Uni
breakfastစားခြင်းကိုလက်စသတ်ပြီး အစ်ကိုမင်းအံ့နဲ့အဖော်လိုက်ပေးဖို့ပြင်ဆင်ရန်အတွက် မှိုင်းအပေါ်ထပ်ကအခန်းဆီသို့ လှေကားအတိုင်းတက်လာခဲ့သည်။
အစ်ကိုမင်းအံ့ကတော့ တီလေးတို့နဲ့breakfastစားရင်းအောက်ထပ်မှာကျန်ခဲ့သည်။
လှေကားအတိုင်းတက်လာရင်း မှိုင်းကိုယ့်အခန်းထဲဝင်ဖို့ အခန်းတံခါးလက်ကိုင်ကိုဆွဲအဖွင့်..
"ညို့ငယ်.."
အခေါ်အဝေါ်နဲ့အသံကြောင့် အစ်ကိုမင်းအံ့မှန်းတန်းသိကာ မှိုင်းလှည့်ကြည့်ရင်း အဖြေပြန်ပေးမိသည်။
"ဟုတ် အစ်ကိုမင်းအံ့..။ breakfastစားလို့မပြီးသေးဘူးမလား..ဘယ်လိုလုပ်ပြီး.."
အစ်ကိုမင်းအံ့က သူ့ရဲ့မူပိုင်အပြုံးဖွဖွလေးကိုချိတ်ဆွဲကာ..
"စားလို့ကပြီးပြီ..။ကိုကို မင်းကိုမေးစရာရှိလို့.."
"ဟုတ်မေးပါ.."
"ညို့ငယ်အထင် လိုအပ်တာတွေဝယ်ဖို့ ဘယ်mallက အကောင်းဆုံးဖြစ်မယ်ထင်လဲ.."
အစ်ကိုမင်းအံ့မေးပုံအရ ကြည့်ရတာ အခုမြှမန်မာနိုင်ငံကိုပြန်ရောက်တာကြောင့် ပစ္စည်းတွေဝယ်ဖို့ ဘယ်mallကိုရွေးလို့ ရွေးရမှန်းမသိဖြစ်နေပုံပေါ်သည်။မှိုင်းပြုံးလိုက်မိကာ..။
"ကျွန်တော်ကတော့ Junction ကိုပဲသွားဖြစ်တာများတယ်ဗျ.."
အစ်ကိုမင်းအံ့က တွေးဆဆနဲ့ခေါင်းညိတ်ရင်း..
"အင်း ဒါဆိုလဲအဲ့ကိုပဲ သွားကြတာပေါ့.."
"ဟုတ်.."
မှိုင်းခေါင်းညိတ်အတည်ပြုပြီး အခန်းထဲဝင်ဖို့အလှည့် တစ်ခုခုကိုသတိရမိသွားတာကြောင့် အစ်ကိုမင်းအံ့ဘက်ကို ပြန်လှည့်လိုက်ကာ မေးမိပြန်သည်။
"အစ်ကိုမင်းအံ့က သွားရောသွားတတ်ရဲ့လားဟင်.."
ကိုယ့်ကိုမယုံသင်္ကာအကြည့်နဲ့ကြည့်ရင်းမေးလာတဲ့ကောင်လေးကြောင့် မင်းအံ့တစ်ချက်ကြောင်သွားရကာ မျက်လုံးကိုဟိုဟိုဒီဒီကစားမိရင်း အရှက်ပြေ တစ်ချက်ရယ်လိုက်ကာ..
YOU ARE READING
My Husband is bad boy
Romance"ကျုပ်ရဲ့အမိန့်တစ်ချက်နဲ့တင် လူတိုင်းကိုသွေးတောက်တောက်ကျစေတဲ့ထိ ကျုပ်လုပ်နိုင်တယ် "သွေးစက်အမိန့်" "အဲ့ဒီ့လူတွေထဲမှာငါမပါဘူး သွေးစက်အမိန့်" ...