Part{9}Uni/Zawgyi

1.8K 68 17
                                    

Uni

ကိုယ်အရမ်းမုန်းတီးမိတဲ့လူရှေ့မှာ ဒူးထောက်အရှုံးပေးရတဲ့ ခံစားချက်ကိုသိလား။

အရှက်နဲ့သိက္ခာအတွက် မာနကိုစတေးဖို့ထိုက်တန်ရဲ့လား..။မှိုင်းရွံရှာစိတ်ပျက်မိတဲ့ ဒီလူရှေ့မှာ မှိုင်းရဲ့အရှက်နဲ့သိက္ခာအတွက် ဒူးထောက်ချရမည်လား..။

မှိုင်းအခုအချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒက မှိုင်းအငွေ့အဖြစ်ကွယ်ပျောက်သွားချင်မိသည်။လူတစ်ယောက်ရှေ့မှာ မာနတွေကိုခွာချရတာက လူအများရဲ့ ပျက်ရယ်လှောင်ရီမှုကို ကာကွယ်ပေးနိုင်မယ်ဆို ဘာကိုလုပ်ဖို့ရွေးချယ်မှာလဲ။

နောက်ဆုံးတော့ မှိုင်းပဲအရှုံးပေးခဲ့ရသည်မလား။
စက်ဆုပ်ရွံရှာဖွယ်ကောင်းလွန်းတဲ့လူအရှေ့မှာမှလေ..။ရင်ထဲနင့်နေအောင်အထိ ရှက်ရွံမှုနဲ့မခံချင်စိတ်တွေက မှိုင်းတစ်ကိုယ်လုံးကိုဖုံးလွှမ်းနေပေမယ့် မှိုင်းရဲ့ခန္ဓာကိုယ်ကတော့ သွေးစက်အမိန့်ရှေ့မှာ ဒူး ထောက် လျက် သား။

မှိုင်းရဲ့နားထဲတိုးဝင်လာတဲ့ သွေးစက်အမိန့်ရဲ့ လှောင်ရီသံဟာ အဆိပ်တစ်ခွက်လို မှိုင်းကိုပိုတိုးလို့နာကျင်စေသည်။မာနတွေကို ဓားသွားတစ်လက်နဲ့ ဖြတ်တောက်ခံလိုက်ရသလို ခံစားချက်မျိုးပင်။

မှိုင်းရဲ့ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်သီးစုပ်တွေဟာ မှိုင်းရဲ့ရှက်စိတ်နဲ့ဒေါသကြောင့်တဆတ်ဆတ်တုန်နေလိမ့်မည်။မှိုင်းရဲ့ မျက်ခမ်းစပ်တွေမှာ ဒေါသကြောင့် လည်လာမိတဲ့မျက်ရည်တွေဟာဝေ့သီနေလိမ့်မည်။မှိုင်းရဲ့ နှုတ်ခမ်းတွေတုန်ရီနေလိမ့်မည်။မှိုင်းရဲ့ အသက်ရှုသံတြွေပင်းနေလိမ့်မည်။ဒါပေမယ့် မှိုင်းသွေးစက်အမိန့်ကို မတုံ့ပြန်နိုင်ခဲ့ဘူး။ဒါတွေက မှိုင်းအသုံးမကျလို့ဖြစ်နေခဲ့ခြင်းလား။မှိုင်းဟာ သူ့ရှေ့မှာ ဒူးထောက်ချရတဲ့အထိ အသုံးမကျတဲ့လူလား။မှိုင်းရဲ့ မိဘတွေက မှိုင်းကို သူတစ်ပါးရှေ့ဒူးထောက်ဖို့ မွေးပေးခဲ့ခြင်းမှမဟုတ်တာ။မှိုင်းအမှန်ပင် ရှက်ရွံ့စိတ်၊နာကြည်းစိတ်၊ဒေါသစိတ်၊အားငယ်စိတ် တို့ဟာ အလုံးအရင်းရောထွေးလို့ မှိုင်းကိုထိုးနှက်နေကြဟန်..။မှိုင်းဒီနေရာက ထွက်သွားချင်နေပြီ။

My Husband is bad boy   Where stories live. Discover now