part{2}Uni/Zawgyi

3.1K 112 1
                                    

Uni

MOONLIGHT  အမည်ရှိ private ကျောင်းဝင်းထဲသို့ BMW ကားအနက်ရောင်လေးသည် အရှိန်မှန်မှန်နှင့်ဝင်ရောက်လာကာ တစ်နေရာအရောက်တွင်ရပ်တန့်သွားသည်။

ကားရပ်သွားသည်နှင့်တပြိုင်နက် ကားရှေ့ခန်းမောင်းသူနေရာမှ ဒါရိုက်ဘာဟုထင် သည့်အသက်30ဝန်းကျင်ရှိ အမျိုးသားတစ်ဉီးဆင်းလာကာ ကားနောက်ခန်းတံခါးကို ရို့ကျိုးစွာ ဖွင့်ပေးလာသည်။

အမိန့်ကားပေါ်မှ ဆင်းလာသည်နှင့် ဝန်းထဲမှာရှိသည့် ကျောင်းသူကျောင်းသား တွေရဲ့မသိမသာအကြည့်တွေဟာ အမိန့်ဆီကျရောက်လာလေသည်။
ကျောင်းက မိန်းကလေးတော်တော်များများဟာ အမိန့် ကောင်မလေးဖြစ်ချင်ကြပြီး အမိန့်ဟာလည်း မိန်းကလေးတွေကို ထည်လဲတွဲနေတဲ့လူဖြစ်သည်။အမိန့်အခုအချိန်မှာ လူငယ်သဘာဝကိုအပြည့်ခံစားနေတာဖြစ်သည်။ဘာ့ကြောင့်ဆို အမိန့်ဟာ daddyလမ်းအတိုင်းလိုက်ရမှာဖြစ်ပြီး နောက်နှစ်တွေကစလို့ အမိန့်အတွက်အချိန်ဆိုတာ သိပ်မရှိလောက်။ဒါကြောင့် လွတ်လပ်မှုကိုအပြည့်ခံစားဉီးမည်။

အမိန့်ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့မျက်နှာပေးနဲ့ ရှေ့တည့်တည့်ကိုသာကြည့်ကာ ခပ်တည်တည်လျှောက်လာလိုက်သည်။

Private school ဖြစ်သည့် အားလျော်စွာ နေရာတိုင်းဟာ တောက်ပြောင်ကာ အရှိန်အဝါတစ်ခုကိုခံစားရသည်။ဒီလိုကျောင်းမျိုးကိုတော်ရုံလူတက်ရောက်နိုင်တာမဟုတ်လို့ ကျောင်းရှိ ကျောင်းသူကျောင်းသားတိုင်းသည် အထက်တန်းစားထဲကပင်ဖြစ်သည်။ဒါပေမယ့် အမိန့်ကိုတော့ ဘယ်သူမှမမှီ။daddyရဲ့အာဏာသည်ကျောင်းကိုပါလွှမ်းမိုးထားတာကြောင့် daddyနားကပ်ဖားနေတဲ့စီးပွားရေးသမားတွေရဲ့သားသမီးတွေဟာအမိန့်ကိုမကြောရဲ။ကြောရင်လည်းသူတို့ဘဝပျက်ရုံပဲ ရှိမှာ။Heatmaster ကိုယ်တိုင်ကလည်းdaddyရဲ့ပိုင်ဆိုင်မှုတွေအကြောင်းသိထားသူမို့အမိန့်ကိုမျက်နှာသာပေးသည်။daddyရဲ့အခြေအနေသည် စိတ်ရှိရင်ဒီကျောင်းကြီးကိုတောင် ပြာကျအောင်လုပ်နိုင်သည်မို့။daddyမျက်နှာနဲ့ အမိန့်တို့ကဆိုးချင်တိုင်းဆိုးသည်။အမိန့်ကိုဘယ်သူကလာပြောနိုင်မှာမို့လဲ။

My Husband is bad boy   Where stories live. Discover now