Uni
"လူယုတ်မာ"
"ဟက် အခုမှသိတာလား"
ချက်ချင်းကြားလိုက်ရတဲ့အသံနဲ့ မှန်ထဲမြှမင်နေရသည့်တံခါးဘောင်ကိုမှီကာ ရွဲ့တဲ့တဲ့ အပြောကြောင့် မှိုင်းမှန်ထဲကနေတဆင့် အမိန့်ကိုမုန်းတီးစွာကြည့်မိသည်။
စပ်ဖျင်းနေတဲ့ဒဏ်ရာနဲ့ဒေါသတွေပါထွက်လာတာကြောင့် မှိုင်းဒီကောင်နဲ့မျက်နှာချင်းမဆိုင်ချင်၊ရန်လည်းမဖြစ်ချင်ပါ။ဒါကြောင့် သူ့ဘေးမြှဖတ်ကာ ခပ်မြန်မြန်toiletထဲမှထွက်ရန်ပြင်မိသည်။
"အ့ မင်း!"
အမိန့်သူ့ဘေးမှ ထွက်ပြေးရန်ပြင်နေသည့်လူကိုလက်မောင်းမှဆွဲကာ နံရံဘက်ကိုပစ်ထုတ်လိုက်ပြီးလှုပ်မရအောင် လက်တွေကိုပါ နံရံသို့ကပ်ကာဖိချုပ်လိုက်သည်။
"မင်း ဘာလုပ်တာလဲ ငါ့ကိုလွှတ်ပေး!"
"ဘာလုပ်မယ်ထင်လဲ"
မျက်ခုံးတစ်ဖက်ပင့်ကာမေးမိတော့ အခုပဲအမိန့်ကိုသတ်တော့လိုအကြည့်တွေနဲ့ နှုတ်ခမ်းတွေတစ်ဆတ်ဆတ်တုန်လာတာများ ကျေနပ်ချင်စရာ။
"မင်းငါ့ကို ဒီလိုလာအနိုင်မကျင့်နဲ့သွေးစက်အမိန့် မင်းရမ်းကားချင်ရင် မင်းရည်းစားတွေကိုသွားရမ်းကား ငါ့ကိုတော့ဒီလိုမျိုးတွေလာမလုပ်နဲ့!"
"Oh! ခင်ဗျားတော်တော်သတ္တိကောင်းတာပဲမှိုင်း..ဒါမဲ့ဘယ်လိုလုပ်မလဲ ကျုပ်ကဒီထက်ပိုပြီးရမ်းကားချင်တာ မှိုင်းရဲ့..အသက်မပြည့်သေးလို့ခက်နေတာ"
"သွေးစက်အမိန့်!"
"ဗျာ.."
ထူးတဲ့ပုံစံက တစက်မှအချိုးမပြေ။ရုပ်ကိုက လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ပုံနဲ့ အမိန့်ကို မှိုင်းမုန်းသည်။အခုလည်းမှိုင်းရဲ့လက်တွေကိုသူ့အားကြီးနဲ့ကျိုးမတက်ချုပ်ထားသည်။လူကိုလည်းနှာဘူးရုပ်နဲ့စားမတက်ဝါးမတက်စိုက်ကြည့်ကာမှိုင်းလို့လည်းအဖျားစွတ်ခေါ်လာသည်။မှိုင်းဒေါသလည်းထွက်သလို ဝမ်းနည်းစိတ်ကလည်းအလုံးလိုက်အရင်းလိုက်ဝင်လာမိသည်။သူမှိုင်းကိုဘယ်လိုပဲ ပြုမူပါစေ မှိုင်းကဘာတတ်နိုင်မှာမို့လဲ။အမိန့်က မှိုင်းကိုအာဏာရှိတယ်ဆိုတိုင်းအနိုင်ကျင့်ချင်နေတာ။မှိုင်းကိုအခုလိုပြုမူတာကိုမှိုင်းမုန်းသည်။သူ့ရည်းစားတွေလို ပေါ့ပေါ့ပျက်ပျက်လာဆက်ဆံတာကိုမုန်းသည်။အရမ်းမုန်းပါသည်။
YOU ARE READING
My Husband is bad boy
Romance"ကျုပ်ရဲ့အမိန့်တစ်ချက်နဲ့တင် လူတိုင်းကိုသွေးတောက်တောက်ကျစေတဲ့ထိ ကျုပ်လုပ်နိုင်တယ် "သွေးစက်အမိန့်" "အဲ့ဒီ့လူတွေထဲမှာငါမပါဘူး သွေးစက်အမိန့်" ...