( မျှော်နေကြပြီးလာရှင့်...💙 )
" ကိုယ်တော့ အဲ့ကလေးကို ဘယ်လို
ကျေးဇူးတင်ရမှန်းမသိတော့ဘူး..."ကိုကိုနဲ့အတူ မပြန်ရပေမဲ့ yoongi hyung
က သူ့ကို အိမ်အရောက် ဂရုတစိုက်ပို့ပေးခဲ့
သည်။ညတွင်းကြီး ပြန်ရောက်လာတာ
ကြောင့် မားမားတို့တောင် အံ့သြနေသည် ။
ဖြစ်ခဲ့တဲ့ ကိစ္စတွေအား မားမားတို့ကိုအသိ
မပေးဘဲ ကိုကိုရဲ့ အရေးကြီးအလုပ်ကိစ္စ
ပေါ်လာလို့အမြန်ပြန်ခဲ့ရကြောင်းလိမ်ပြော
ကာ သူ့အခန်းဆီအမြန်လာခဲ့လိုက်သည် ။
မားမားတို့ စိုးရိမ်သွားမှာကြောက်လို့သာ
လိမ်ပြောခဲ့ရတာ ။ တကယ်ဆိုသူလည်း
အခုထိ ကြောက်စိတ်မပြေသေး ။
သူတောင် ဒီလောက်ဖြစ်နေရင် ဟိုလေး
ဆို ဘယ်လောက်ကြောက်လန့်နေမလည်း
ဆိုတာ တွေးတောင်မတွေးရဲစရာ ။ ဒီအချိန်လူကြီးသာ သူ့အနားရှိနေရင်ဘယ်လောက်ကောင်းလိုက်မလယ် ။ နွေးထွေးတဲ့လူကြီးရဲ့ ရင်ခွင်ထဲခိုလုံခြင်မိလာတဲ့စိတ်နဲ့အတူလူကြီး
ဆီဖုန်းခေါ်ကာ ကလေးတစ်ယောက်လိုငိုပြီး
ပြောမိတော့ လူကြီးကကိုးရီးယားကို ချက်
ချင်း ပြန်ဖို့စီစဥ်ပြီး သူ့ဆီအမြန်ဆုံးရောက်
အောင်လာခဲ့သည် ။အခုသူလူကြီးရဲ့အခန်း
ထဲမှာ ဖြစ်ပြီး လူကြီးရဲ့ရင်ခွင်ထဲ ရောက်နေ
ပြီးဖြစ်သည် ။ အကြောင်းစုံကို ပြန်ပြောရင်း လူကြီးက ဟိုလေးကို ကျေးဇူးတင်လို့မဆုံး
တော့ ။" ဟုတ်တယ် လူကြီးရဲ့....
ဟိုလေးသာ သဲငယ်ကို အဲ့နေရာမှာ
ပစ်ထားခဲ့ရင်အခုလို လူကြီးနဲ့ တွေ့နိုင်
တော့မှာ မဟုတ်ဘူး "" အဲ့ကလေးကို ကိုယ်တွေ့ချင်တယ်
သဲလေးကို အခုလို အန္တာရာယ်ထဲက
ကယ်ပေးတဲ့အတွက် ကိုယ်သူ့ကို
ကျေးဇူးတင်ချင်တယ် "" တွေ့ဖို့က မရလောက်ဘူး လူကြီးရဲ့....
အခုဆို ဟိုလေးရဲ့ ခင်ပွန်းက ဟိုလေးကို
မျက်စိအောက်က လုံးဝအပျောက်မခံတော့
ဘူး..."" ဟုတ်လာ...
ဒါဆို နောက်အခွင့်အရေးရတဲ့
အခါမှပေါ့....အခုတော့....."
YOU ARE READING
🌸 ဦးထယ် 🌸
Romanceတွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေမဲ့ ကံတရားက မျက်နှာသာမပေး တော့ နာကျင်ရတဲ့သူက ကိုယ်ကိုတိုင် ဖြစ်နေခဲ့တော့သည် ။ ဆုတောင်းတိုင်းသာ ပြည့်...