Chapter 76

2K 157 1
                                    

Empress with no Virtue

Chapter 76

Translator – Utopia

ယဲ့ရှိုးမင် လွှတ်တော်မှာ ဖန့်ရှိုးချင်းနဲ့ ငြင်းခုံရန်ဖြစ်နေစဥ် ရုတ်တရက် သူ့အိမ်တော်မှာ မကောင်းတာတစ်ခု ဖြစ်သွားခဲ့တယ်။ အဲ့တာကတော့ လောင်ဖုရန် မမာမကျန်း ဖြစ်နေတာပဲ ဖြစ်တယ်။

ယဲ့ရှိုးမင်က လွှတ်တော်မှာ တင်းကျပ်ပြီးစည်းကမ်းကြီးတဲ့သူဆိုပေမဲ့ သူ့ကို စိတ်ပျော့အောင် လုပ်နိုင်တာ လောင်ဖုရန်ကြီးပဲ ဖြစ်တယ်။ သူတို့နှစ်ဦးက ငယ်လင်ငယ်မယားတွေ ဖြစ်ကြပြီး အခုအခြေအနေအထိရောက်အောင် အတူ ရင်ဆိုင်ကျော်ဖြတ်လာခဲ့ကြတယ်။ ဘဝရဲ့အနိမ့်အမြင့် မိုးလေကြမ်းတွေ အားလုံးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတာမို့ သူတို့ရဲ့ဆက်ဆံရေးက ခိုင်မာမြဲမြံတယ်။ ယဲ့ရှိုးမင်ရဲ့ ဘဝခရီးက ဘယ်တုန်းကမှ ချောမွေ့မနေခဲ့ချေ။ သူ ငယ်ရွယ်တုန်းက စိတ်မြန်လက်မြန်ရှိတာကြောင့် ဘဝအခြေအနေ နိမ့်ပါးခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ဖူးတယ်။ သူ့ဘဝရဲ့အနိမ့်ဆုံးအချိန်မှာ သူငယ်ချင်းမိတ်ဆွေတွေ အားလုံး ရှောင်ဖယ်သွားကြပေမဲ့ အမြဲတမ်း သူ့ဘေးရပ်တည်ပေးခဲ့တာက သူ့ဇနီး လောင်ဖုရန်ပဲ ဖြစ်တယ်။ လူတစ်ယောက်က နိမ့်ပါးသွားချိန်မှာ စိတ်သဘောထားကလည်း ပြောင်းလဲတတ်တယ်ဆိုသလိုပဲ ယဲ့ရှိုးမင်လည်း မကြာခဏ သူတစ်ပါးကို ပြစ်တင်ပြောဆိုနေမိခဲ့တယ်၊ ဒါပေမဲ့ သူ့ဇနီးကလည်း အကြောမသေးဘူး။ သူ သက်ပြင်းချတာကြားတဲ့အခါ သူမကပါ စိတ်ပျက်အားငယ်သွားတာမျိုး မရှိဘဲ အဲ့အစား သူ့ကို ဆူတတ်တယ်။ ဒါက သူ့ကို ပျော်ရွှင်စေပြီး မိသားစုကို သာယာဝပြောအောင် ထားရမယ့် သူ့တာဝန်ကို သူ ပြန်သတိရသွားတယ်။

တစ်လောကလုံးကလူတွေ စွန့်ခွာသွားကြရင်တောင်မှ မင်းရဲ့နှလုံးသားတံခါးကို ဖွင့်ပြီး မင်းကို အရေးအကြီးဆုံး အရာအနေနဲ့ အလေးပေး ရပ်တည်ပေးတဲ့သူသာ ရှိမယ်ဆိုရင် သူ့အတွက် တစ်လောကလုံးကိုတောင် ကျောခိုင်းပစ်နိုင်တယ်။

နောက်ပိုင်းမှာ ယဲ့ရှိုးမင်လည်း ရာထူးတွေ တဖြေးဖြေးတက်လာပြီး သူတို့မိသားစုလည်း ကြီးမားလာတယ်။ ဒါပေမဲ့လည်း သူ့ဘဝမှာ လောင်ဖုရန်တစ်ယောက်တည်းကိုသာ ပေါင်းသင်းခဲ့ပြီး သူမက သားတစ်ယောက်သာ မွေးပေးနိုင်ခဲ့ပေမဲ့ ကိုယ်လုပ်တော်တစ်ယောက်မျှတောင် မထားခဲ့ချေ။ ကံကောင်းစွာနဲ့ပဲ အဲ့သားလေးကနေ မြေး ၃ ယောက်နဲ့ မြေးမလေး ၁ ယောက် ရလာတယ်။ ဒီလိုနဲ့ သူတို့မိသားစုလေးလည်း ပြည့်စုံလာကြတယ်။ လောင်ဖုရန်က သူမ ချစ်စရာကောင်းတဲ့ သမီးလေး မမွေးပေးနိုင်ခဲ့တဲ့အတွက် အမြဲ စိတ်မကောင်းဖြစ်နေခဲ့တာ ဖြစ်တယ်။ ဒါကြောင့်မို့ မြေးမလေး မွေးတဲ့အချိန်မှာ သူမကို ရတနာလေးသဖွယ် အလိုလိုက်ထားခဲ့တာဖြစ်တယ်။ အိမ်တော်မှာရှိတဲ့သူတွေအားလုံး ယဲ့ရှိုးမင်က လောင်ဖုရန်ကို ကြောက်ရမှန်း သိတယ်၊ ဒီတော့ သူမက ကျန်းကျန်းကို အလိုလိုက်ထားတဲ့အခါ ဘယ်သူမှာ ဘာမှဝင်မပြောရဲချေ။

ရွှေနန်းထက်က ဧကရီ (Complete ✅)Hikayelerin yaşadığı yer. Şimdi keşfedin