဲ့
ဒယ်ဒီကို taehyung ဘယ်လိုကျေးဇူးတင်
လို့ တင်ရမှန်းတောင်မသိတော့။ သူနဲ့ ခလေးအပေါ် မိဘနေရာကနေပေးကာ ဖခင်ကောင်းတစ်ယောက်ပီသအောင် ပြသွားတဲ့ယဒယ်ဒီကြောင့် ကလေးလေးခမျာ မျက်ရည်ကျရ
သည်အထိ ဖြစ်ခဲ့ရသည် ။


အခုဆို သူနဲ့ကလေးက စာချုပ်နဲ့မဟုတ်ဘဲတိုင်းသိပြည်သိ အကြင်ခင်ပွန်းတွေ ဖြစ်သွား
ခဲ့ပြီးဖြစ်သည်။ တရားဝင်ခင်ပွန်း အလှလေးကြောင့် ဒီနေ့မင်္ဂလာပွဲ တစ်လျှောက်taehyung မျက်နှာပွင့်ခဲ့ရသေးသည်။ ချစ်ဖို့ကောင်းပြီး
လှရက်လွန်းနေတဲ့ ကလေးကို ပွဲတက်ရောက်
သူတိုင်းက ချီးကျူးကြတော့ အရှက်သည်း
သူလေးခမျာ တစ်နေ့လုံး မျက်နှာလေးတွေ
နီရဲလို့ ။ အသိသက်သေတွေရှေ့လက်မှတ်ထိုး
ကတိတွေ ၊ သစ္စာတွေ ၊ လက်ထက်လက်စွပ်လေးတွေ ၊ မင်္ဂလာအနမ်းလေးတွေဖြင့်အချင်းချင်း ချည်နှောင်လိုက်တဲ့ သူတို့
နှစ်ယောက်ရဲ့ မင်္ဂပွဲလေးဟာဆိုရင်ခမ်းခမ်းနားနား အောင်အောင်မြင်မြင်နဲ့
ပြီးဆုံးသွားခဲ့သည် ။



အချိန်တွေ တဖြည်းဖြည်းကုန်သွားက
ဘာလိုလိုနဲ့ည ရောက်လာတော့ မင်္လာဦး
ညဆိုတဲ့ အသိက hoseok အား နေရ
ခက်စေသည် ။ တစ်နေ့လုံး ဧည့်သည်
တွေကို လိုက်ဧည့်ခံထားတော့ သူလည်း
ပင်ပန်းနေပြီးမို့ ရေအရင်ချိုး အဝတ်စား
လှဲပြီး ကုတင်ပေါ်ထိုင်ပြီး ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိ ။ ဦးထယ်ရေချိုးနေတုန်း
သူ့ခြေဖျားလက်ဖျားတွေ အေးလာပြီး
စိတ်လှုပ်ရှားလာသည် ။ နားလည်တဲ့
အရွယ်ကို ရောက်နေတော့ ဒီနေ့ဘာတွေ
ဖြစ်လာမလည်းဆိုတာ ဆက်မတွေးဝံ့
တော့ ။ ရေချိုးပြီး ထွက်လာမဲ့ ဦးထယ်ကို
စောင့်ရင် ဟိုတွေးဒီတွေးနဲ့ သူအတွေးလွန်
နေခဲ့သည် ။



🌸 ဦးထယ် 🌸Where stories live. Discover now