Unicode
[ Note: Prologue is just for you to know which type of story this is. You, of course, can skip this part if you don't want to get any spoiler. You won't miss any information by skipping this. ]
A Thorny Flower
ရှောင်းကျန့်က သူ့အဒေါ်မှာကြားသည့်အတိုင်း လိုအပ်သည့်ဆေးမြစ်အချို့ဝယ်ယူဖို့ ကျင်းရှီမြို့ဆီရောက်လာခဲ့သည်။ ရောက်လက်စနှင့် ညဈေးကိုပါ တစ်ခါတည်းပတ်ဖို့ဆုံးဖြတ်ခဲ့လေသည်။ လူပေါင်းများစွာနှင့်တွေ့ဆုံဖြတ်ကျော်ပြီးနောက် အိမ်တော်တစ်ခုရှေ့မှာ အစောင့်တွေဆီမှ မောင်းထုတ်ခြင်းခံနေရသည့်ကောင်လေးတစ်ယောက်နှင့်ဆုံသည်။ ထိုကောင်လေးက သူ့ကိုထွက်တွေ့မည့်တစ်စုံတစ်ယောက်ကိုစောင့်နေပုံရသည်။ သို့သော်ငြား ကောင်လေးက အစောင့်များနှင့် အချိန်တစ်ခုကြာရုန်းကန်ပြီးနောက် မြေကြီးပေါ်သို့ ထိုင်လျက်ပြုတ်ကျသွားခြင်းနှင့်ပဲ အဆုံးသတ်သွားခဲ့သည်။ ရှောင်းကျန့်က ထိုကောင်လေး၏မျက်ဝန်းများနှင့်အကြည့်ချင်းဆုံသွားပြီးနောက် အံ့ဩတကြီးနှင့် အပြေးအလွှားသွားခဲ့သော်လည်း သွေးများဖုံးလွှမ်းနေသည့်ခန္ဓာကိုယ်လေးကိုသာ ဖမ်းဆုပ်နိုင်လိုက်တယ်။
" ကိုကိုမငိုပါနဲ့။ ကျွန်တော်က အားမူကိုလွမ်းလို့ပါ။ အားမူကိုသွားတွေ့မှာလေ။ ကိုကိုကတော့ ကျွန်တော်တို့ကိုမလွမ်းပါနဲ့ "
သူ့မျက်ရည်တွေကို သုတ်ပေးဖို့ကြိုးစားနေသည့်လက်သေးသေးလေးတွေက တုန်ယင်နေရှာသည်။ သိပ်မကြာခင်မှာပဲ သူထွေးပိုက်ထားသည့်ခန္ဓာကိုယ်လေးက အားလျော့သွားသည်ကို ခံစားလိုက်ရသည်။
ရှောင်းအိမ်တော်။
အိမ်တော်ဝင်ပေါက်အထက်တွင် ချိတ်ဆွဲထားသည့်အနက်ရောင်ဘုတ်ပြားကို ရှောင်းကျန့်က အေးစက်စက်နှင့် ကြည့်လိုက်သည်။ သူ့လက်ထဲက သွေးအချို့ပေကျံနေသည့် ခရမ်းရောင်လက်ကိုင်ပုဝါလေး၏ နူးညံ့မှုကိုအခွင့်ကောင်းယူသည့်အနေနှင့် တင်းတင်းကျပ်ကျပ်ဆုပ်လိုက်သည်။ သူ့ရင်ထဲတွင် ခံစားချက်ပေါင်းများစွာနှင့်။ သိပ်မကြာခင်မှာပဲ သူတို့၏မွေးအမေသေဆုံးခဲ့ရသည့်အကြောင်းအရင်းကလည်း သွေးရိုးသားရိုးမဟုတ်မှန်း သိလိုက်ရသည်။
YOU ARE READING
A Thorny Flower
FanfictionA Thorny Flower; Gentle and Soft, but Tough. Start Date - 13 Apr 2024 ( Sat ) End Date - Status - Ongoing Chapters in Total - ? Average words per chapter - 1,400 BJYX Myanmar Fanfiction: Wang Yi Bo × Xiao Zhan || Both Unicode and Zawgyi are availa...