Part - 5 🌸

368 52 22
                                    



အိမ်ရောက်ရောက်ခြင်းအခန်းထဲတန်း
ဝင်ပြီးရေချိုးအဝတ်အစားလဲကာ
ကုတင်ပေါ်ကကောင်လေးဆီသွားပြီး
နဖူးပေါ်အသာစမ်းလိုက်သည်။ ကိုယ်
နဲနဲပူနေသေးပေမယ့်ချွေးအနဲငယ်ပြန်
နေတာကြောင့် စောင်ကိုဖယ်လိုက်ချိန်
ကောင်လေးကိုယ်ပေါ် အဝတ်မဲ့နေမှန်း
သတိရသွားသည်။ မင်လေးကို ရှင်းပြဖို့
ဘဲ စိတ်ထဲရှိနေတော့ ထိုကောင်လေးအား
ဘာမှမလုပ်ပေးမိဘဲ ဒီအတိုင်းထားပစ်ခဲ့
သည်။ ရှုပ်ထွေးလာတဲ့ စိတ်တွေကြောင့်
ဆံပင်ကိုဆွဲဖွကာ အိမ်အောက်ဆင်းလာ
လိုက်ပြီး ဇလုံတစ်ခုထဲ ရေနွေးထည့်ကာ
အပေါ်ပြန်တက်လာလိုက်သည်။ အခန်း
ထဲရောက်တော့ တဘတ်တစ်ထည်ယူပြီး
ရေနွေးဇလုံထဲထည့်လိုက်သည်။ နောက်
တော့ ကုတင်ဘေးဝင်ထိုင်ပြီးထိုကောင်
လေးကိုယ်ပေါ်က စောင်ကိုဖယ်လိုက်ချိန်
ဖြူဥနေတဲ့ ခန္ဓာကိုယ်လေးဟာ သူ့ရှေ့မှာ မိမွေးတိုင်းဖမွေးတိုင်း ။ အဝတ်ကင်းမဲ့နေ
တဲ့ ကောင်လေးအား ရေဝတ်ဖြင့် သန့်ရှင်း
ရေးလုပ်ပေးပြီး သွေးထွက်နေတဲ့ နေရာ
လေးကိုအသာအယာသန့်စင်ပေးတော့နာ
သွားလို့ ထင်တယ် ခန္ဓာကိုယ်လေးတစ်ချက်
တွန့်သွားကာ မျက်နှာလေးရှုံံ့မဲ့သွားသည်။
ထိုကောင်လေးရဲ့ အသားနုနုလေးကို
ထိတွေ့မိချိန် သူ့တစ်ကိုယ်လုံး ပူလောင်
လာတော့သည်။ သူပေးထားတဲ့အမှတ်
အသားတွေက ဖြူဥနေတဲ့ ခန္ဓာကိုယ်လေး
နဲ့ လိုက်ဖတ်လွန်းနေသည်။ ထိုကောင်လေး
ကို သန့်ရှင်းရေးလုပ်သာလုပ်ပေးနေရတာ
ထကြွနေတဲ့ စိတ်ကိုလည်း မနည်းထိန်းနေ
ရသေးသည်။

အားလုံးပြီးစီးတော့ yoongi ထားပေးခဲ့
တဲ့ ဆေးတွေထဲလိမ်းဆေးကိုယူပြီး
နာနေတဲ့ နေရာလေးကိုအသာလိမ်းပေး
ကာ သူ့နဲ့မတော်တော့လို့ ဖယ်ထားတဲ့
အင်္ကျီတွေထဲက တစ်စုံယူပြီး ထိုကောင်
လေးအားဝတ်ပေးလိုက်သည်။ သူနဲ့မတော်
တဲ့ အင်္ကျီဟာထိုကောင်လေးနဲ့ အတော်လေး
ကြီးနေခဲ့သည်။ စောင်ကိုပြန်ခြုံပေးပြီး
အခန်းထဲကထွက်ကာအလုပ်ခန်းထဲ
ဝင်လာပြီး စစ်စရာစာရင်းတွေကို စစ်နေ
လိုက်သည်။ ဒီညတော့ သူဒီအခန်းထဲမှာ
ဘဲ အချိန်ကုန်ဖြစ်ဖို့များသည်။








🌸 ဦးထယ် 🌸Where stories live. Discover now