( တကယ့်တော့ သာသာဒီနေ့ ခေါင်းအရမ်း
ကိုက်နေလို့ မအပ်တော့ဘူးလို့ဆုံးဖြတ်
ထားတာ...
ဒါမဲ့ သာသာမနေနိုင်ခဲ့ပါဘူး.......)°
°
°
°
°
°
°
°
°လွန်ခဲ့တဲ့ တစ်လလောက်က အကြောင်း
အရာတစ်ချို့ကို ပြန်တွေးပြီး ပါးပြင်နုနု
လေးထက် မျက်ရည်လေးတွေစီးဆင်း
သွားခဲ့သည်။ အဲ့နေ့ကစပြီး ဦးထယ်ရဲ့
အေးစက်မှု ၊မနှစ်မြိုမှု ၊ လျစ်လျူရှုမှု
တွေ သူ့အပေါ်ကျရောက်လာခဲ့သည်။
တစ်ခါတစ်လေစိတ်မကြည်ရင်လည်း
အော်ငေါက်တက်သေးသည်။ စိတ်ညစ်
လို့ အရက်တွေသောက်ပြီး ပြန်လာတိုင်း
ဦးထယ်က မင်လေးနဲ့ ငါ့ရဲ့ချစ်ခြင်းကို
ခွဲတယ်ဆိုပြီး စွပ်စွဲချက်တွေကိုလည်း
အလူးအလဲခံခဲ့ရသည်။ ဒီစကားက
ဦးထယ်မူးမှပြောတဲ့စကားပါ။မမူးတဲ့နေ့ဆို
သူ့ကိုစကားပြောဖို့နေနေသာသာ အကြည့်နဲ့
တောင်မကြည့်ခဲ့။ သူငိုတာတွေ့ခဲ့ရင်လည်း
မဲ့ပြုံးတစ်ချက်ပြုံးပြီး သူ့မျက်ရည်တွေ
အားလျစ်လျူရှူခဲ့သေးသည်။ မျက်ရည်
တွေနဲ့အိပ်စက်ရတဲ့ညတွေများလာတဲ့အခါ
မနက်ခင်း အလင်းရောင်ကို မမြင်ချင်တော့
တဲ့အထိဖြစ်လာခဲ့သည်။" သားလေး...."
" ဟင်...ကြီးကြီး...."
ပန်းခြံထဲက ဒန်းပေါ်ထိုင်ပြီး အတွေးတွေ
ကြားနစ်မြှုပ်နေတုန်း အနောက်ကရုတ်တ
ရက်ထွက်လာတဲ့ ကြီးကြီးခေါ်သံကြောင့်
သူ့အတွေးတွေပျောက်ကွယ်သွားပြီး
မျက်ရည်တွေအားကမန်းကတန်းသုတ်ကာ
ပြန်ထူးလိုက်သည်။ သူ့အကြောင်းသိနေတဲ့
ကြီးကြီးက သူ့ပုခုံးလေးကိုအသာကိုင်ပြီး
သူ့နားဝင်ထိုင်လေသည်။" ငိုနေပြန်ပြီးလာ သားလေး..."
" မငိုပါဘူး ကြီးကြီးရဲ့ သားမျက်လုံးထဲ
အမှုန်ဝင်သွားလို့ပါ.."" လိမ်နေပြန်ပြီး ကလေးရယ်...."
သူ့ကိုလှမ်းဖတ်ပြီး ပြောလာတဲ့ ကြီးကြီး
ရဲ့ရင်ခွင်ထဲဝင်ပြီး သူငိုချမိပြန်သည်။
သူငိုတော့ ကြီးကြီးက သူ့ရဲ့ကျောပြင်လေး
ကိုပွတ်ပြီး ချော့မြှူရှာသည်။ သူငိုလို့ဝသွား
တော့ ကြီးကြီးရဲ့ ရင်ခွင်ထဲကနေ...
YOU ARE READING
🌸 ဦးထယ် 🌸
Romanceတွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေမဲ့ ကံတရားက မျက်နှာသာမပေး တော့ နာကျင်ရတဲ့သူက ကိုယ်ကိုတိုင် ဖြစ်နေခဲ့တော့သည် ။ ဆုတောင်းတိုင်းသာ ပြည့်...