Chapter - 10

101 19 18
                                    

Unicode

အပိုင်း ၁၀။ ဖူးရန် သူ့ကိုခွင့်လွှတ်လား

" သူ့အမေက ကိုယ်လုပ်တော်မလို့ သူလည်းနိမ့်ကျတယ်လို့ဆိုလိုတာလား။ ဒါဆို အိမ်ရှေ့စံကရော။ မင်းမျက်လုံးထဲမှာ အိမ်ရှေ့စံကလည်း နိမ့်ကျတဲ့လူတစ်ယောက်ပဲပေါ့? "

ပွဲကြည့်စင်၏ထိပ်ဆုံးတန်းမှ အလယ်တည့်တည့်တွင်ထိုင်နေသူက ဘာမဆိုင်၊ ညာမဆိုင် စကားဝိုင်းထဲဆွဲသွင်းသည့်သူ့သူငယ်ချင်းဖြစ်သူကို မျက်ခုံးပင့်၍တစ်ချက်ကြည့်လိုက်သည်။ အမှန်ကိုပင် သူ၏မွေးမိခင်က ကိုယ်လုပ်တော်တစ်ယောက်ပင်။ သို့သော် သူ့ကိုမွေးပြီးမကြာခင်မှာပင် ကာလာကြာရှည်နေမကောင်းဖြစ်မှုကြောင့် ဆုံးပါးသွားခဲ့ပြီး သူက မျိုးဆက်မပွားနိုင်သည့်မိဖုရားခေါင်ကြီး၏သားတော်တစ်ပါးဖြစ်လာခဲ့တော့သည်။ သူ၏ဘဝဇာတ်ကြောင်းအတွေးများကိုရပ်တန့်လိုက်ပြီးနောက် ပွဲကြည့်ရန်သာစဉ်းစားခဲ့သည့်သူက ရွေးချယ်စရာမရှိဘဲ ထလာလိုက်ရသည့်အခါ ​​တုန်ယင်နေသည့်ကောလေးက ချက်ချင်းပင် ဒူးထောက်၍တောင်းပန်တော့သည်။

" အိမ်ရှေ့စံ "

သူ့ကိုဂါရဝပြုလာသည့်လူများကိုထိုင်ရန်အချက်ပြပြီးနောက် သူ့နားထဲသို့ ထိုကော၏စူးရှသောတောင်းပန်တိုးလျှိုးသံတို့ဝင်ရောက်လာတော့သည်။

" အိမ်ရှေ့စံကိုတောင်းပန်ပါတယ်။ ကျွန်တော်က အဲ့လိုပြောချင်ခဲ့တာမဟုတ်ပါဘူး "

အိမ်ရှေ့စံက သူ့ကိုပြဿနာထဲဆွဲသွင်းခဲ့သည့်သူငယ်ချင်းဖြစ်သူကိုကြည့်လိုက်သည့်အခါ သူ့ကိုလေးစားချင်ယောင်ဆောင်နေသည့်အပြုအမူများကြောင့် နှာမှုတ်လိုက်သည်။ တော်ရုံနှင့်အာဏာမပြတတ်သည့်သူ့သူငယ်ချင်းကို ဤကဲ့သို့အခြေအနေသို့ရောက်အောင်ဆွဲဆောင်နိုင်ခဲ့သည့်ကောကို သူသိချင်လွန်း၍ စောင်းငဲ့ကြည့်လိုက်ပါသော်လည်း တွန့်တိုလွန်းသူကြီးက သူ့မြင်ကွင်းကိုပိတ်ကာလိုက်သည်မို့ စက္ကန့်အနည်းငယ်ပဲ​မြင်လိုက်ရလေသည်။

အိမ်ရှေ့စံက စိတ်ကုန်စွာနှင့်အကြည့်လွှဲလိုက်ပြီးနောက် သူ့ရှေ့တွင်ဝတ်တွားနေသည့်ကောကို ငုံ့ကြည့်လိုက်သည်။

A Thorny FlowerWhere stories live. Discover now