Uni
မှိုင်းတစ်ခုခုကိုအလိုမကျသလိုပင်။မျက်ခုံးတွေကိုစုကျုံ့ထားမိသည်။
မှိုင်းကျောင်းထဲဝင်လာတဲ့အချိန်ကတည်းက ကျောင်းသူကျောင်းသားတစ်ချို့က မှိုင်းကိုအာရုံစိုက်ကာ စူးစမ်းသလိုကြည့်နေသောကြောင့်ပင်။သိသိသာသာ အကြည့်တွေကြားထဲမှာ မှိုင်းစိတ်ရှုပ်မိတာအမှန်။မှိုင်းမျက်နှာမှာ တစ်ခုခုများပေနေလို့လား။
မှိုင်းကိုယ့်အခန်းဖြစ်တဲ့ Grade(10)section 1 ထဲမဝင်မီ မှိုင်းကိုစူးစမ်းသလိုကြည့်ကာ ပြောနေကြတဲ့မိန်းကလေးနှစ်ယောက်ရဲ့ စကားအချို့ကြောင့် မှိုင်းခြေလှမ်းတွေတစ်ခနတုံ့ဆိုင်းမိပြန်သည်။
"အဲ့တာ သူလား"
"အေး ဟုတ်တယ်။သူပဲ..မထင်ရဘူးနော်။၊ရုပ်ကလေးသနားကမားနဲ့"
"ဒါဆို သူက gay ပေါ့"
ဘာစကားကြီးလဲ?။မှိုင်းထိုမိန်းကလေးနှစ်ယောက်ရဲ့စကားကြောင့် လှည့်ကြည့်မိတော့ မှိုင်းကိုအထင်သေးသလိုတန်ပြန်ကြည့်ပြီး မဲ့ရွဲ့ကာထွက်သွားပြန်သည်။တကယ်ဘာတြွေဖစ်နေတာလဲ။တကယ်နားမလည်တော့ဘူး။
မှိုင်းခေါင်းတစ်ချက်ခါကာ အတန်းထဲဝင်လာပြန်တော့လည်း မှိုင်းကိုကြည့်ကာ တစ်ယောက်နဲ့တစ်ယောက်လက်တို့ပြီး တိုးတိုး တိုးတိုးနဲ့ပြောနေကြပြန်သည်။ဘာလဲ?။
မှိုင်းသူတို့ကိုဂရုစိုက်မနေပဲ ပုခုံးပေါ်ကလျှောကျတော့မည့် လွယ်အိတ်ကြိုးကိုပြန်ဆွဲတင်ကာ မှိုင်းရဲ့စားပွဲခုံဆီလျှောက်အလာ မြင်လိုက်ရတဲ့မြင်ကွင်းက မှိုင်းကိုထိတ်လန့်စေဖို့ အရန်သင့်စီးကြိုနေသလို။
မှိုင်းလက်သီးတင်းတင်းစုပ်လိုက်မိသည်ထင်။မှိုင်းရဲ့စာရေးစားပွဲအဖြူမှာ ဆော့ပင်မှင်အပြာတွေနှင့်ရေးထားတဲ့ ညစ်ညမ်းတဲ့စာတွေကြောင့်ပင်။အကျည်းတန်လှချည်လား။
"တောက်စ်!"
မှိုင်းတောက်ပြင်းပြင်းခေါက်လိုက်မိသည်။ယုတ်ညံ့လိုက်လေခြင်း။ဒီစာတွေက ဘယ်သူ့ပယောဂနဲ့ရေးထားသလဲဆိုတာ တွေးကြည့်စရာတောင်မလိုပင်။မှိုင်းဒေါသထွက်လွန်းလို့ မျက်နှာတွေပင် နီရဲနေမည်ထင်သည်။စာရေးခုံမှာရေးထားသည့်စာတွေက..
YOU ARE READING
My Husband is bad boy
Romance"ကျုပ်ရဲ့အမိန့်တစ်ချက်နဲ့တင် လူတိုင်းကိုသွေးတောက်တောက်ကျစေတဲ့ထိ ကျုပ်လုပ်နိုင်တယ် "သွေးစက်အမိန့်" "အဲ့ဒီ့လူတွေထဲမှာငါမပါဘူး သွေးစက်အမိန့်" ...