( မျှော်နေပေးတဲ့ သဲလေးတို့အတွက်
အမြန်ဆုံးအပ်ပေးလိုက်ပြီးနော် )°
°
°
°
°
အရင်က သူတို့မိသားစုလေးဟာ အရမ်း
ကိုပျော်ဖို့ကောင်းလွန်းခဲ့သည် ။ အိမ်
ထောင်ဦးစီးပီသလွန်းတဲ့ ဖေဖေက
အိမ်ရှင်မပီသလွန်းတဲ့ မေမေ့ကို အရမ်း
ဂရုစိုက်ချစ်ပေးပြီးသူတို့နှစ်ယောက်ရဲ့
ချစ်ဖို့ကောင်းလွန်းတဲ့သားလေးကို
လည်း အရမ်းချစ်ကြသည် ။သူများနဲ့
မတူဘဲ မွေးလာတဲ့သားလေးကနုဖတ်ပြီး မိန်းကလေးလို လှလွန်းတာကြောင့်မိဘ
နှစ်ပါးလုံးက မျက်စိအောက်ကအပျောက်
မခံကြ ။ နွေးထွေးပြီး သူတို့မိသားစုလေး
ဟာ ပိုက်ဆံမချမ်းသာပေမဲ့ စိတ်ချမ်းသာ
ဖို့တော့ကောင်းသည် ။ အဲ့လိုနဲ့ တစ်နေ့မှာ
သူတို့မိသားစုဘဝထဲ ကံဆိုးခြင်းတွေကျရောက်လာခဲ့သည် ။ အဲ့ဒီနေ့က မေမေနဲ့
သူဘဝရဲ့အမှောင်ကျတဲ့နေ့ပေါ့ ။ ဖေဖေ
ဟာ သူများလယ်ထဲ အလုပ်လုပ်နေရင်း
ပိုးထိတော့ဆေးရုံအမြန်ပို့ကြပေမဲ့ လမ်း
တစ်ဝတ်မှာဘဲ ဖေဖေဟာ သူနဲ့ မေမေ့ ကို
ထာဝရနှုတ်ဆက်ပြီး သူတို့ဘဝထဲက
အပြီးတိုင် ထွက်သွားခဲ့သည် ။ အဲ့နေ့က
ဆိုရင် မေမေ့ရဲ့ပျောက်နေပြီးဖြစ်တဲ့
နှလုံးရောဂါဟာ တဖန်ပြန်လယ်နိုးထ
လာခဲ့သည် ။ အရင်လို ပျော်စရာကောင်း
တဲ့ သူတို့အိမ်လေးဟာ ဖေဖေမရှိတော့ တိတ်ဆိတ်ပြီး အထီးကျန်လွန်းနေခဲ့သည် ။ နောက်တော့ မေမေဟာ သူ့နားမှာသူ့သား
လေးဖြစ်တဲ့ hoseok ရှိနေသေးတာဘဲဆို
တဲ့အသိနဲ့ အားတင်းပြီး သူ့တို့သားမိနှစ်
ယောက် ရှေ့ဆက်ခဲ့ကြသည် ။ သူ့ရှေ့မှာ
သာ အားတင်းပြီးနေနေတဲ့ မေမေဟာသူ့နောက်ကွယ်မှာဆို အမြဲပြိုလဲနေတက်
သည် ။ နုဖတ်ပြီး ပျော့ညံ့လွန်းတဲ့သူ့ကို
လည်း အဖေလိုတစ်မျိုး အမေလိုတစ်မျိုး
ပြုစုစောင့်ရှောက်ပေးပြီး သူ့အပေါ်အရမ်း
ချစ်ရှာသည်။ ဒါမဲ့ ခနပါဘဲ ။ ဘာလည်းဆို မေမေဟာ သူ့ကိုထပ်ပြီး ထားသွားခဲ့ပြန်
သည် ။ သူအရမ်းချစ်ရတဲ့ သူ့ကမ္ဘာကြီး
တွေ မရှိတော့ဘူးဆိုတဲ့စိတ်နဲ့ အဲ့နေ့က
မေ့လဲသွားတဲ့အဓိ သူအရမ်းငိုခဲ့သည် ။
ဝမ်းနည်းစိတ်တွေနဲ့ မစားမသောက်ဘဲ
ငိုနေတော့ အားပျတ်ပြီး ဆေးရုံရောက်ခဲ့
သေးသည် ။ အဲ့လိုနဲ့ အားကိုးရာမရှိ ခိုကိုး
ရာမဲ့နေတဲ့သူ့အား မြို့ကခနအလယ်ပြန်
လာတဲ့အိမ်ဘေးက ဦးလေးကြီးက သနား
လို့ ဆိုပြီးသူနဲ့အတူ မြို့မှာအလုပ်လုပ်ဖို့ အကြောင်းဖန်လာတော့သည် ။ အသက်
ကလည်းငယ်ပညာအရည်အချင်းကလည်း
ရေးတက်ဖတ်တက်လောက်ဘဲ တက်တော့ သူများတွေသူ့ကို အလုပ်ပေးလုပ်ပါ့မလား
ဆိုပြီး စိုးရိမ်စိတ်ဝင်ခဲ့သေးသည်။ ဒါမဲ့
အဲ့စိုးရိမ်စိတ်တွေက အကိုလေးတို့ရဲ့
နွေးထွေးလွန်းတဲ့အိမ်ကိုရောက် အားလုံး
ပျောက်ကွယ်သွားခဲ့သည်။အဲ့လိုနွေးနွေးထွေးထွေးဆက်ဆံပေးတဲ့
မိသားစုအပေါ်ကိုမှ မျက်နှာမပြရဲတော့
တဲ့အထိ သူကျေးဇူးကန်းခဲ့မိသေးသည်။
အဲ့ထက်ပိုဆိုးတာက သူ့ရဲ့နှလုံးသားထဲ
အမှတ်မထင် နေရာယူသွားခဲ့သူဟာ
အကိုလေးရဲ့ ချစ်သူဖြစ်နေခဲ့သည် ။
YOU ARE READING
🌸 ဦးထယ် 🌸
Romanceတွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေမဲ့ ကံတရားက မျက်နှာသာမပေး တော့ နာကျင်ရတဲ့သူက ကိုယ်ကိုတိုင် ဖြစ်နေခဲ့တော့သည် ။ ဆုတောင်းတိုင်းသာ ပြည့်...