Chapter 83

1.9K 130 1
                                    

Empress with no Virtue

Chapter 83

Translator – Utopia 

ဒီတစ်ခေါက် ယဲ့ကျန်းကျန်း ကျင်းစုကို ရောက်လာရတဲ့ရည်ရွယ်ချက်က မကောင်းဆိုးဝါးကို အမဲလိုက်ဖို့ပဲ ဖြစ်တယ်။ ချန်းယွီဆီက ရတဲ့ သတင်းအတိုင်း သူမ အကျင့်ပျက်ခြစားတဲ့အရာရှိတချို့ကို ဖမ်းဆီးနိုင်ခဲ့တယ်။ ရိုက်နှက်စစ်ဆေးပြီးနောက်မှာတော့ သူတို့အားလုံး အပြစ်တွေကို ဝန်ခံသွားကြတယ်။

အမတ်တွေအကုန်လုံးက သူတို့အသက်ကိုတော့ တန်ဖိုးအထားကြဆုံးပဲ ဖြစ်တယ်။ သေရမှာ မကြောက်ပါဘူး ပြောပေမဲ့ တကယ်တမ်းကျ နည်းနည်းခြောက်ရုံနဲ့တင် ကြောက်လန့်ကုန်ကြတာဖြစ်တယ်။

ယဲ့ကျန်းကျန်းက ဧကရီမိဖုရားခေါင်ဆိုတာနဲ့အညီ မိစ္ဆာနတ်ဆိုးအရှင်မလို အရှိန်အဝါတွေထုတ်လွှတ်နေတယ်။ သူမက စကားများများစားစား မပြောဘဲ ကျာပွတ်က ကျောကို အရင် ရောက်နှင့်နေပြီဖြစ်တယ်။ သူတို့တွေ သူမကို ဧကရီမိဖုရားခေါင်မှန်း ယုံနေကြသ၍ သူတို့ ရိုက်ခံရရင်း သေသွားရင်တောင် ဘာမှပြဿနာဖြစ်မှာမဟုတ်မှန်း သိကြတယ်။ ဧကရီမိဖုရားခေါင်က သိပ်ပါးနပ်တယ်၊ အထဲမှာ ဘာတွေဖြစ်နေမှန်း အပြင်လောကကလူတွေ သိမှာတောင် မဟုတ်ဘူး။ နောက်ပြီး သူတို့သေသွားရင်တောင်မှ အပိုင်းပိုင်းခုတ်ပြီး မြစ်ထဲ ငါးစာကျွေးပစ်ကာ လက်စဖျောက်လိုက်လို့ ရတယ်လို့ ပြောတယ်။ အဲ့အခါကျ ဘာသက်သေမှလည်း မရှိတော့တာမို့ လွှတ်တော်အတွက်ကတော့ အလုပ်လုပ်မယ့်သူတစ်ယောက်လျှော့သွားရုံပဲ ရှိမှာ၊ သူတို့ကတော့ ပြန်ဝင်စားခွင့်တောင် ရှိတော့မှာ မဟုတ်ဘူး။

အခုလို မှန်းဆရခက်ပြီး အထိန်းအကွပ်မရှိတဲ့ ဧကရီမိဖုရားခေါင်ရဲ့စိတ်သဘောထားက သူတို့ကို ကြောက်လန့်စိုးရိမ်စေတယ်။

ဒီအရာရှိတွေရဲ့ ဖြောင့်ချက်တွေကို ကျီဝူကျိုး အသေးစိတ် ဖတ်ကြည့်တဲ့အခါ သူတို့အားလုံးမှာ တူညီနေတဲ့အချက်ကို တွေ့လိုက်ရတယ်၊ ပြစ်မှုတွေအားလုံးက အကျင့်ပျက်ခြစားတာတွေဖြစ်ပြီး ပြည်သူတွေကို ဆင်းရဲဒုက္ခရောက်စေခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကျ ပိုက်ဆံတွေအကုန်လုံးက ကျင်းစုက ပုကျန်းဇီဆီ ရောက်သွားတာပဲ။

ရွှေနန်းထက်က ဧကရီ (Complete ✅)Where stories live. Discover now