Uni
မင်းအံ့ကိုယ့်အခန်းထဲကထွက်လာရင်း ဘေးကညို့ငယ်ရဲ့အခန်းလေးကိုကြည့်မိသည်။အခန်းအောင်းလေးက ကျောင်းပြန်လာတဲ့အချိန်ကတည်းက ညစာစားတဲ့အချိန်ကလွဲရင် အခန်းအပြင်ကိုသိပ်မထွက်။ညို့ငယ်ရဲ့အခန်းထဲဝင်ပြီး စကားတွေပြောချင်ပေမယ့် ဘယ်လိုဝင်ရမလဲစဉ်းစားလို့မရ။ဒီအတိုင်းတံခါးခေါက်ပြီးပဲ ဝင်သွားလိုက်ရမလား။
မင်းအံ့ကိုယ့်အခန်းရှေ့ရပ်နေရာက ညို့ငယ်ရဲ့အခန်းရှေ့ ခြေရွေ့မိတော့ လှေကားပေါ်နွားနို့ခွက်လေးကိုင်ကာ တက်လာတဲ့အကူမလေးတစ်ယောက်ကိုတွေ့ရသည်။
အကူမလေးက မင်းအံ့ကိုတွေ့တော့ ခနရပ်သွားပြီး ခေါင်းငုံ့ကာ မင်းအံ့ကိုမရဲတရဲကြည့်လာသည်။ကြည့်ရတာ မင်းအံ့ကို မျက်နှာစိမ်းမို့ ကြောက်နေသည်ထင်။ဒါကြောင့် မင်းအံ့ထိုအကူမလေးကို ပေါ့ပေါ့ပါးပါးပြုံးပြလိုက်မိသည်။ထိုအခါကျမှ အကူမလေးက မျက်နှာလေးလန်းလာပြီး မင်းအံ့ကိုသွားဖြဲရီပြကာ မင်းအံ့ဆီလျှောက်လာသည်။
"ဟို အကိုလေး။ဘာများအလိုရှိလို့လဲ..ကြည်ဖြာ့ကိုပြောပါ.."
"ရပါတယ် မလိုပါဘူး"
မင်းအံ့စကားကြောင့်အကူမလေးက တက်တက်ကြွကြွစကားပြန်လာသည်။
"အကိုလေး အားနာစရာမလိုပါဘူး..။တစ်ခုခုလိုတာရှိရင် ကြည်ဖြာ့ကိုပြောပါ။သူဌေးကတော်က အကိုလေး လိုအပ်တာကိုကူညီပေးဖို့ မှာထားလို့ပါ.."
ကြည်ဖြာလို့ကိုယ့်ကိုယ်ကိုသုံးကာ စကားတွေများနေသည့်အကူမလေးက သွက်လက်ကာ ညို့ငယ်နှင့်ရွယ်တူလောက်ရှိမည်။အကူမလေး၏စေတနာစကားတွေကို အပြုံးပါးပါးလေးနှင့်တုံ့ပြန်လိုက်သည်။
"ဟုတ်ပါပြီ အစ်ကိုလိုတာရှိရင်ပြောပါ့မယ်.."
"ဟုတ်..ဒါဆို ကြည်ဖြာအကိုလေးစိုင်းကို နွားနို့ဝင်ပို့လိုက်ဉီးမယ်ရှင့်"
အကူမလေးနဲ့မင်းအံ့က အခုညို့ငယ်ရဲ့အခန်းရှေ့မှာ စကားပြောနေကြတာဖြစ်ပြီး အကူမလေးက ညို့ငယ်ရဲ့အခန်းတံခါးကို ခေါက်ဖို့လက်အပြင် မင်းအံ့ကမန်းကနန်းဝင်တားရတော့သည်။
YOU ARE READING
My Husband is bad boy
Romansa"ကျုပ်ရဲ့အမိန့်တစ်ချက်နဲ့တင် လူတိုင်းကိုသွေးတောက်တောက်ကျစေတဲ့ထိ ကျုပ်လုပ်နိုင်တယ် "သွေးစက်အမိန့်" "အဲ့ဒီ့လူတွေထဲမှာငါမပါဘူး သွေးစက်အမိန့်" ...