Chapter 43

4K 338 9
                                    


ဒီဇင်ဘာ ၂၈, ဟဲရှီ ဒုတိယနှစ်ရဲ့ ဒုတိယမြောက်နှစ်၊ ဒီနေ့က သိပ်ကို အမှတ်ရနေမယ့်နေ့ပဲ ဖြစ်တယ်။ ဘာလို့ဆို ဒီနေ့မှာ ကျီဝူကျိုး ရက်စက်တဲ့အရာတွေ အများကြီးကို လုပ်ခဲ့လို့ပဲ ဖြစ်တယ်။

ပထမဆုံးအနေနဲ့ သူ စစ်နင်နန်းဆောင်မှာ မယ်တော်ကြီးကို နှုတ်ဆက်ဖို့ ရောက်လာတယ်။ ပြီးကျ သူမရှေ့မှာတင် သူမနန်းဆောင်က ကုန်းကုန်းနှစ်‌ယောက်ကို ခေါ်ထုတ်ပြီး ဆူပစ်ပြီးတဲ့နောက် သေတဲ့အထိ ရိုက်ဖို့ အမိန့်ပေးလိုက်တယ်။

မယ်တော်ကြီး နေရာမှာတင် ဒေါသ ထွက်သွားတယ်။

"နှစ်ကုန်ရောက်တော့မှာကို နင်က ကောင်းတဲ့အလုပ်တွေ လုပ်ရမယ့်အစား ငါ့နန်းဆောင်ထိလာပြီး လူသတ်နေတယ်ပေါ့လား။ နှစ်ပေါင်းများစွာ ငါ သက်သတ်လွတ်စားပြီး ဝတ်ပြုဆုတောင်းခဲ့တာ။ အခု နတ်ဘုရားတွေကို ငါ ဘယ်လိုမျက်နှာပြရမလဲ"

ကျီဝူကျိုး မျက်နှာတည်တည်နဲ့ ပြောလိုက်တယ်။

"သူတို့က ရန်အားရှီနဲ့ပေါင်းပြီး မင်းမိန့်ကို အတုလုပ် အပြစ်မရှိတဲ့သူတွေကို စွပ်စွဲဖို့ ကြိုးစားခဲ့တာ။ သူတို့ သေဒဏ်ကျခံသင့်တယ်"

"သက်သေက ဘယ်မှာလဲ။ စကားလေးတစ်ခွန်းထဲနဲ့ နင် သူတို့ကို သေဒဏ်ပေးလိုက်တယ်။ အရမ်း လောလွန်းရာ မကျဘူးလား"

"အမေပြောချင်ဝာာက ဒီအမှုကို အဆုံးထိ ဆက်လိုက်စေချင်တယ်ဆိုတဲ့ သဘောလား? အဆုံးထိ လိုက်တဲ့အခါ နောက်ကွယ်က ကြိုးကိုင်သူက မယ်တော်ဆိုတာ ရှာတွေ့သွားဖို့အတွက်လား?"

ကျီဝူကျိုး မျက်နှာမှာ တွေဝေမှုတစ်စက်မှမရှိပဲ သူမကို အေးအေးဆေးဆေး ကြည့်ရင်း ပြောလိုက်တယ်။

ဒေါသကြောင့် မယ်တော်ကြီးရဲ့နှုတ်ခမ်းတွေ တုန်လာတယ်။

"နင် ...နင်"

နောက်ဆုံးမှာတော့ သူမ စားပွဲကို ဝုန်းကနဲ ထုလိုက်ပြီး

"ကျေးဇူးမသိတတ်တဲ့သား!"

"အဲ့ထက်ပိုပြီး ကျေးဇူးမသိတတ်တဲ့ဟာ ရှိသေးတယ်"

ကျီဝူကျိုး မတ်တပ်ရပ်လိုက်ပြီး လက်ပိုက်ကာ

ရွှေနန်းထက်က ဧကရီ (Complete ✅)Kde žijí příběhy. Začni objevovat