Chapter - 3

175 29 8
                                    

Unicode

အပိုင်း ၃။ လက်ဆက်မင်္ဂလာ

မင်္ဂလာဝေါယာဉ်ပေါ်ရှိ သတို့သားကော၏လှပလှသောမျက်နှာက အပြင်အဆင်များနှင့်မလိုက်ဖက်စွာပင် အသက်မဲ့နေလေ၏။ မျက်ခုံးများကို စုကြုတ်ထားသည့်သူက မကောင်းမွန်နေသည့်သူ့စိတ်အခြေအနေကိုအတိအလင်းဖော်ပြနေပါသော်ငြား ခေါင်းထက်ရှိအနီရောင်ပုဝါက သူ့အမူအရာတို့ကိုဖုံးကွယ်ပေးနေလေ၏။

မနက်ခင်းပိုင်းမို့ မြူအနည်းငယ်ဆိုင်းနေပါသော်လည်း ကောင်းကင်ရှိနေမင်းကြီးကတော့ သူ့တာဝန်သူကျေပွန်စွာထမ်းဆောင်နေလေ၏။ ကျင်းရှီမြို့လမ်းမထက်တွင် ရှည်လျားသောလူတန်းကြီးရှိနေပြီး ထိုသူတို့အလယ်၌ မင်္ဂလာအဆောင်အယောင်တို့ချိတ်ဆွဲတပ်ဆင်ထားသည့်ဝေါယာဉ်တစ်ခုနှင့်အတူ လူအချို့လည်းလိုက်ပါလာကြသည်။ အားကျနေသည့်လူတို့ကလည်း အဖွဲ့လိုက်ကိုယ်စီနှင့် မင်္ဂလာပွဲအကြောင်းတီးတိုးပြောဆိုနေကြလေသည်။

" ငါတို့မြို့ကကောတွေ တမ်းတမ်းစွဲဖြစ်နေတဲ့ ကျင်းရှီတပ်မှူးတို့ တရားဝင်ဇနီးယူသွားပြီဆိုတော့ ငါတို့အတွက် အခွင့်အရေးရှိလာပြီပဲ ဟားဟား "

" အပျော်မစောပါနဲ့ဦး။ ကျင်းရှီမြို့စားက တရားဝင်ဇနီးယူခဲ့ရင်တောင် ငါတို့မြို့ကကောတွေက သူ့အတွက်ဆို အငယ်အနှောင်းရာထူးတောင်အလွတ်မပေးမှာစိုးရိမ်မိတယ် "

" ဖီဖီဖီ...နဂိုကတည်းက ကောတွေနည်းနေရတဲ့ကြားထဲ မင်းပါးစပ်ပုပ်ကြီးနဲ့ ကံဆိုးမှုတွေမသယ်လာနဲ့ "

" ဒါနဲ့ ငါတို့ကျင်းရှီတပ်မှူးကို လက်ဆက်ခွင့်ရသွားတဲ့ကံထူးရှင်ကောက ဘယ်သူများလဲ "

" ဒီရ​က်တွေအတွင်း တော်တော်လေးနာမည်ကြီးနေခဲ့တဲ့သတင်းကို မင်းမကြားခဲ့ဘူးပေါ့? "

ထိုလူက စောနကထက်ပင် အသံကိုတိုးလိုက်ပြီးနောက်ဆက်ပြောသည်။

" အဲ့ကောက ရှောင်းအိမ်တော်ကဒုတိယဇနီးရဲ့သားလေ "

" မင်း...မင်းပြောတာ မွေးကတည်းက ကျူးရှားကျစ်က မမြင်ရလောက်အောင်မှိန်တယ်ဆိုတဲ့ ကောလား "

A Thorny FlowerWhere stories live. Discover now