( မျှော်နေတဲ့ သဲလေးတို့အတွက် သာသာ
အမြန်ဆုံး အပ်ပေးလိုက်ပြီးနော် )°
°
°
°
°
°
°
°
°
°
°
°Taehyung သူ့အိမ်ရောက်တော့ min yoongi
က ကြိုရောက်နေပြီးဖြစ်သည်။ ကားတံခါးဖွင့်
ပြီး မေ့မျောနေတဲ့ ကောင်လေးကို ပွေ့ချီပြီး
သူ့အခန်းဆီအမြန်သွားတော့ min yoongi က
သူ့အနောက်ကနေ ဆေးအိတ်ကိုင်ပြီး အမြန်
လိုက်လာသည်။ သူ့အခန်းထဲရောက်တော့
ကုတင်ပေါ်အသာချပြီး စောင်အားရင်ဘက်
အထိဆွဲခြုံပေးလိုက်သည်။ အခန်းထဲ လိုက်
ဝင်လာတဲ့ yoongi က ထိုကောင်လေးအား
စမ်းသပ်ကာ ဆေးထိုးလို့အပြီး သူ့ဘက်လှည့်
လာပြီး....." ဘာတွေဖြစ်ခဲ့တာလယ် taehyung "
" ငါလည်းပြောပြမတက်တော့ဘူး
သေချာတာတစ်ခုက ညကငါဆေးမိ
သွားတာ..."" ဆေးမိတာ....ညက မင်း jimin ဆီ
သွားတာမလာ ဘယ်ကဆေးကမိလာ
တာလယ် "" ငါလည်းစဥ်းစားနေတာ...ဒါမဲ့
အဖြေက လုံးဝထွက်မလာဘူး...
Min လေးကိုဘယ်လိုမျက်နှာပြရမ
လယ် မသိတော့ဘူးကွာ.......
အဲ့ထက်ဆိုးတာက အခုဖြစ်သွားတာ
Min လေးအိမ်မှာ..ပြီးတော့ငါတို့အခြေ
အနေကို Min လေးကိုယ်တိုင်မြင်သွား
တာကွ.......တောက်!!! "" မင်းဘယ်လိုဆက်လုပ်မလယ်....
Jimin မိဘတွေရော ခုကိစ္စကို သိသွား
ပြီးလာ "" မသိသေးဘူးလို့ထင်တယ်...ငါထွက်
လာတဲ့အချိန်ထိ မတွေ့မိဘူး..."" ဟင်းး....ငါလည်းဘယ်လိုပြောရမှန်း
မသိတော့ဘူးကွာ...ခုမင်းဘာဆက်လုပ်
မလယ်...."" ငါ Min လေးဆီ ခနသွားအုံးမယ်
ငါ Min လေးကို သေချာမရှင်းပြ
ရသေးဘူး.. "" မင်းကအခုပြန်သွားမလို့လာ.."
" အွန်း.."
" ဟာ...အဲ့လိုလုပ်လို့မရဘူးလေ
ငါကဆေးရုံပြန်သွားရမှာ...မင်းပါ
သွားရင် ဒီကောင်လေးတစ်ယောက်ထဲ
ကျန်ခဲ့မှာပေါ့..."သူပြောလိုက်တော့ taehyung မျက်နှာဟာ
တည်တင်းသွားပြီး အိပ်ယာပေါ်က မေ့မျော
နေတဲ့ကောင်လေးဆီ အေးစက်စက် အကြည့်
တွေနဲ့ကြည့်လာသည်။ နောက်သူ့ဆီ ပြန်ကြည့်
ကာ taehyung ပြောလိုက်တဲ့စကားကြောင့်
yoongi ပြန်ပြောမဲ့စကားတောင်မရှိတော့။
YOU ARE READING
🌸 ဦးထယ် 🌸
Romanceတွေ့ဆုံမှုက အချစ်နဲ့အစမပြုခဲ့တော့ ပြန်ရလိုက်တဲ့ အရာတွေက အေးစက် စက်လျစ်လျူရှုမှုတွေ...... တစ်ခါတစ်လေတော့ ဦးထယ်ရဲ့ ရင်ဘက် ထဲက တစ်ယောက်သောသူဖြစ်ချင် ပေမဲ့ ကံတရားက မျက်နှာသာမပေး တော့ နာကျင်ရတဲ့သူက ကိုယ်ကိုတိုင် ဖြစ်နေခဲ့တော့သည် ။ ဆုတောင်းတိုင်းသာ ပြည့်...