Chapter - 7

112 20 18
                                    

Unicode

အပိုင်း ၇။ စိတ်အားငယ်နေသောကြောင်ပေါက်လေး

" အဲ့​ဒါကတော်တော်ကြာနေပြီဆိုတော့ ကျွန်တော်လည်း သူ့မျက်နှာကိုတော့သေချာမမှတ်မိတော့ဘူး။ အဲ့တုန်းက ကျွန်တော်ကြားသိခဲ့ရသလောက်တော့ သခင်မကိုယ်ဝန်ကိုစမ်းသပ်ပေးခဲ့တဲ့သမားတော်က နန်းတွင်းသမားတော်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတဲ့။ တိုက်တိုက်ဆိုင်ဆိုင် သူရာထူးကအနားယူပြီး ဒီမြို့မှာလာအနားယူခဲ့လို့ သခင်မကြီးကတကူးတကသွားပင့်နိုင်ခဲ့တာလို့ပြောတယ် "

" နန်းတွင်းသမားတော်? "

ရှောင်းကျန့်၏မျက်နှာကလေးနက်သွားပြီးနောက် တစ်ခဏခန့်အတွေးနယ်ထဲရောက်ရှိသွားလေသည်။ ကွေ့လျန်ကိစ္စက ရည်ရွယ်ချက်ရှိရှိကြံစည်မှုဆိုသည်မှာ သံသယဝင်စရာပင်မလိုတော့အောင် သိသာနေလေပြီ။

" တခြားရော "

" ကျွန်တော် သူ့မျိုးရိုးကဖန်ဆိုတာနဲ့ သူကလည်း ကောတစ်ယောက်ဆိုတာကိုပဲ သိခဲ့ရပါတယ် "

ကုတင်စွန်းတွင်အိန္ဒြေရှိစွာထိုင်နေသည့်သခင်လေးက မျက်လွှာချထားသောကြောင့် မတ်တပ်ရပ်နေသည့်ဟွမ်ကောကတော့ သခင်လေးရှောင်း၏မျက်နှာအမူအရာကိုမြင်တွေ့နိုင်မည်မဟုတ်ချေ။ သို့သော် တင်းတင်းဆုပ်သွားသည့်လက်သီးဆုပ်လေးများကတော့ အကာအကွယ်မဲ့လျက်။

" သခင်လေး အဆင်ပြေရဲ့လား "

သူကိုယ်တိုင်လည်း သခင်လေးရှောင်းက ဘာကြောင့်ဤအကြောင်းကိုစိတ်ဝင်စားလာလေသလဲတပ်အပ်မပြောနိုင်ပါသော်ငြား မနက်ကတွေ့ခဲ့သည့်ဆေးမြစ်ခြောက်များနှင့်သက်ဆိုင်နေမည်ကတော့မလွဲမသွေပင်။ ရှောင်းအိမ်တော်ကပြန်ရောက်လာကတည်းက သခင်လေးက သူ့ကိုအခန်းထဲသို့တိတ်တဆိတ်ခေါ်ဆောင်လာခဲ့ပြီး သမားတော်အကြောင်းမေးမြန်းခြင်းကိုစတင်ခဲ့ခြင်းဖြစ်သည်။ ယခုလည်းငြိမ်ကျသွားသည့်သခင်လေးကြောင့် စိတ်အ​ခြေအနေမကောင်းတော့ကြောင်းကို ချက်ချင်းသဘောပေါက်လိုက်နိုင်သည်။

" ကျွန်တော်တစ်ယောက်တည်းနေချင်တယ် ဟွမ်ကော "

" ဒါပေမယ့်... "

A Thorny FlowerDonde viven las historias. Descúbrelo ahora