Chapter - 16

82 21 17
                                    

Unicode

အပိုင်း ၁၆။ နီရဲရဲကျူးရှားကျစ်

အိမ်တော်အတွင်းရှိသစ်ပင်များမှ ရွှေဝါရောင်သစ်ရွက်များက နေရောင်အောက်တွင်တောက်ပလျက်ရှိသည်။ လေတိုက်ချိန်တိုင်း ယိမ်းယိုင်သွားသည့် သစ်ကိုင်းများက သူတို့ထံတွင်တွဲခိုလျက်ရှိသောသစ်ရွက်အချို့ကို မြေပြင်ပေါ်သို့သက်ဆင်းစေသည်။

ရှောင်းကျန့်က အအေးဒဏ်ကိုသိပ်မကြောက်ပါသော်ငြား စိုးရိမ်လွန်သည့်မြို့စားဝမ်က သူ့ကိုအနွေးဝတ်ထူထူဝတ်စေသည်။ အချိန်များက လျင်မြန်စွာကုန်ဆုံးလာသည်မှာ သူနှင့်မြို့စားဝမ်အတူရှိသည့်အချိန်က တစ်လစွန်းစွန်းပင်ကျော်ချေပြီ။ သူနဲ့မြို့စားဝမ်တို့ဆက်ဆံရေးကလည်းပိုတိုးတက်လာသည်ဟုပြောလို့ရပါသည်။ မြို့စားဝမ်က သူ့ကိုတစ်ခါတရံ အပြင်သို့ခေါ်သွားကာအတူလျှောက်လည်၍ အချိန်ကုန်ဆုံးတတ်ပြီး၊ မြို့စားဝမ်အလုပ်များနေသည့်အခါ ရှောင်းကျန့်က မြို့စားဝမ်အတွက် ပေါ့ပါးသည့်အစားအသောက်များပြင်ဆင်ပေးပြီး မြို့စားဝမ်ကိုအဖော်ပြုပေးတတ်သည်။

" ကိုကို ကိုကို! "

ဆောင်းတွင်းသို့လုံးလုံးလျားလျားရောက်နေပြီမို့ ဒုက္ခသည်စခန်း၏အခြအနေတည်ငြိမ်မှုကိုစစ်ဆေးရန်အတွက် ထွက်သွားသည့်မြို့စားဝမ်ကြောင့် ခြံဝန်းထဲတွင်လေညှင်းခံနေသည့် ရှောင်းကျန့်က ရှောင်ကျင်း၏အသံကြားလိုက်သည့်အခါ သတိပြန်ကပ်လာသည်။

" ရှောင်ကျင်း? "

" ကိုကို ရှောင်ကျင်းကိုလွမ်းနေလားဟင် "

ရှောင်ကျင်းက သူ့အပေါ်ခုန်တက်လာသောကြောင့် သူ့မှာအင့်ခနဲ။ အသက်ငါးနှစ်အရွယ်သာရှိသေးသည့်ရှောင်ကျင်းက အစားအသောက်ကိုခုံမင်လှပြီး သူ၏ပေါက်စီလုံးကဲ့သို့ခန္ဓာကိုယ်လေးက အလေးချိန်မနည်းပါချေ။

" လွမ်းတာပေါ့။ ရှောင်ကျင်းရော ကိုကို့ကိုလွမ်းနေလား "

" မနေ့ကလည်းကိုကို့ဆီလာလည်ခဲ့ပေမယ့် ဒီနေ့ရောက်တော့လည်း ရှောင်ကျင်း ကိုကို့ကိုအများကြီးလွမ်း​နေတာ။ ကိုကိုနဲ့မုန့်အတူစားရတာပျော်စရာကြီး "

A Thorny FlowerWhere stories live. Discover now