Part - 21 🌸

251 38 24
                                    


( နောက်ကျသွားတဲ့ သာသာ့ကို မျှော်နေ
ကြသေးလာ..အမြဲနောက်ကျတဲ့အတွက်
တောင်းပန်ပါတယ် သာသာတကယ်မအား
လို့ပါနော် )






°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°


ကိုကို့ ကိုမေးလိုက်တဲ့အချိန် ပျတ်ယွင်း
သွားတဲ့ ဟိုလေးမျက်နှာကို jimin သတိ
ထားမိသွားသည် ။ကိုကို သူ့ကိုပြောပြတဲ့
ဟိုလေးကို ဖွင့်ပြောလိုက်ပြီးဆိုတဲ့
အကြောင်းရယ် ဟိုလေးဆီက အဖြေပြန်
မရသေးတဲ့အကြောင်းရယ် သူသိပြီးပြီး ။
အဲ့ဒါကြောင့်ဘဲ ကိုကို့အပေါ်မှာ ဟိုလေး
ခံစားချက်ရှိမရှိ စမ်းသပ်ဖို့ သူဒီကိုရောက်
လာခဲ့တာ ။ အခုဆို ဟိုလေးရဲ့ခံစားချက်ကို
သူနဲနဲတော့ မြင်ရပြီးမို့ ပိုပြီးစမ်းသပ်ဖို့ ဆုံး
ဖြတ်ကာ သူ့တို့နား အဆင်သင့်ရောက်လာ
တဲ့ ကိုကို့အနားသွားကာ ဟိုလေး အူတိုမလား
ဆိုပြီး သူလုပ်လိုက်မိသည် ။ သူလုပ်လိုက်တဲ့အပြုအမူက ကိုကိုနဲ့သူကြား အားနာပြီး သိမ်ငယ်သွားတဲ့ ဟိုလေးရဲ့မျက်ဝန်းတွေ
အား တွေ့လိုက်ရတော့သည် ။ ကိုကိုနဲ့အတူ
ဟိုလေးရှေ့မှာထိုင်ပြီး စကားပြောနေပေမဲ့
သူတို့ရှေ့က ဟိုလေးမှာတော့ ငူငူကြီးထိုင်ပြီး
သူတို့ ပြောနေတာကို ကြားရဲ့လားတောင်
မသိတော့ ။

တကယ်တော့ ကိုကိုက ဒီလအတွင်း
ဟိုလေးနဲ့အမြန်ဆုံး လက်ထက်ဖို့ စီစဥ်
နေကြောင်း သူ့ကိုပြောလာသလို သူက
လည်း ဒီကိုလာတာ ဟိုလေးစိတ်ကို စမ်း
သတ်ချင်လို့ လာကြောင်း ပြောနေခြင်း
ဖြစ်သည် ။ ဒါမဲ့လွဲသွားတာ တစ်ခုက
ဟိုလေးက သူတို့နှစ်ယောက်ကို အူမတို
ဘဲ တစ်ယောက်ထဲ အတွေးလွန်ပြီး အရင်
ကကိစ္စတွေကြား ဝမ်းနည်းသွားပုံရသည် ။
သူ့ကိုယ်သူ အပြစ်တွေတင်ပြီး သိမ်ငယ်
နေမှန်း သူသိတာပေါ့ ။ ဟိုလေးနဲ့အတူ
နေခဲ့တဲ့သူမို့ ဒီခလေးရဲ့ဖြူစင်မှုတွေ
ဒီခလေးရဲ့ ခံစားချက်တွေကို ထုတ်မပြောရင်တောင် သူကြည့်တာနဲ့ သိသည် ။

ဒီခလေးက သူ့အမှားမဟုတ်ရင်တောင် တောင်းပန်ဖို့ဝန်မလေးသူမျိုးဆိုတော့
အခုကိစ္စမှာ ဟိုလေးအဖို့ ရှော့ခ် အကြီး
ကြီးရသွားပုံရသည် ။ အပြစ်တွေကြား မြေစာပင်ဖြစ်ခဲ့တာတောင် အားလုံးရဲ့
အမုန်းတွေကြား ရင်ဆိုင်ခဲ့ရသူလေးမို့ 
ဟိုလေးအား သူအရမ်းသနားမိသွားသည် ။
အခုလို အရင်ကအကြောင်း ပြန်တွေးလိမ့်
မယ်လို့လယ် မထင်ခဲ့လို့ သူအခုလ်ို စမ်းသတ်
ခဲ့မိတာ ။ ဝမ်းနည်းရိပ်သန်းလာတဲ့ မျက်ဝန်း
တွေက အရည်လေးတွေလဲ့လာတော့
jimin စိတ်မကောင်းပိုဖြစ်လာခဲ့သည် ။
ကိုကိုနဲ့သူ့ကြား သူ့ကိုယ်သူ သိမ်ငယ်လာ
တော့ နေရာမှထရက်ကာ အဝေးရှောင်ပြေး
ချင်နေသူလေးကြောင့် ဒီခလေးစိတ်ထဲ
ရှင်းသွားအောင် ဖြေရှင်းပေးမှရတော့မည် ။ မဟုတ်ရင် ကိုကိုနဲ့သူ့ကိုမြင်တိုင်း ဒီခလေး
ဒီလိုဘဲ ခံစားနေရမှာကို မကြည့်ရက်နိုင်တော့ ။

You've reached the end of published parts.

⏰ Last updated: Jul 08 ⏰

Add this story to your Library to get notified about new parts!

🌸 ဦးထယ် 🌸Where stories live. Discover now