Uni
ဒေါ်ပန်းကဗျာခြယ်တစ်ယောက် နွားနို့ခွက်လေးကိုင်လို့ သမီးဖြစ်သူ့အခန်းရှေ့ရောက်လာခဲ့သည်။
ဒေါက် ဒေါက်*
"ဝင်ခဲ့"
တံခါးခေါက်သံနှစ်ချက်မြောက်မှာ သမီးလးရဲ့အသံကထွက်ပေါ်လာတာကြောင့် သူမအခန်းထဲဝင်သွားမိတော့ ကုတင်ပေါ်မှာ ဖုန်းသုံးနေတဲ့သမီးဖြစ်သူကိုတွေ့လိုက်ရသည်။
"မေမေ"
သမီးကလည်းသူမကိုမြင်တော့ အံ့သြသွားဟန်တူသည်။ခါတိုင်းဆို နွားနို့ကို အစေခံတွေကသာ ပို့ပေးတတ်ကြတာကြောင့်မို့။အခုတော့ သူမသမီးကိုဂရုစိုက်ပေးချင်တာကြောင့် သူမကိုယ်တိုင်ရောက်လာခြင်းသာ။
သူမ သမီးလေးကိုပြုံးပြလိုက်မိသည်။ သမီးအနားသို့လျှောက်သွားလိုက်ပြီး ကုတင်ပေါ်တင်လွှဲထိုင်လိုက်ကာ နွားနို့ခွက်လေးကိုတော့ လက်လှမ်းမှီရာစားပွဲပေါ်တင်ထားလိုက်တော့သည်။
"မေ့သမီးလေး ဘာတွေစိတ်ညစ်နေလဲ။မေမေ့ကိုပြောပါအုန်း"
သမီးရဲ့ဆံပင်အခွေလေးတွေကို ပွတ်သပ်ကာ အညှင်သာဆုံးလေသံနဲ့မေးမိတော့ နဂိုတည်းက စိတ်မကြည်တဲ့သမီးဟာ မျက်ခုံးတွေကိုတွန့်ချိုးထားလေသည်။
"သမီးအခုပြောပြရင် ဘာဖြစ်သွားနိုင်လဲမေမေ"
"ဟောကွယ်။သမီးပြောပြမှ မေမေကဘာဖြစ်မလဲဆိုတာသိမှာပေါ့"
သက်ကဗျာသူမရှေ့က သူမ ကိုဂရုတစိုက်မေးနေတဲ့မေမေ့ကို ဘယ်လိုအဖြေပေးရမလဲစဉ်းစားနေမိသည်။သူမ အခုပြောပြလိုက်ရင် မေမေက မှိုင်းညို့စိုင်းကို ဘယ်လိုတုံ့ပြန်မလဲ။သေချာပေါက်ပြဿနာ အကြီးကြီးတက်သွားမှာမဟုတ်လား။ဒါပေမဲ့ သူမ အခုမပြောပြချင်သေး။ပျော်စရာကောင်းတဲ့အရာတွေအတွက် အထိရောက်ဆုံးအချိန်ကိုစောင့်ပြီး အသုံးချရမယ်မဟုတ်လား။အကောင်းဆုံးလက်နက်ကို အဆုံးသတ်ကျမှထုတ်သုံးရမယ်မလား။ဘယ်လိုပဲဖြစ်ဖြစ် မှိုင်းညို့စိုင်းရဲ့ အားနည်းချက်ဖြစ်တဲ့ ဒီလက်နက်ကိုဆုပ်ကိုင်ပြီး မှိုင်းညို့စိုင်းကို အကြောက်တရားတွေနဲ့ရှင်သန်စေချင်တာ။မေမေတို့ကို သူကရွံစရာကောင်းတဲ့အခြောက်ဆိုတာ မေမေတို့ဘယ်အချိန်သိသွားမလဲဆိုတဲ့ ကြောက်စိတ်နဲ့ရှင်သန်စေချင်တာ။
YOU ARE READING
My Husband is bad boy
Romance"ကျုပ်ရဲ့အမိန့်တစ်ချက်နဲ့တင် လူတိုင်းကိုသွေးတောက်တောက်ကျစေတဲ့ထိ ကျုပ်လုပ်နိုင်တယ် "သွေးစက်အမိန့်" "အဲ့ဒီ့လူတွေထဲမှာငါမပါဘူး သွေးစက်အမိန့်" ...