part {4}Uni/Zawgyi

3.9K 116 7
                                    

Uni

"သူဌေးကခေါ်ခိုင်းလိုက်လို့ပါ အကိုလေးစိုင်း.."

"အင်း..အကိုအခုလိုက်ခဲ့မယ်"

ကြည်ဖြာ့နောက်ကနေလိုက်သွားလိုက်ကာလှေကားအတိုင်း ဆက်တိုက်ဆင်းလာရင်း လှေကားအောက်အရောက်မှာ "သူဌေးက ဧည့်ခန်းမှာစောင့်နေပါတယ် အကိုလေးစိုင်း"ဟုဆိုကာ မှိုင်းအနားကနေ ခေါင်းငုံ့ကာထွက်သွားသည်။

မှိုင်းလည်း ဧည့်ခန်းရှိရာလျှောက်လာရင်း အခန်းဝအရောက်​ခြေလှမ်းတို့က ရပ်တန့်သွားရသည်။ဧည့်ခန်းထဲမှာ ကယ်လေးကထိပ်ဆုံးခုံမှာထိုင်နေပြီး ကယ်လေးရဲ့ဘေးဘက်ခုံမှာတော့ သက်ကဗျာနဲ့တီလေးကဘေးချင်းကပ်ရပ်ထိုင်နေသည်။တီလေးတို့ရဲ့မျက်နှာချင်းဆိုင်ခုံမှာတော့အသက်၂၀ဝန်းကျင်လောက်ရှိမည့်အမျိုးသားတစ်ယောက်ထိုင်နေသည်။ကယ်လေးနဲ့ထိုအမျိုးသားဟာပြုံးရယ်ပြီးစကားပြောနေကြသည်။တီလေးရဲ့မျက်နှာကလည်းအတော့်ကိုပျော်ရွှင်နေသည့်ဟန်။သက်လေးကလည်းတီလေးဘေးကပ်ထိုင်ကာအပြုံးပါးပါးလေးကိုချိတ်ဆွဲထားသည်။ထိုအမျိုးသားကအဖြူရောင် shirt နှင့် style pant
အနက်ရောင်ကိုရိုးရှင်းစွာတွဲဝတ်ထားပြီး ထိုရိုးရှင်းတဲ့ဝတ်စားပုံကတောင် ထိုလူ့ကိုထင်းထွက်နေစေသလို။ခန္ဓာကိုယ်တည်ဆောက်ပုံကအစ ကျစ်လစ်သန်မာကာ အမျိုးသမီးတို့အကြိုက်အားကိုးချင်စရာကောင်းလှသည်။မျက်ခုံး မျက်လုံး ကောင်းကာ ရုပ်ရည်ကတော့ ခန့်ညားကာကြည့်ကောင်းတဲ့အထဲပါသည့် အမျိုးသားတစ်ဉီးဖြစ်သည်။ဒါ့အပြင် ဆံပင်အနက်ရောင်တွေကို ဆီနဲ့သေသပ်စွာလှန်တင်ထားပုံက ထိုလူ့ရဲ့ရုပ်ရည်ခန့်ညားမှုကို ပိုပြီးတော့ ပေါ်လွင်စေသယောင်။ပြီးတော့ ထိုလူထိုင်နေတဲ့ခုံဘေးမှာလည်း ခရီးဆောင်အိတ်တစ်လုံးကိုတွေ့ရသည်။ထိုလူကဘယ်သူများလဲ။ဒါနဲ့ မှိုင်းထိုလူကိုမြင်ဖူးသလိုရှိသည်။သို့ပေမယ့် ဘယ်မှာမြင်ဖူးသည်ဆိုတာကိုစဉ်းစားလို့မရ။ဒီမျက်နှာကိုလည်းရင်းနှီးနေသလိုရှိလှသည်။

"စိုင်းလေး ရောက်လာပြီလား..ကဲလာထိုင်ဉီး.."

ကယ်လေးကမှိုင်းကိုမြင်သွားပြီးလာဖို့ခေါ်မှ​မှိုင်းဧည့်ခန်းထဲဝင်ဖို့သတိရသည်။မှိုင်းဧည့်ခန်းထဲဝင်လာတော့ထိုအမျိုးသားကမှိုင်းကိုကြည့်ကာနှစ်လိုဖွယ်ပြုံးပြလာသည်။မှိုင်းလည်းအသိအမှတ်ပြုသလိုခပ်ပါးပါးလေးပြုံးပြလိုက်ပြီးလွတ်နေသည့်ထိုအမျိုးသားရဲ့ဘေးမှာပဲဝင်ထိုင်လိုက်သည်။မှိုင်းဝင်ထိုင်သည်အထိထိုအမျိုးသားရဲ့အကြည့်ကမှိုင်းဆီကမခွာ။မှိုင်းနေရခက်လာသည်။

My Husband is bad boy   Where stories live. Discover now