Chapter 41

3.1K 287 4
                                    

Empress with No Virtue
Chapter 41
Translator – Utopia

ယဲ့ကျန်းကျန်းကို အဲ့ဒီလိုစကားတွေ ပြောမိလိုက်တဲ့အတွက် ကျီဝူကျိုး နောင်တရနေမိတယ်။ သူမက သူ့ကို ဟိုးအစကတည်းက သံသယဝင်နေခဲ့တာ၊ အခု သူ့ပါးစပ်ကနေ ဒီလိုစကားတွေ ပြောလိုက်မိတယ်ဆိုတော့ သူမ ပိုပြီးတော့ သူ့အပေါ် သံသယဝင်လာမှာစိုးတယ်။

ပြောရကြေးဆို ဒါတွေအားလုံးကလည်း သူမ သူ့ကို အစကတည်းက မယုံကြည်ခဲ့လို့ ဖြစ်လာရတာတွေပဲလေ။ သူမ နန်းတော်ထဲ စဝင်ကတည်းက သူ့ကို သတိထားနေခဲ့တာ။ သူမကို ထိခိုက်အောင် လုပ်မှာ ဒါမှမဟုတ် သူမမိသားစုကို ထိခိုက်အောင်လုပ်မှာကို စိုးရိမ်နေခဲ့တာ။ ဒီတစ်ခေါက် သူမ အရမ်းအတွေးလွန်ကုန်မှာကိုပဲ ကျီဝူကျိုး ကြောက်‌မိတယ်။

ကျီဝူကျိုး သတိမမူခဲ့မိတာ။ သူ တစ်ခါမှ ယဲ့မိသားစုကို ဆွဲချဖို့ မတွေးခဲ့ဖူးဘူး။ တကယ်လို့ လုပ်ဖြစ်ခဲ့ရင်တောင် ဒီလိုနည်းလမ်းမျိုးနဲ့တော့ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ယဲ့ရှိုးမင်က တစ်ချိန်က သူ့ဆရာ ဖြစ်ခဲ့ဖူးတာပဲလေ။ ကိုယ့်ဆရာကို ပုန်ကန်သူလို့ နာမည်တပ်ရလောက်တဲ့အထိတော့ သူ နှလုံးသားမမဲ့ပေးဘူး။

ဒါကြောင့်မို့ပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယဲ့ကျန်းကျန်းနဲ့ သူ သေချာ ဆွေးနွေးတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။

ဒီရည်ရွယ်ချက်နဲ့ ကျီဝူကျိုး ခွန်းနင်နန်းဆောင်ကို ရောက်လာတယ်။

ဖယောင်းတိုင်မီးကို မျက်နှာမူရင်း ယဲ့ကျန်းကျန်း မေးထောက်ကာ ငေးမှိုင်နေတယ်။ သူမမျက်လုံးတွေက တောက်ပနေပေမဲ့လည်း မျက်နှာကတော့ စိုးရိမ်မှုအပြည့်နဲ့ ဖြစ်နေတယ်။

ကျီဝူကျိုး သူရောက်လာကြောင်း ဘယ်သူ့ကိုမှ မကြော်ငြာခိုင်းဘူး။ ယဲ့ကျန်းကျန်းကို ဒီလိုမြင်ရတော့ သူ့စိတ်ထဲ နူးညံ့သွားတယ်။ သူမဆီ လျှောက်လာရင်း ပုခုံးတွေကို ဖြေလျှော့ပေးရင်း ပြောလာတယ်။

“ကျန်းကျန်း ကိုယ်တို့ ရန်မဖြစ်ကြရအောင်လားကွာ”

ယဲ့ကျန်းကျန်း အေးစက်စက် သူ့ကို မော့ကြည့်လာတယ်။

“အရှင်မင်းကြီးက သိပ်ဉာဏ်နီဉာဏ်နက် များတာပဲ”

ဘာကြောင့်လဲဆိုတာ သူ သေချာနားမလည်ဘူး။ သူမရှေ့ထိုင်လိုက်ပြီး မေးလိုက်တယ်။

“ဧကရီ ကိုယ့်ကို ရှင်းပြပေးမလား”

“စုကျဲယွီကို အရှင်မင်းကြီး သတ်သေခိုင်းခဲ့တာမလား”

“သူမဖာသာ ရွေးချယ်သွားတာ။ ဒါကို မင်းကော ကိုယ်ကော ကောင်းကောင်း နားလည်ပါတယ်။ သူမသာ မသတ်သေဘူးဆို စုမိသားစုတစ်ခုလုံး ပါသွားလိမ့်မယ်”

“ဆိုတော့ သဘောက သူမပြစ်မှုအတွက် သတ်သေသွားခဲ့တယ်ပေါ့လား။ သဘောက ဒီအမှုက မကြာခင် ပိတ်တော့မယ်ဆိုတဲ့သဘောပေါ့။ ဘယ်တော့ ကန်းချန်းလုကို အမိန့်ချမှာလဲ”

ယဲ့ကျန်းကျန်း တအားသိချင်နေတဲ့ပုံနဲ့ မေးလိုက်တယ်။

ကျီဝူကျိုး ခဏ မျက်လွှာချလိုက်ပြီးမှ ပြောလာတယ်။

“အခုအချိန် အမှန်တရားကို ပေးသိလို့ မဖြစ်သေးဘူး။ ကန်းချန်လုလည်း သေလို့ မရသေးဘူး”

“ဒါပေါ့ သူ့ကို အသုံးချရမယ့်အချိန် မရောက်သေးဘူးလေ”

ယဲ့ကျန်းကျန်းက သရော်လိုက်တယ်။

ကျီဝူကျိုး အသက်ပြင်းပြင်း ရှူလိုက်ရင်း စိတ်အေးအေးထားဖို့ သူ့ကိုယ်သူ ပြောလိုက်တယ်။

“မင်း အတွေးလွန်နေပြီ။ ကိုယ် ကန်းချန်လုကို အသုံးချဖို့ ဘာအစီအစဉ်မှ မရှိဘူး။ ဒီကိစ္စက ရှုပ်ထွေးနေတယ်။ စုကျဲယွီကလည်း သူများ အသုံးချခံခဲ့ရတာပဲ။ လုပ်ကြံတဲ့သူရဲ့ဓားမှာ အဆိပ် ရှိနေတယ်။ သူ တကယ် ကိုယ့်ကို သတ်ချင်ခဲ့တာ”

စကားကို ဒီနေရာမှာ ရပ်လိုက်ပြီး ယဲ့ကျန်းကျန်းကို လှမ်းကြည့်လိုက်တယ်။ သူမမျက်နှာက တစက်မှ မယုံတဲ့ပုံပေါ်တာကို တွေ့ရတဲ့အခါ သူ့ရင်ထဲ ဒေါသက ထိန်းချုပ်နိုင်စွမ်းကို ကျော်လွန်လာနေတယ်။

ယဲ့ကျန်းကျန်းက ဟွန့်ကနဲ လုပ်လိုက်ရင်း

“ဒါဆိုလည်း မင်းမိန့်နဲ့ အကျဉ်းထောင်ထဲဝင်၊ ကန်းချန်လုကို ချမ်းသာပေးမယ် ပြောပြီး အပြန်အလှန်အနေနဲ့ လုနဲ့ ယဲ့မိသားစုကို ချောက်ချခိုင်းတာ ... ဒီကိစ္စကိုကော ဘယ်လိုမြင်လဲ အရှင်မင်းကြီး”

ကျီဝူကျိုး ဒေါသတွေက ပေါက်ကွဲထွက်တော့မတတ်ဖြစ်နေတယ်။ လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး အားအရမ်းပါသွားတာကြောင့် လက်သီးက တုန်ယင်နေတယ်။ ကျီဝူကျိုး အံကြိတ်ရင်း

“မင်းကို တစ်ခုပဲ မေးမယ်။ ကိုယ် လုပ်ကြံခံရပြီး သေတော့မလို ဖြစ်သွားတာတောင်မှ မင်း ကိုယ့်ကို တစက်ကလေးမှ စိတ်မပူဘူးလား”


“ကျွန်တော်မျိုးမ ဒီတစ်ခုပဲ မေးမယ်။ ဒီတစ်ခါ လုမိသားစုနဲ့ယဲ့မိသားစုကို ထိခိုက်အောင် မလုပ်ဖို့ အရှင်မင်းကြီး ဘယ်ကို လိုချင်လဲ”

ကျီဝူကျိုး ရုတ်တရက် ရယ်ပစ်လိုက်တယ်။ သူ့ရယ်သံက တိုးတိတ်သွားပြီး မျက်နှာက လှောင်ပြောင်နေသလို တဖြေးဖြေး အေးစက်ခါးသက်လာတယ်။ သူ မတ်တပ်ရပ်လိုက်ပြီး သူမဆီ လျှောက်လာတယ်။ သူမကို ပြုံးပြနေပေမဲ့ သူ့မျက်လုံးတွေထဲ ပြုံးယောင်တောင် မရှိဘဲ ဒေါသနဲ့ အကြင်နာမဲ့ခြင်းတွေပဲ ရှိနေတယ်။

“မင်း ကိုယ့်ကို ကျေနပ်အောင် ခစားမယ်ဆိုရင် မင်း ဘယ်သူ့ကို လွှတ်ခိုင်းခိုင်း ကိုယ် လွှတ်ပေးမယ် ဘယ်လိုလဲ”
ယဲ့ကျန်းကျန်း သူ့ကို မျက်လုံးအပြူးသားနဲ့ ကြည့်နေတယ်။ သူမ ပထမဆုံးတုန့်ပြန်လိုက်ပုံက မသေချာမရေရာဘူး နောက် ဘာကို ပြောချင်တာမှန်း နားလည်သွားတဲ့အခါ သူမ နည်းနည်း ဒေါသထွက်သွားတယ်။

ကျီဝူကျိုး ပြောပြီးတာနဲ့ ချက်ချင်း နောင်တရသွားတယ်။ သူ့ကျန်နေသေးတဲ့ အသိစိတ်က ဒီစကားကို မပြောလိုက်သင့်ဘူး၊ သူမဘက်က အဖြေကိုလည်း မျှော်လင့်မနေသင့်ဘူးလို့ ပြောနေတယ်။

သူမနဲ့သူ့ကြားမှာ အဲ့ဒါက ဒီလိုနည်းမျိုးနဲ့ မဖြစ်သင့်ဘူး။

ဒါပေမဲ့ သူ့အသိစိတ်က အကြာကြီး မရှိလိုက်နိုင်ဘူး။ ယဲ့ကျန်းကျန်းက ထလာပြီး သူ့ပုခုံးကို ဖက်ကာ ရွှတ်ကနဲ နမ်းလိုက်တယ်။

ကျီဝူကျိုး ပြိုလဲမသွားအောင် သူ့ကိုယ်သူ ထိန်းလိုက်ရတယ်။ သူ့ခေါင်းထဲ လေပြင်းပြင်းက တိုက်ချသွားသလိုမျိုး အသိစိတ်တွေအကုန် လွင့်စင်သွားပြီး ယောကျာ်းတစ်ယောက်ရဲ့ သဘာဝစိတ်သာ ကျန်ခဲ့တော့တယ်။ သူ့လက်တစ်ဖက်နဲ့ သူမခေါင်းလေးကို ကိုင်လိုက်ပြီး လက်တစ်ဖက်က ခါးကို ထိန်းကာ သူမကို သူ့ဆီက ရုန်းမရအောင် လုပ်လိုက်တယ်။

ယဲ့ကျန်းကျန်း ဘယ်လိုနမ်းရမလဲ မသိဘူး။ ဒါ့ကြောင့်မို့ သူမနှုတ်ခမ်းကို သူ့နှုတ်ခမ်းနဲ့ ထိပဲထိထားတယ်။ သူမရဲ့ ကော့ညွတ်နေတဲ့ မျက်တောင်ရှည်တွေက တုန်ယင်နေတယ်။

ကျီဝူကျိုးရဲ့ နှုတ်ခမ်းတွေက သူမနှုတ်ခမ်းကို ဖြေးဖြေးချင်း ရယူရင်း မချင့်မရဲနဲ့ စမ်းသပ်နေတယ်။ သူ့လျှာက သူမထဲ ဝင်ဖို့ ကြိုးစားနေပေမဲ့ သူမက အံကြိတ်ထားတာကြောင့် အတားခံလိုက်ရတယ်။ အဲ့ဒါနဲ့ သူမမေးကို ဆွဲလိုက်ပြီး ပါးစပ်ဖွင့်လာအောင် ဖိအားပေးရုံကလွဲ မရှိခဲ့ဘူး။ သူ့အစီအစဉ်က အောင်မြင်သွားပြီး သူ့လျှာက သူမပါးစပ်ထဲ ရောက်ရှိသွားတယ်။

အရသာရှိတယ် ... သိပ်အရသာရှိတာပဲ။ သူ့စိတ်ကူးခဲ့ရတာထက်၊ အိပ်မက်မက်ခဲ့ရတာထက် အဆပေါင်း ရာထောင်မက ပိုတယ်။

သူ့ကိုယ်သူလည်း ဘာတွေဖြစ်နေမှန်း မသိတော့ဘူး။ ဒါပေမဲ့ သူ အားပါပါနဲ့ နမ်းရှိုက်နေမိတာကြောင့် ယဲ့ကျန်းကျန်း နာကျင်ပြီး နည်းနည်း ထုံလာတယ်။

သူမစိတ်ထဲ မနှစ်မြို့တဲ့ခံစားချက်က ပေါ်လာပြန်တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ စိတ်မပူမိဘူး။ သူမ ဒီနေ့ အများကြီး မစားထားတာမို့ အန်ထွက်ရင်တောင် အများကြီး ထွက်လာမှာ မဟုတ်ဘူး။

သူမ ပါးစပ်က ပိတ်ဆို့ခံထားရတာကြောင့် ယဲ့ကျန်းကျန်း မွန်းလာတယ်။ ကျီဝူကျိုးရဲ့ အသက်ရှုသံတွေက ပြင်းထန်နေပြီး တစ်ယောက်အသက်ရှုသံ တစ်ယောက်ကြားနေရတယ်။ သူတို့နှစ်ယောက် တွဲယှက်နေပြီး ခွဲပစ်ဖို့ရာ မစွမ်းသာနိုင်သလို ရှိတယ်။

ကျီဝူကျိုး ဒီလိုအနမ်းမျိုးနဲ့ မနမ်းခဲ့ဖူးဘူး။ တိုက်ပွဲတစ်ခုလိုပဲ တစ်ဖက်လူကို ရရှိဖို့၊ သူတို့ကို မြိုချပစ်လိုက်ချင်တဲ့ ခံစားချက်မျိုး။

အနမ်းတစ်ခုနဲ့တင် သူ့ညီလေးကို ကြီးထွားလာစေတယ်။ သူ့ရင်ဘက်ကို နူးညံ့တဲ့အရာနှစ်ခု ပွတ်တိုက်နေတာကို ခံစားရတယ်။ သူ ယဲ့ကျန်းကျန်းကို ပွေ့ချီလိုက်ပြီး အိပ်ရာဆီ ဦးတည်သွားတယ်။

ယဲ့ကျန်းကျန်း အိပ်ရာပေါ် လှဲနေတဲ့အချိန် သူမကိုယ်သူမ တရားချနေတယ်။ ဒါက လင်မယားတွေကြားမှာ ပုံမှန်ကိစ္စပဲ။ ဒီအတိုင်း ကျီဝူကျိုး သူမကို ဒီလိုလာလုပ်တိုင်း ယဲ့ကျန်းကျန်း အန်ချင်လာတာပဲ။ အဲ့ဒါကြောင့်မို့ မကြိုက်တာ။ အခုကျ ဘယ်လိုမှ ရှောင်လို့ မရတော့ဘူးဆိုတော့လည်း သူမအနေနဲ့ လက်ခံရုံပဲပေါ့။ သူမဗိုက်ထဲ အတော် နေရမကောင်း ဖြစ်နေပေမဲ့လည်း အနှိပ်စက်ခံရတာထက်တော့ ကောင်းပါသေးတယ်။

ကျီဝူကျိုး ယဲ့ကျန်းကျန်းကို အဝတ်အစားတွေ ချွတ်နေတဲ့အချိန် သူ့လက်ချောင်းတွေက တုန်ယင်နေပြီး နှလုံးခုန်သံတွေတောင် မြန်နေတယ်။ သူ့ထွက်သက်က လေးလံပြင်းရှလာတယ်။

ဒီလိုအချိန်ကို သူ အကြာကြီး စောင့်စားနေခဲ့ရတာ။ ဒါ တကယ်မှ ဟုတ်ရဲ့လားတောင် ထင်မိတယ်။

သူမက ငါ့အပိုင်ပဲ။ အခု သူမက တကယ် ငါ့အပိုင် ဖြစ်သွားပြီ။

ဒါပေမဲ့လည်း တစ်ချိန်တည်းမှာပဲ နောက်ထပ် အသံတစ်ခုက သူ့ခေါင်းထဲ ပေါ်လာတယ်။

ရပ်လိုက် အခု၊ ရပ်လိုက်။ အခု မရပ်ရင် မင်း နောင်တရ ရလိမ့်မယ်။

--- ဘယ်လိုလုပ်ပြီး အခုအချိန်မှ ရပ်လိုက်ရမှာလဲ!

ကျီဝူကျိုး ယဲ့ကျန်းကျန်းကိုယ်ပေါ် မှီချရင်း သူမရဲ့ပါးနှစ်ဖက်နဲ့ မျက်ခုံး၊ မျက်ဝန်းကို နမ်းရှိုက်လိုက်တယ်။ နောက်ဆုံး သူမ နားမှာ ရပ်သွားပြီး နားသံသီးလေးကို ဖွဖွလေး ကိုက်လိုက်တယ်။

သူ့ဖာသာသူ တွေးနေမိတယ်: သူ ညင်ညင်သာသာ လုပ်ဖို့ လိုတယ်။ ယဲ့ကျန်းကျန်းကို ပိုပြီး ညင်ညင်သာသာ ဆက်ဆံရမယ်။

ဒါပေမဲ့လည်း ယဲ့ကျန်းကျန်းကိုယ်ကတော့ တောင့်တင်းနေပြီး ဘာတုန့်ပြန်မှုမှ မရှိဘူး။

သူ မော့ကြည့်လိုက်တော့ သူမ မျက်နှာက မနှစ်မြို့တာကို တွေ့လိုက်ရတယ်။ သူမ မျက်နှာလေးက သိပ်ကို နာကျင်နေပုံပေါ်ပြီး သူ့နှလုံးသားလည်း နာကျင်လာတယ်။

ကျီဝူကျိုး သူမကို ဘေးစောင်းလိုက်ပြီး နောက်မှာ လှဲလိုက်တယ်။ သူမကိုယ်ထဲ ဝင်ရောက်တဲ့အချိန် စိတ်ကျေနပ်တဲ့အသံ ပြုလိုက်မိပေမဲ့ သူ့ရင်ထဲတော့ ဝမ်းနည်းမှုက ကြီးစိုးလာနေတယ်။

ယဲ့ကျန်းကျန်းကတော့ မလှုပ်မယှက်နဲ့ ခေါင်းကို ငုံ့ထားတယ်။

ဒီအချစ်ပွဲဟာ တစ်ဘီးလှိမ့်အချစ်သာ ဖြစ်တယ်။

ဒီအတွေးက ကျီဝူကျိုးကို ရူးမတတ်ဖြစ်အောင် လုပ်နေတယ်။ သူ့နှလုံးသားထဲ ဒီအခြေအနေကို သိပ်မုန်းတယ်။ အနှိပ်စက်ခံနေရသလိုပဲ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ မက်မောတောင့်တနေမိတယ်။ မရေတွက်နိုင်တဲ့ ခံစားချက်တွေက သူ့ကို နှစ်ခြမ်း ဆွဲဖြဲနေသလိုပဲ။ တစ်ခုက ယဲ့ကျန်းကျန်းရဲ့နွေးထွေးမှုကို ပျော်ရွှင်နေပြီး တစ်ခုကတော့ သူတို့ကို သနားစရာဆိုတဲ့ပုံမျိုးနဲ့ တည်တည်ငြိမ်ငြိမ် ကြည့်နေတယ်။

“ကျန်းကျန်း ကျန်းကျန်း ...”

ပြင်းရှအသံနဲ့ ကျီဝူကျိုး သူမကို ခေါ်နေမိတယ်။ သူမကတော့ ပြန်မဖြေလာခဲ့။

“ကျန်းကျန်း ကိုယ့်ကို ကြည့်ပါ ... ကျန်းကျန်း”

ယဲ့ကျန်းကျန်းက သူ့ကို ကြည့်မလာသလို လှုပ်လည်း မလှုပ်ဘူး။

ကျီဝူကျိုး သူမနာမည်ကို အသံပြောင်းသွားတဲ့အထိ ထပ်ခါထပ်ခါ ခေါ်နေမိတယ်။

သူမကတော့ ပြန်မဖြေလာဘူး။

သူ ပြီးသွားတဲ့အခါ ယဲ့ကျန်းကျန်းကို ဖက်ထားရင်း တကိုယ်လုံး စိတ်သက်သာရာ ရသွားသလိုပဲ။ သူမပုခုံးပေါ် မေး‌နဲ့ ပွတ်သပ်ရင်း အသက်ပြင်းပြင်း ရှူလိုက်တယ်။ သူမကို နမ်းချင်တာကြောင့် သူမကိုယ်ကို ဒီဘက်လှည့်လိုက်တယ်။

အဲ့ဒီနောက် သူတွေ့လိုက်ရတာက မျက်ရည်စီးကြောင်းအပြည့်နဲ့ သူမမျက်နှာလေးပဲ ဖြစ်တယ်။

ကျီဝူကျိုး သူ့နှလုံးသားကို တစ်ယောက်ယောက်က ဆွဲထုတ်သွားသလိုမျိုး ပျာယာခတ်သွားတယ်။ သိပ်ကို နာကျင်ရတယ်။ ကျီဝူကျိုး စောင်အဖျားစလေးနဲ့ သူမ မျက်ရည်တွေကို သုတ်ပေးလိုက်တယ်။

“ကျန်းကျန်း ...”

“ကျွန်တော်မျိုးမ အရှင်မင်းကြီးကို နှုတ်ဆက်ပို့‌ဆောင်ပါတယ်”

ယဲ့ကျန်းကျန်း မျက်စိမှိတ်လိုက်ပြီး တစ်ဖက်ကို လှည့်သွားတယ်။ သူမအသံက ငိုထားတာကြောင့် နှာခေါင်းသံ ပေါက်နေတယ်။

သူမ စိတ်ပိုင်းဖြတ်ထားတာကို မြင်တဲ့အခါ သူ့ကို ပိုပြီး ရွံမုန်းလာမှာ စိုးတာကြောင့် ကျီဝူကျိုး နာကျင်မှုကို ရင်ထဲပဲ သိမ်းထားလိုက်ပြီး အိပ်ရာပေါ်က ဆင်းလိုက်တယ်။ သူမ မျက်နှာလေးက ရှက်သွေးဖြာနေရမယ့်အစား ဖြူဖျော့နေတယ်။ သူမကို စောင်ပြန်ခြုံပေးလိုက်ရင်း

“ ဒါဆိုလည်း ... ကိုယ် သွားတော့မယ်။ မနက်ဖြန်ကျ ကိုယ် လာခဲ့မယ်နော်”

ယဲ့ကျန်းကျန်း မျက်စိမှိတ်ထားပြီး ပြန်ဖြေမလာခဲ့ဘူး။

ကျီဝူကျိုး ခွန်းနင်နန်းဆောင်က ထွက်လာတဲ့အချိန် ညနက်နေပြီမို့ နှင်းတွေတောင် ကျနေပြီ။ နန်းတော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး မီးအိမ်က အလင်းရောင်က တစ္ဆေမျက်လုံးအလား ထင်ရတယ်။ နှင်းတွေက ထု ခပ်နည်းနည်း ရှိနေပြီမို့ တစ်ယောက်‌ယောက် ဖြတ်သွားတဲ့အခါ အသံတွေကို ကြားနိုင်တယ်။

ကျောင်းထိုက်ခန်းမဆောင်ဆီ လျှောက်လာရင်း ကျီဝူကျိုး ရပ်လိုက်တယ်။

ကျီဝူကျိုး ကျောင်းထိုက်ခန်းမဆောင်ကို ကြည့်ရင်း ရုတ်တရက် သူ့ကိုယ်က နောက်လဲကျသွားပြီး တကိုယ်လုံး နှင်းထုပေါ် လှဲနေတယ်။

“အရှင်မင်းကြီး”

ဖုန့်ရိုးတျယ် စိုးရိမ်တကြီးနဲ့ မီးအိမ်ကို ပစ်ချရင်း ကျီဝူကျိုးကို သွားထူပေးချင်ပေမဲ့ သူက လက်ကာပြပြီး တားလိုက်တယ်။

“မင်း အရင် သွားနှင့်။ ငါကိုယ်တော် တစ်ယောက်တည်း နေချင်တယ်”

ဖုန့်ရိုးတျယ် နည်းနည်း‌ စိုးရိမ်နေမိပေမဲ့ ဧကရာဇ်ရဲ့ အမိန့်ကိုလည်း မနာခံဘဲ မနေရဲဘူး။ ဒါ့ကြောင့်မို့ မီးအိမ်ကို အရှင်မင်းကြီးနဲ့ ထားခဲ့ပြီး ကန်ချင်းနန်းဆောင်ဆီ အရင် ပြန်သွားတယ်။

ကျီဝူကျိုး နှင်းတွေပေါ် လှဲနေတုန်းပဲ။ တချို့နှင်းတွေက အင်္ကျီကော်လံကတဆင့် သူ့ကိုယ်ထဲ ရောက်ကုန်တယ်။ သူ့ကျောကုန်းလည်း အေးစက်နေပြီ။ လမထွက်ပေမဲ့လည်း နှင်းဖြူဖြူတွေ ဝန်းရံထားတာမို့ လုံးလုံးကြီးတော့ မှောင်မနေဘူး။ ကျီဝူကျိုး မျက်လုံး ဖွင့်လျက်သားနဲ့ နှင်းတောထဲ လှဲနေတုန်းပဲ။

သူ့နောက်က နန်းဆောင်အကြောင်း ကျီဝူကျိုး တွေးနေမိတယ်။ အဲ့နန်းဆောင်မှာနေတဲ့ သူမအကြောင်း ... သူမရဲ့ ခန္ဓာကိုယ်နဲ့ သူမရဲ့ ရနံ့။ သူမ သူ့ကို ဘယ်လောက် မနှစ်မြို့လဲဆိုတာ တွေးနေမိတယ်။

နောက်ပြီး မျက်ရည်အပြည့်နဲ့ သူမ မျက်နှာလေး။

ကျီဝူကျိုး သူ့မျက်နှာကို လက်နဲ့ကာရင်း ဘေးတစောင်း ကွေးကွေးလေး နေနေမိတယ်။

ကျန်းကျန်း ကျန်းကျန်း ...

သူ့ကိုယ်ထဲက အားအင်တွေ ကုန်ဆုံးသွားသလိုပဲ။ သူ့အတွက် အရေးကြီးတဲ့အရာတစ်ခုကို သူ့အဝေးကို ဆွဲထုတ်သွားသလိုပဲ။

သူ နားမလည်ဘူး။

နောက်ဆုံးတော့ သူမကို သူ ပိုင်ဆိုင်ခဲ့ပြီ။ ဒါပေမဲ့ သူ့အတွက်တော့ သူမကို ဆုံးရှုံးလိုက်ရတာနဲ့ ပိုတူနေခဲ့တယ်။

ရွှေနန်းထက်က ဧကရီ (Complete ✅)حيث تعيش القصص. اكتشف الآن