Extra Chapter 3

4.4K 211 17
                                    


Empress with no Virtue
Chapter 101
Translator – Utopia

ကျီဝူကျိုး သူ့ရဲ့ဖြူဖွေးသွယ်ပျောင်းတဲ့ လက်ချောင်းတွေကို မြင်လိုက်ရတယ်။

သူ လန့်ဖြန့်သွားတယ်။ သူ့ရှေ့ကလက်ချောင်းတွေကို သေချာစစ်ကြည့်ပြီး သူ မြင်နေရတဲ့ သူ့မျက်နှာကိုလည်း ကိုင်ကြည့်နေတယ်။ နောက်ဆုံးတော့ လက်နှစ်ဖက်လုံးက ရင်ဘတ်ရှေ့ရပ်သွားပြီး ဖိကြည့်လိုက်တယ်။

ဘယ်လိုပဲဖြစ်စေ ရင်ဘတ်ကတော့ မလိမ်နိုင်ဘူးလေ။

ဒီလိုနဲ့ပဲ ကျီဝူကျိုး သဘောပေါက်သွားတယ် .... သူ ကျန်းကျန်းရဲ့ကိုယ်ထဲ ဝင်သွားတာကိုး။

အဲ့အချိန်မှာပဲ ဖုန့်ရိုးတျယ်ကလည်း အရှင်မင်းကြီး မထသေးတာတွေ့တာကြောင့် တာဝန်ကျနေတဲ့ စူးဖုန့်ကို သွားနှိုးခိုင်းလိုက်တယ်။ စူးဖုန့် အိပ်ရာခန်းဆီးလိုက်ကာကို အသာလေး ဖွင့်ကြည့်လိုက်တဲ့အခါ အရှင်မင်းကြီးက အိပ်နေတုန်းပဲ။ ဧကရီမိဖုရားခေါင်မယ်မယ်ကတော့ သူ့ဘေးမှာ ထိုင်နေပြီး သူမရင်ဘတ်ကို မဖွယ်မရာ ကိုင်ကြည့်နေတယ်။

စူးဖုန့်: "..."

ကျီဝူကျိုး ချောင်းတစ်ချက်ဟန့်လိုက်ပြီး

"နင် အရင်သွားနှင့်"

"မယ်မယ် အရှင်မင်းကြီးက အိပ်ရာထပြီး လွှတ်တော်တက်သင့်နေပါပြီ"

စူးဖုန့်က သတိပေးလိုက်တယ်။

"အို .... စိတ်မပူပါနဲ့။ ငါ သူ့ကို နှိုးပေးလိုက်မယ်"

စူးဖုန့် ပြန်ထွက်သွားပြီးတဲ့နောက် ကျီဝူကျိုး ယဲ့ကျန်းကျန်းကို နှိုးလိုက်တယ်။

ယဲ့ကျန်းကျန်း မျက်လုံးဖွင့်လိုက်တဲ့အခါ နောက်ထပ်ကျန်းကျန်းတစ်ယောက်ကို တွေ့လိုက်ရတော့ ဟိုဘက်လှည့်သွားပြီး ပြန်အိပ်နေလိုက်တယ်။

ပေါက်တိပေါက်ရှာ အိပ်မက်ပဲ ... အိပ်ချင်မူးတူးနဲ့ ယဲ့ကျန်းကျန်း တွေးလိုက်တယ်။

"ဟေး ထတော့ ပြဿနာအကြီးကြီး တက်နေပြီ"

ကျီဝူကျိုးက သူမကို ထပ်လှုပ်နှိုးလာတယ်။

ရွှေနန်းထက်က ဧကရီ (Complete ✅)Nơi câu chuyện tồn tại. Hãy khám phá bây giờ