Chapter - 9

98 19 16
                                    

Unicode

အပိုင်း ၉။ ပွဲကြည့်စဉ်မှပြဿနာ

ကျင်းရှီချုကျွီးကစားပွဲ။

ချုကျွီးကစားပွဲက ယခင်က ကျင်းရှီးမြို့တွင်မထင်ရှားခဲ့ပါသော်ငြား ကြမ်းတမ်းခက်ခဲခဲ့သည့်ယွီလင်ကျူးကျော်စစ်ကို အောင်နိုင်သည့်အမှတ်တရအနေဖြင့် စစ်သည်ငယ်တို့ကစားခဲ့ရာမှစတင်ခဲ့သည်။ ကနဦးတွင် ပွဲဟုမည်မည်တွင်တွင်မလုပ်ခဲ့ကြဘဲ အပျော်သာကစားခဲ့ကြပါသော်လည်း သိပ်မကြာခင်အချိန်အတွင်းတွင်ပင် တွင်ကျယ်လာခဲ့သောကြောင့် ဘုရင်မင်းမြတ်ကပါ ပွဲတော်ကိုချီးမြှောက်ခဲ့သည်။ ရလဒ်အနေဖြင့် တော်ဝင်မျိုးနွယ်တစ်ဦးဦးက နှစ်စဉ်ကျင်းရှီချုကျွီးကစားပွဲသို့ မင်းကြီးအစားလာရောက်ဂုဏ်ပြုပေးရသည်။ ထိုအကြောင်းကြောင့်ပင် ဤကစားပွဲက အထက်တန်းလွှာမိသားစုများအတွက် အရေးပါသောပွဲတစ်ပွဲဖြစ်လာခဲ့သည်။

ချုကျွီးကစားပွဲက ရိုးရှင်းပါသည်။ အဖွဲ့နှစ်ဖွဲ့ရှိမည်ဖြစ်ပြီး တစ်ဖွဲ့တွင် ကစားသမားခြောက်ယောက်ပါရှိသည်။ ကစားသမားများက သားရေဖြင့်ပြုလုပ်ထားသည့်ဘောလုံးကို ကွင်းအလယ်ရှိ စက်ဝိုင်းသဏ္ဍာန်ဖောက်လုပ်ထားသော လူအရပ်အမြင့်ထက်ကျော်သည့်သစ်သားဘုတ်ပြားထဲဝင်အောင် ကန်ရမည်ဖြစ်ပြီး ကစားနေချိန်အတောအတွင်းတွင် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဘောလုံးကိုမြေပြင်နှင့်မထိစေရပါပေ။ ကွင်း၏တစ်ဖက်ဘေးတွင်တော့ ပွဲကြည့်စင်ရှိနေပြီး ကောင်းမွန်စွာဝတ်စားဆင်ယင်ထားကြသောအမျိုးသားနှင့်ကောများက အိန္ဒြေရှိစွာထိုင်လျက်ပွဲကြည့်ကြလေ့ရှိသည်။

" သူကဘယ်သူလဲ "

" တော်တော်လှတာပဲ "

" နှမျောစရာပဲ။ မျိုးဆက်မပွားနိုင်မယ့်ကောပဲ "

" ကျင်းရှီတပ်မှူးနဲ့အတူလာတာဆိုတော့ ဖြစ်နိုင်တာ... "

ပွဲကြည့်စင်ပေါ်သို့ ရှောင်းကျန့်တက်လာလိုက်သည်နှင့် များစွာသောလူတို့၏အကြည့်တို့က သူ့ဆီသို့ကျရောက်လာသည်ကိုခံစားလိုက်ရသည်။ တီးတိုးပြောသံများနှင့်ပြည့်နှက်သွားသည့်လေထုကို တိုးဝှေ့ဖြတ်ကျော်ပြီးနောက် ရှေ့ဆုံးတန်းရှိ အသေအချာခင်းကျင်းထားသောစားပွဲများဆီသို့ရောက်ရှိလာသည်။ ဘေးရှိမြို့စားဝမ်၏ခြေလှမ်းများရပ်တန့်သွားသည်နှင့် သူပါလိုက်ရပ်သည်။ ဖုကျွင်းက သူ့လက်မောင်းကို ခပ်ဖွဖွညှစ်ပြီးနူးညံ့သည့်အကြည့်များနှင့်ငုံ့မိုးကြည့်လာပြီးနောက် ထိုင်ရန်အမူအရာပြသည်။

A Thorny FlowerWhere stories live. Discover now