Uni
ခမ်းနားလှစွာတည်ရှိနေတဲ့အိမ်ကြီးတစ်အိမ်..
အဖြူရောင်နှင့်ရွှေရောင်ကိုသာအသုံးပြုထားသည့်ထိုအိမ်ကြီးဟာအရှိန်အဝါတို့နှင့်ပြည့်နှက်လျှက်..
ထိုအိမ်တော်ကြီးရှေ့မျက်နှာစာတွင်နှစ်ထပ်ဆင့်ရေပန်းကြီးတစ်ခုရှိနေပြီးခြံအဝင်အဝမှနေထိုရေပန်းကြီးကိုဝိုက်၍လမ်းနှစ်လမ်းပြုလုပ်ထားပြီးထိုအိမ်ကြီး၏ဘေးဘက်တွင်တော့ ရေကူးကန်ကြီးတစ်ကန်ရှိသည်။
အိမ်တော်ကြီးပတ်ပတ်လည်တွင်လည်းကြီးမားသောအပင်များကိုစိုက်ထားပြီး အမြင်တင့်တယ်လှသည်..
ညအလင်းရောင်နှင့်အပြိုင်ထိုအိမ်ကြီးသည် နန်းတော်ကြီး တစ်ခုအလား ထည်ဝါလျှက်။တိတ်ဆိတ်လွန်းလှတဲ့ ထိုအိမ်ကြီးဟာ အရှေ့မျက်နှာစာတွင်တည်ရှိသည့် ရေပန်း၏ရေကျသံမှ လွဲလို့ပကတိငြိမ်သက်လျှက်..
ထိုအိမ်ကြီး၏အခန်းကျယ်ကြီးတစ်ခန်းတွင်မှုအသက်၁၅နှစ်ခန့်မျှသာရှိဉီးမည့် လူငယ်လေးတစ်ဉီးသည် သူ၏ကျယ်ပြန့်လွန်းကာ နက်မှောင်လွန်းလှသည့် အိပ်ယာကျယ်ကြီးထက်ကျောခင်းလို့ ဖုန်းမျက်နှာပြင်အား စိတ်ဝင်တစား စိုက်ကြည့်လို့နေသည်။
အမိန့် facebook အားစိတ်ဝင်တစားကြည့်နေမိစဉ်ရုတ်တရက် တက်လာသည့်vedio တစ်ခုကြောင့်အောက်ကို ဆက်မရွေ့ဘဲ ကြည့်နေလိုက်သည်။
ကြည့်နေရင်းမှအမိန့်ရဲ့ မျက်ခုံးထူထူတွေကအလယ်သို့ ဆွဲဆောင်မှုရှိစွာ စုကျုံ့သွားပြီး တခဏအကြာ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကအပေါ်သို့ သိသိသာသာကော့တက်သွားသည်။အမိန့်အခုကြည့်နေတဲ့ vedio ကကောင်လေးတစ်ယောက်က နောက်ကောင်လေးတစ်ယောက်ကို
နံရံဘက်သို့ ဖိတွန်းကာ အတင်းနမ်းရှိုက်နေသည့် vedio ဖြစ်သည်။အမိန့်ပြုံးနေရင်းပင် ခေါင်းထဲပေါ်လာသည်က အမိန့်ကိုတွေ့လိုက်တာနဲ့ မျက်စောင်းတစ်ရွယ်ရွယ်နဲ့သာ ကြည့်တတ်သောလူ။
ကျောင်းကလူတိုင်းမော့ကြည့်ဖို့တောင်ကြောက်သည့်အမိန့်လိုအာဏာရှိသည့်လူမျိုးကို ဒီလူတစ်ယောက်တည်းသာ မကြောက်မရွံ့ဆက်ဆံရဲသာဖြစ်သည်။အသားအရေကလည်းမိန်းကလေးရှုံးလောက်အောင် ဖြူဥနေတဲ့အဲ့လူ။မျက်လုံးတွေကလည်းစိတ်ရှုပ်စရာကောင်းလောက်အောင်ဝိုင်းနေသေးသည်။နှုတ်ခမ်းတွေကလည်းနီဆွေးပြီးလှနေသေးသည်။ဘယ်နေရာကြည့်ကြည့်ယောင်္ကျားလေးလို့ကိုဆိုဖွယ်မရှိ။အမိန့်တွေးမိသေးသည်။ဒီလူယောင်္ကျားလေးဖြစ်ပြီး နှုတ်ခမ်းနီတွေများဆိုးထားသလားလို့..ဒါပေမယ့်လည်းအဲ့လိုမဟုတ်ပြန်။ဒီလူက တကယ့်Natural beauty ဖြစ်ပုံရသည်။တစ်ခါလောက် အဲ့ဒီ့စတော်ဘယ်ရီရောင်နှုတ်ခမ်းတွေကိုစိတ်ရှိလက်ရှိ ကိုက်ပစ်ချင်မိသည်။
YOU ARE READING
My Husband is bad boy
Romance"ကျုပ်ရဲ့အမိန့်တစ်ချက်နဲ့တင် လူတိုင်းကိုသွေးတောက်တောက်ကျစေတဲ့ထိ ကျုပ်လုပ်နိုင်တယ် "သွေးစက်အမိန့်" "အဲ့ဒီ့လူတွေထဲမှာငါမပါဘူး သွေးစက်အမိန့်" ...