Part - 26 🌸

310 44 17
                                    


( ထပ်ပြီး ပစ်ထားမိပြန်ပြီး ဒီသာသာက....

အလုပ်တွေများတော့ ခနခနနောက်ကျတဲ့
သာသာ့ကို ခွင့်လွှတ်ပေးကြပါအုံးနော် )






" သား..လိုက်ခဲ့မယ်~~ ဦးထယ် "



" တကယ်...တကယ်လား~~ခလေး
ကိုယ့်ကို အားနာပြီး- "



မိဘနှစ်ပါးလုံးကို ဆုံးရှုံးခဲ့ရတဲ့ သူတစ်ယောက်
အနေနဲ့ ဦးထယ်နဲ့ အကြောင်းပါတဲ့အချိန်ကစပြီး
ဦးထယ်ရဲ့ မိဘနှစ်ပါးလုံးကို သူ့ရဲ့မိဘတွေလို့
သတ်မှတ်ထားမိသည် ။ အပြင်မှာ ထုတ်မပြ
ရဲလို့သာ ဒီအတိုင်လေးနေနေမိတာ ။ အမှန်ဆို
သူလည်း ဦးထယ်ခေါ်သလို ဒယ်ဒီ နဲ့ မာမီ ဆိုပြီး
ခေါ်ချင်ခဲ့တာ ကြာပါပြီး ။ သူ့ကို ပိုပြီးငြိုငြင်
သွားမှာ စိုးလို့ မခေါ်မိအောင် သတိထားပြီးနေနေခဲ့တာ ။ ဦးထယ်ရဲ့ဖေဖေက hoseok ကို
သူ့သားတစ်ယောက်လို သဘောထားမှန်း hoseok သိသည် ။ ဒယ်ဒီလို့ ခေါ်လိုက်ချင်ပေမဲ့ ဦးထယ်မေမေကို ကြောက်လို့ မဝံ့မရဲတဲ့စိတ်နဲ့ဘဲ ဦးဦးလို့သာ ခုချိန်ထိ ခေါ်ခဲ့ခြင်း ဖြစ်သည် ။



" တကယ်ပါ...
သားအနားမှာ..ဦးထယ်ရှိတာဘဲ
သားအဆင်ပြေတယ်...အဲ့ဒါကြောင့်
ဦးထယ်စိတ်ထဲဘာမှမထားပါနဲ့..
ဦးထယ်နဲ့ဆို..သားအရာရာ ရင်ဆိုင်
ရဲပါတယ်..."




" ကျေးဇူးဘဲ ကိုယ့်အသက်လေးရယ်....
ကိုယ့်အတွက် အမြဲတမ်းတွေးပေးလွန်း
လို့..အရမ်းလည်း ချစ်တယ်နော်~~"




" သားလည်း ဦးထယ်ကို အရမ်းချစ်တယ် "




" ကိုယ်က ပိုပြီးချစ်ပါရစေ..ခလေးရယ် "




အပြုံးလေးနဲ့အတူ ခန္ဓာကိုယ်သေးသေးလေးက
taehyung ရင်ခွင်ထဲဝင်လာတော့ ထိုသေးသေးလေးအား ထွေးပွေ့ထားလိုက်ပြီး ခေါင်းလုံးလုံးလေးကို တစ်ဖွဖွနမ်းနေလိုက်သည် ။ ဒီအချိန်လေးက စိတ်ချမ်းသာဖို့ အရမ်းကောင်းနေခဲ့တော့အချိန်တွေကုန်သွားမှာတောင် ကြောက်မိသား ။သူဒီခလေးနဲ့ပတ်သတ်ရင် အဲ့လိုကို လောဘတက်နေမိတာ ။ ပိုင်ဆိုင်ရနေတာတောင် ထပ်ပြီးပိုင်ဆိုင်ချင်သေးတာမျိုး ။ ချစ်ပြီးရင်း ချစ်နေမိတော့တာ ။ ပိုတယ်ဘဲပြောပြော ကဲတယ်ဘဲပြောပြော ခလေးငယ်ကို စပြီးချစ်မိ
သွားကတည်းက အဲ့လိုပြောလည်း သူဂရုမစိုက်
တော့ပါ ။










You've reached the end of published parts.

⏰ Last updated: Aug 30 ⏰

Add this story to your Library to get notified about new parts!

🌸 ဦးထယ် 🌸Where stories live. Discover now