Part{14}Uni/Zawgyi

909 56 14
                                    

Uni

lunch timeဖြစ်သည့်အတွက် school lunch roomအတွင်းတွင် ကိုယ့်ဝေစုနှင့်ကိုယ် တစ်ဖွဲ့စီစုဝေးထိုင်လျှက် စားသောက်နေကြသည့် ကျောင်းသူ ကျောင်းသားများသည် အများအပြားပင်။စကားပြောသံတွေကလည်း တကယ့်ပင်ဆူဆူညံညံပင်။

ထိုထဲမှာမှ စားပွဲဝိုင်းတစ်ခုသည် လူသုံးယောက်ရှိနေပါလျှက်နှင့် ဇွန်းခက်ရင်းသံကလွှဲ တိတ်ဆိတ်လို့။

လမိုက်တစ်ယောက် အရှေ့မှာထိုင်ကာ ဘာစကားတစ်ခွန်းမှမပြောပဲ ထမင်းငုံ့စားနေသည့်အမိန့်ကို အကဲခတ်နေမိသည်။ဒီကောင် မနက်ကမှိုင်းညို့စိုင်း သူ့အပေါ်ဆက်ဆံသွားတဲ့အပြုအမူကို တော်တော်လေးကိုဒေါကန်ပေလိမ့်မည်။သွေးစက်အမိန့်ကို ဒီလိုဆက်ဆံဖို့မဆိုထားနှင့်။မော့ကြည့်ဖို့တောင် ဝန်လေးကြတဲ့သူတွေကြားထဲ အခုလိုပြုမူခံလိုက်ရတာက တော်ရုံတန်ရုံကိစ္စမျိုးမဟုတ်ပေ။ဒါကို ဒီအမိန့်ဆိုတဲ့ကောင်က ဘာမှမတုံ့ပြန်ဘူးဆိုတာ အတော်လေးကိုအံ့အားသင့်စရာကောင်းသည့်ကိစ္စမျိုးမဟုတ်ပါလား။ပြီးတော့လည်း အခုလိုကြီးငြိမ်နေသေးသည်။ကြည့်ရတာ မနက်က စာသင်ခန်းထဲသောင်းကျန်းခဲ့ရတာ ဝသွားပြီထင်သည်။လမိုက်သိချင်တာ တစ်ခုတည်း။ဘာကြောင့် မှိုင်းညို့စိုင်းကိုလွှတ်ပေးရတာလဲ။

"ဟျောင့် အမိန့်"

လမိုက်အသံပြုလိုက်ပေမယ့် အရှေ့ကတစ်ယောက်ကတော့ လမိုက်ကိုသောက်ဖက်တောင်မလုပ်ပင်။ဒါပေမယ့် လမိုက်သိချင်တာသိရဖို့အရေးဆက်သာမေးတော့မည်။

"မင်းဘာလို့ မှိုင်းညို့စိုင်းကိုလွှတ်ပေးလိုက်ရတာလဲ။သူက မင်းကိုတစ်ကွက်ပြသွားတာနော်။မင်းကိုသောက်ရှက်ခွဲလိုက်တာကို မင်းကငြိမ်ခံနေတာလားကွ။အမိန့်တို့ရာဇဝင်ရိုင်းချက်"

"မင်းသောက်ပါးစပ်ကိုပိတ်ထားတော့!။ငါက အလွှတ်ပေးမယ်လို့ပြောမိလို့လား။ဘာမှမသိပဲ ဝင်ဟောင်မနေနဲ့!"

"ဒါပေမယ့် မင်းဟာကြီးကမမိုက်သေးပါဘူးကွာ"

"ငါ့ဟာ မိုက်လားမမိုက်လား စမ်းကြည့်ချင်လို့လား။လာခဲ့ အချိန်မရွေးပဲ။"

My Husband is bad boy   Where stories live. Discover now