Chapter - 15

87 18 12
                                    

Unicode

အပိုင်း ၁၅။ အိပ်မက်ဆိုး

ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်လူထုက ခြေဦးတည့်ရာပြေးလွှားနေကြသည်။ ပတ်ပတ်လည်ရှိနေထိုင်ရာအိမ်တို့ကမီးတောက်တို့ဝါးမျိုခံနေရလျက်။ တလူလူလွင့်နေသည့်မီးခိုးများက ညကောင်းကင်ယံပေါ်သို့ဆန်တက်နေလေသည်။ အေးစက်သည့်ဆောင်းရာသီဖြစ်သည့်တိုင် တိုက်ခတ်လာသည့်လေတို့ကခြောက်သွေ့လျက်ရှိပြီး မီးတောက်များကိုဖြတ်ကျော်၍တိုက်လာသည်မို့ အပူငွေ့များကိုသာသယ်ဆောင်လာ၏။ အသက်ရှူလိုက်တိုင်း လတ်ဆတ်သည့်လေအစားမီးခိုးလုံးများကသာ အလုအယက်ဝင်ရောက်လာသည်။ အထုပ်ကိုယ်စီဆွဲ၍ပြေးနေကြသည့်ပြည်သူများ၏မျက်နှာတွင်စိုးရိမ်ကြောင့်ကြမှုတို့ကအထင်းသားပေါ်လွင်နေသည်။ ပြာအဖြစ်ပြောင်းလဲနေသည့်နေအိမ်များကြားမှ မြင်းကိုယ်စီနှင့်စစ်သည်တို့က မြင်မြင်ရာသတ်နေကြသည်မို့ သူတို့အတွက်တော့အိပ်မက်ဆိုးတစ်ခုသဖွယ်။ ရွာပြင်သို့ပြေးထွက်လာသော်ငြား ထိုစစ်သည်တို့ကနောက်မှဆက်လိုက်နေဆဲပင်။ စစ်သည်များအတွက် သူတို့က သတ်ဖြတ်ရလွယ်သည့်ပုရွက်ဆိတ်လေးများအလား။

" ရိပေါ်၊ သားလေး၊ ဒီမှာပဲနေခဲ့နော်။ ဘာအသံကြားကြားထွက်မလာနဲ့။ မနက်မိုးလင်းလို့ဘယ်သူမှမရှိတော့ဘူးဆိုမှ အားမူတို့ရွာရဲ့တောင်ဘက်ကိုပြေး။ အားမူပြောတာမှတ်မိလား "

ဝမ်ရိပေါ်က သူ့အားမူချီထားသည့်ကြားမှခေါင်းလေးညိတ်ပြသည်။ ဘာဖြစ်နေမှန်းနားမလည်သော်ငြား တစ်ခုခုဆိုးရွားသည့်အရာမှန်းတော့သိသည့်အတွက် မျက်ရည်များဝိုင်းနေသည်။ သူ့အားမူက သူ့ကိုတောကောင်များဖမ်းရန်အတွက်ဆင်ထားသည့်ထောင်ချောက်မှကြိုးများကို ဓားနှင့်ဖြတ်ပေးပြီးသည့်နောက် သူ့ကိုကျင်းငယ်လေးထဲထည့်ပေးလာသည်။ အပေါ်မှထပ်၍ နွယ်အချို့နှင့်ဖုံးပေးပြီးသည့်နောက် သူ့အားမူက သူနှင့်ဆန့်ကျင်ဘက်အရပ်သို့ပြေးသွားခဲ့သည်။ အဖေဖြစ်သူနှင့်လည်း အထုပ်ဆွဲ၍ထွက်ပြေးကတည်းကလူကွဲသွားခဲ့ခြင်းဖြစ်သည်။ သူ့အားမူကတော့ ထိုအချိန်ကတည်းကငိုနေခဲ့ပြီး အခုထိလည်းအငိုမရပ်သေးပေ။

A Thorny FlowerWhere stories live. Discover now