( မျှော်နေတဲ့ သဲလေးတို့အတွက် အမြန်
ဆုံး အပ်ပေးလိုက်ပြီးနော် )°
°
°
°
°
taehyung ထွက်သွားပြီး သိပ်မကြာ
ခြံထဲကားတစ်စီးဝင်လာသည်။ ကားပေါ်က
ဆင်းပြီး ခြံထဲဝေ့ဝဲကြည့်ကာ အိမ်ထဲ
ကျော့ကျော့မော့မော့လေး ဝင်လာတဲ့
အသက်ခပ်လတ်လတ်အမျိုးသမီးတစ်
ယောက်။ အိပ်ထဲရောက်တော့ဧည့်ခန်းထဲ
တန်းဝင်သွားပြီး ဆိုဖာပေါ်ထိုင်ပြီး
ကြီးမေဘက် လှည့်ကြည့်ကာ....." ကြီးမေ....."
" ဟုတ်...မမလေး..."
" ဟိုကောင်လေးရော...."
" ဟို...ဟို...ဖျားလို့ အိပ်နေတယ်
မမလေး "" ကျွန်မသူနဲ့စကားပြောချင်တယ်...
သူ့ကိုသွားခေါ်ပေး..."" ဟုတ်...ဟုတ် "
မမလေးရဲ့အပြောကြောင့် ကြီးမေ
တစ်ယောက်သခင်လေးအခန်းဘက်
မြန်မြန်တက်လာလိုက်သည်။
သခင်လေးရဲ့ အမေက နဲနဲမာနကြီးတာ
ကြောင့် ကလေးလေးအတွက် စိတ်တော့
ပူမိသား။အခန်းထဲဝင်လာချိန် ကုတင်ပေါ် အိပ်မောကျနေတဲ့ ကလေးလေးက အပြစ်
ကင်းစွာ။ ဘယ်လိုမှမတက်နိုင်တာကြောင့် ကလေးလေးကိုခေါ်နိုးရတော့သည်။" သား...သားလေး..."
" အင်းးးး...."
hoseok မှေးကနဲ့တစ်ချက်အိပ်ပျော်
သွားတုန်းကြီးကြီးရဲ့ ခေါ်သံကြောင့်
နိုးလာခဲ့သည်။စိုးရိမ်နေတဲ့ ကြီးကြီး
မျက်နှာကြောင့် hoseokအိပ်ယာပေါ်
က အားယူပြီးထလိုက်သည်။" ကြီးကြီး...."
" သား....အောက်မှာ သခင်လေးရဲ့
အမေရောက်နေတယ်....
သားနဲ့ စကားပြောမလို့တဲ့...."" ဟင်!!...
ဟုတ်.....ဟုတ်ကဲ့.....
သားအခု....ဆင်းလာခဲ့မယ် ကြီးကြီး...."" အေးအေး..."
ကြီးမေပြန်ထွက်သွားသည်အထိ
hoseokအိပ်ယာပေါ်မှမထသေး။
အမှန်တိုင်းပြောရရင် သူအရမ်း
ကြောက်သည်။ အရမ်းလည်း
အားငယ်သည်။ မသွားဘဲနေမိရင်
ရိုင်းရာကျမှာစိုးလို့ စိတ်ကိုတင်းကာ
အောက်သို့ဖြည်းဖြည်းလေး ဆင်းလာ
ပြီး ဧည့်ခန်းထဲဝင်လာလိုက်တော့ သူ့ကို
ကြည့်နေတဲ့ ဦးထယ်ရဲ့မေမေကြောင့်
hoseok ခြေဖျားလက်ဖျားတွေအေး
စက်လာခဲ့သည်။ ကြောက်စိတ်တွေနဲ့
အတူ ဆိုဖာပေါ် ဝင်ထိုင်လိုက်ပြီး
ဦးထယ်ရဲ့မေမေကို လှမ်းကြည့်ပြီး....
YOU ARE READING
🌸 ဦးထယ် 🌸
Romanceတွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေမဲ့ ကံတရားက မျက်နှာသာမပေး တော့ နာကျင်ရတဲ့သူက ကိုယ်ကိုတိုင် ဖြစ်နေခဲ့တော့သည် ။ ဆုတောင်းတိုင်းသာ ပြည့်...