Uni
မှိုင်းခြေလှမ်းတွေကိုအမြန်ဆုံးအရှိန်တင်ကာ ကားဆီကိုပြေးထွက်လာမိသည်။မှောင်မဲတိတ်ဆိတ်နေတဲ့ car parking ထဲမှာ မှိုင်းတစ်ယောက်ထဲ ကမ္ဘာပျက်နေသလိုပင်။သွေးစက်အမိန့်ဟာ ပုံမှန်စိတ်နဲ့ကောင်မဟုတ်တာသေချာသွားပြီ။ကြောက်စရာကောင်းလွန်းတဲ့ စိတ်တဇကောင်!။
မှိုင်းပြေးလာရင်း ကားအနားအရောက် ကားတစ်ခါးကိုအမြန်ဆွဲဖွင့်လိုက်ကာ ကားထဲသို့အလောတကြီးဝင်ထိုင်လိုက်မိသည်။
"ညို့ငယ် ဘာဖြစ်လို့လဲ.."
ကြောက်စိတ်နဲ့အမြန်ပြေးလာရတာကြောင့်မှိုင်းရဲ့ရင်ဘတ်တွေနိမ့်ချည်မြင့်ချည်ဖြစ်ပြီးမောဟိုက်နေတဲ့ပုံစံကြောင့် အစ်ကိုမင်းအံ့က မှိုင်းကိုစိုးရိမ်စွာမေးလာခဲ့သည်။မျက်မှောင်တွေကျုံ့ကာ မှိုင်းရဲ့မျက်နှာကို စူးစမ်းသလိုစိုက်ကြည့်လာတဲ့ အစ်ကိုမင်းအံ့ကြောင့် မှိုင်းယောင်ယမ်းစွာ တံထွေးမျိုချလိုက်မိသည်။
အစ်ကိုမင်းအံ့ရဲ့မျက်နှာက မှိုင်းအနီးတိုးကပ်လာပြီး အစ်ကိုမင်းအံ့ရဲ့လက်ချောင်းတွေက မှိုင်းနှုတ်ခမ်းဆီကို ဉီးတည်လာတာကြောင့် မှိုင်းရှောင်လိုက်မိသည်။
"အစ်ကိုမင်းအံ့.."
"နှုတ်ခမ်းက ဘာဖြစ်တာလဲညို့ငယ်.."
"ဗျာ.."
မှိုင်းတစ်ခဏကြောင်အသွားမိသည်။
"ဘာနဲ့ထိခိုက်မိတာလဲညို့ငယ် နှုတ်ခမ်းကပေါက်နေတယ်.."
နှုတ်ခမ်းတောင်ပေါက်သွားသည်တဲ့လား။ဒါဟိုလူမဆန်တဲ့ကောင်ကြောင့်ဖြစ်ရတာ။လူကိုနမ်းသွားလိုက်တာများ ရွံဖို့ကောင်းအောင်။
"ဟို..ဒါကလေ..ဒီတိုင်း.."
"အင်း"
"ဖြစ်နေကြပါ"
"ဘယ်လို?"
မှိုင်းဘယ်လိုလိမ်လို့လိမ်ရမှန်းမသိသည်မို့ ပါးစပ်ထဲရှိရာလျှောက်ပြောလိုက်မိသည်။အစ်ကိုမင်းအံ့ကတော့မှိုင်းရဲ့အဖြေကြောင့် ကြောင်အသွားရသည်။ဒီတိုင်းဆက်နေလို့မဖြစ်တော့တာမို့စကားလမ်းကြောင်းလွှဲဖို့ အမြန်ပြင်ရတော့သည်။
YOU ARE READING
My Husband is bad boy
Romance"ကျုပ်ရဲ့အမိန့်တစ်ချက်နဲ့တင် လူတိုင်းကိုသွေးတောက်တောက်ကျစေတဲ့ထိ ကျုပ်လုပ်နိုင်တယ် "သွေးစက်အမိန့်" "အဲ့ဒီ့လူတွေထဲမှာငါမပါဘူး သွေးစက်အမိန့်" ...