Chapter - 14

81 13 16
                                    

Unicode

အပိုင်း ၁၄။ မြို့စားဝမ်၏လက်ဆောင်

ရှောင်းကျန့်က သူ၏အဝတ်သေတ္တာနားတွင် ပုံ့ပုံ့လေးထိုင်နေပြီး တံတောင်ဆစ်တစ်ဖက်ကို သေတ္တာအဖုံးပေါ်တွင်တင်ထားသည်။ ထိုလက်ထဲရှိ ခေါက်ရာများစွာဖြင့်တွန့်ကြေနေသည့်စက္ကူလေးက သိပ်မကြာသေးခင်က ဆုပ်လုံးခံထားရပုံပေါ်သည်။ အမူအရာကင်းမဲ့နေသည့်မျက်နှာထက်မှမျက်ဝန်းများကလည်း အသက်မဲ့နေလျက် စက္ကူပေါ်ရှိစာလုံးများကိုသာ ပေါက်ထွက်မတတ်စိုက်ကြည့်နေသည်။

ထိုစာက သူ့အဒေါ်ဆီမှပြန်စာဖြစ်သည်။ သူ၏အမြွှာညီလေးသတ်သေခဲ့သည်ကိုမြင်ပြီးနောက် သူ့ညီနေရာတွင်အစားထိုးဝင်ခဲ့ဖို့ဆုံးဖြတ်ခဲ့ပြီး ရှောင်းအိမ်တော်သို့ဝင်ခါစကလည်း သူ့အဒေါ်ကိုတစ်ခေါက်စာပို့ခဲ့ဖူးသည်။ ထိုစဉ်က သူကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကိုပြောပြခဲ့ပြီး သူ၏အစီအစဉ်အချို့ကို သူ့အဒေါ်သိစေရန်နှင့် စိတ်မပူစေရန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ်မှာတော့ မြွေတစ်ကောင်က သူမိသားစုအတွင်းတွင်ရှိနေခြင်းဖြစ်သောကြောင့် ထိုမြွေပွေးကိုရှင်းထုတ်ရန်အတွက် ထိုအချိန်ကအဖြစ်အပျက်များကိုသူသိထားရန်လိုအပ်သည်ဟုတွေးခဲ့ပြီးနောက် သူ့အဒေါ်ကို မေးခွန်းအချို့မေးခဲ့ခြင်းဖြစ်သည်။ ယခုတွင် အဖြေက သူ့လက်ထဲရှိစာရွက်ထက်တွင် စီစီရီရီနေရာယူထားသည်။

သူ့မိခင်က ဖောက်ပြန်ခဲ့သည်တဲ့...။

ထိုနှစ်က သူတို့မိသားစုတွင် အခက်အခဲအချို့ကြုံတွေ့ခဲ့ပြီး သူ့မိခင်က အကြီးဆုံးသားဖြစ်သည့်အလျောက် ပြဿနာကိုဖြေရှင်းရန်မှာသူ့ပုခုံးပေါ်ကျလာခဲ့သည်။ ထို့အတွက် သူ့မိခင်က ငွေအချို့ပိုရရန်အတွက် မွေးရပ်မြေကိုစွန့်ခွာ၍ ကျင်းရှီမြို့သို့တက်လာပြီး အလုပ်ရှာခဲ့ပြီးနောက် ရှောင်းအိမ်တော်တွင် အစေခံအဖြစ်အလုပ်ရသွားခဲ့သည်။ အစေခံအဖြစ်အလုပ်လုပ်ရသော်လည်း ရသည့်ငွေကြေးမှာ သူတို့နယ်တွင်အလုပ်လုပ်လို့ရသည့်ငွေထက်ပိုသည်။ သို့သော် တစ်ရက်တွင် သခင်ကြီးရှောင်းက သေရည်အလွန်အကျွံသောက်ကာမူးလာခဲ့ပြီး သူ့မိခင်ကို သခင်မကြီးရှောင်းဟုထင်မှတ်ကာ အတူနေခဲ့သည်။ သူ့မိခင်က ကောဖြစ်သည့်အလျောက် မည်မျှပင်အလိုမတူပါစေ၊ သခင်ကြီးရှောင်း၏အားနှင့်မယှဉ်နိုင်ခဲ့ချေ။ ဤသို့နှင့် သူ့မိခင်က ကိုယ်လုပ်တော်ဖြစ်လာခဲ့သော်လည်း သခင်ကြီးရှောင်းကတော့ တာဝန်အရသာစောင့်ရှောက်ပေးခဲ့သည်။ သို့သော် တစ်နေ့တွင် သူ့မိခင်၏အခန်း၌ယောက်ျားတစ်ယောက်ကိုတွေ့ရှိခဲ့ပြီး ရလဒ်အနေဖြင့် သစ္စာမရှိသည့်ဇနီးတစ်ယောက်အနေဖြင့်သတ်မှတ်ခံရကာ ထိုမှစပြီး သခင်ကြီးရှောင်း၏လျစ်လျူရှုခြင်းကိုခံရတော့သည်။ မည်မျှထိလဲဆိုလျှင် မီးဖွားချိန်တွင်ပင် ဟန်ဆောင်၍တောင်မစိုးရိမ်ပြသည်အထိ။

A Thorny FlowerDonde viven las historias. Descúbrelo ahora