Part - 11 🌸

532 56 37
                                    


( တန်းလန်းကြီးထားခဲ့တဲ့ သာသာ့ကို
မျှော်နေကြပြီးလာ )

°

°

°

°

°

°

ဘယ်ဆီရောက်လို့ ရောက်မှန်းသူမသိ
တော့။ ခြေဦးတည့်ရာ ပြေးထွက်လာ
သည့်တိုင် ကံဆိုးမှုကသူ့နောက်ကိုအမြဲ
လိုက်နေခဲ့သည်။ ဘာလို့ဆို သူပြေးထွက်
လာပြီး သိပ်မကြာ ကောင်းကင်တစ်ခုလုံး
အုံ့မှိုင်းလာပြီး မိုးပြင်းပြင်းထန်ထန်ရွာချတော့သည်။ မိုးရည်တွေနဲ့အတူ သူ့မျက်
ရည်တွေကို စီးဆင်းစေပြီး သူပြေးနေတာ
ကိုလည်း မရပ်တန့်မိ။ တကိုယ်လုံးစိုရွဲပြီး
ချမ်းလွန်းလို့ မှေးပါခိုက်ခိုက်တုန်နေပြီး။
ဖြစ်ချင်ရာဖြစ်ပါစေတော့ ။ သူဒီဘဝမှာ
မနေချင်တော့ဘူး ။ သူအရမ်းပင်ပန်းနေ
ပြီး ။ အားလုံးရဲ့မနှစ်မြိုတဲ့အကြည့်တွေနဲ့
ဝေးအောင်တစ်ဖတ်သက်စွပ်စွဲချက်တွေနဲ့
ဝေးအောင်သူ့ကို မကြိုဆိုတဲ့ နေရာကနေ
သူအပြီးပိုင်ထွက်သွားတော့မည် ။ တုန်ယင်
နေတဲ့ခန္ဓာကိုယ်ကို အားယူပြီး ပြေးနေးရင်းရုတ်တရက်ထွက်လာတဲ့ကားကြောင့် မျက်
လုံးတွေမှိတ်ချပစ်လိုက်သည်။




တီ!!.........တီ!!!!!!......
ဟင်!!!!!!!!!






ထိတ်လန့်မှုနဲ့အတူ တစ်ချက်ပြုံးလိုက်ပြီး
သူ့ရဲ့ ကမ္ဘာလေး အမှောင်ကျသွားတော့
သည်။















°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°





taehyung အလုပ်လုပ်နေရင်း ခုထိသူ့ဆီ
မရောက်လာသေးတဲ့ ကောင်လေးကြောင့်
ဒေါသတွေထွက်လာခဲ့သည်။ သူ့အတွင်း
ရေးမှူးက သူနေတဲ့ အထပ်ထိ သေချာပို့
ပေးခဲ့ကြောင်း သူအခန်းကိုလည်း သေချာ
ပြပေးခဲ့ကြောင်း သူ့ဆီဖုန်းဆက်ပြီး ပြောခဲ့
သည့်တိုင်အောင် အခုမိနစ် ၃၀ကြာသွားတဲ့
အထိ ကောင်လေးကရောက်မလာသေး။
ဒေါသလည်းထွက်သလို စိုးရိမ်စိတ်လည်း
ဝင်လာခဲ့သည်။ အတွင်းရေးမှူးကို ဖုန်းဆက်
ခေါ်ပြီး ခနအကြာ အတွင်းရေးမှူးရောက်လာ
တော့ ကောင်လေးကို ရှာမတွေ့တာကြောင့်
စိတ်ထဲပူထူသွားကာ CCTV တွေကိုပြန်စစ်
ကြည့်လိုက်တော့ ကောင်လေးက အတွင်း
ရေးမှူးပြတဲ့သူ့အခန်းဘက် လျှောက်လာနေသည်။ ရုတ်တရက် ရက်တန့်သွားတဲ့
ကောင်လေးနဲ့အတူဖြစ်ပျတ်ခဲ့တဲ့ အဖြစ်
အပျတ်တွေကြား ငိုပြီးပြေးထွက်သွားတဲ့
ကောင်လေးကြောင့် သူရင်ထဲ မွန်းကြပ်
လာပြီး နေရာမှ ထရပ်ကာ အပြင်ထွက်လာ
လိုက်သည်။ taehyung ထွက်လာတာမြင်
သည်နှင့် ဝန်ထမ်းတွေအားလုံးမတ်တပ်
ထရပ်ကာ အရိုအသေပေးကြသည်။
taehyung စောစောက ကောင်လေးကို
စွပ်စွဲပြော‌ကြတဲ့ ကောင်မလေးတွေဘက်
လှည့်ပြီး....




🌸 ဦးထယ် 🌸Where stories live. Discover now