Uni
စားပွဲထောင့်မှာစီထားသည့် စာအုပ်အထပ်လိုက်ထဲက လိုအပ်တဲ့စာအုပ်ကိုရွေးထုတ်ပြီး စာကြည့်နေခဲ့သည်မှာ ညစာစားပြီးကတည်းကဖြစ်သည်။မှိုင်းဇတ်ကြောတွေပါတက်လာမှ အချိန်ကိုပြန်ကြည့်မိတော့ မနက်၁နာရီ။
အိပ်ချိန်အရမ်းနောက်ကျနေပြီ ဖြစ်တာကြောင့် စာအုပ်တွေကို သေချာသိမ်းလိုက်ပြီး အိပ်ဖို့ပြင်ရတော့သည်။ခါတိုင်းဆို ည၁၂နာရီလောက်ကိုနောက်ဆုံးထားကာ စာကြည့်ပေမယ့် အခုတော့ ညစာစားပြီးသောက်ခဲ့သည့်ကော်ဖီကြောင့်အတော်လေးကိုအချိန်လင့်သွားကာမျက်လုံးကြောင်နေခဲ့တာဖြစ်သည်။
အဖြူရောင်ကုတင်ကြီးပေါ်ကျောခင်းကာအိပ်ဖို့မျက်လုံးတွေကိုမှိတ်ထားပေမယ့်လုံးဝအိပ်လို့မရ။ဟိုလှိမ့် ဒီလှိမ့် နှင့် အတွေးတွေက ညနေစာ စားတုန်းကအချိန်ကိုပြန်သတိရမိသွားသည်။မှိုင်းကအမြဲတမ်းလိုလိုဆံပင်တွေကိုနဖူးပေါ်ချထားတတ်တာကြောင့် ဟိုကောင့်ကြောင့်ရခဲ့တဲ့နဖူးပေါ်ကဒဏ်ရာကို တီလေးတို့ကသတိမထားမိ။ညနေကအကိုမင်းအံ့ရောက်တုန်းအတူစကားပြောစဉ်ကတောင်သတိမထားမိပေ။သို့ပေမယ့်ညနေစာစားဝိုင်းမှာတော့မှိုင်းသတိလက်လွတ်ဆံပင်သပ်လိုက်မိသည့်အချိန်ခဏလေးမှာပင် အစ်ကိုမင်းအံ့ကဒဏ်ရာကိုမြင်သွားခဲ့သည်။ကြီးကြီးမားမားဒဏ်ရာမဟုတ်တာကြောင့်အနာကပ်တောင်မကပ်ထားမိပေ။ဆေးထည့်ပြီးအနာကိုလွှတ်ထားလိုက်မိတာပင်။အစ်ကိုမင်းအံ့ကမှိုင်းရဲ့ဒဏ်ရာကိုတွေ့ပြီးစိုးရိမ်စွာမေးလာမှတီလေးနဲ့သက်လေးကပါသတိထားမိလာတာဖြစ်သည်။ကယ်လေးကတော့dinnerသွားတာကြောင့်မရှိ။တီလေးကပါ"ဘာဖြစ်တာလဲ"လို့မေးလာမှမှိုင်းလည်း"ကျောင်းမှာမတော်တဆထိခိုက်မိတာပါ"ဟုလိမ်ပြောခဲ့ရသည်။
တကယ်တော့ မတော်တဆမှမဟုတ်တာ။ရည်ရွယ်ချက်ရှိရှိထိခိုက်အောင်တမင်အနိုင်ကျင့်ခံလိုက်ရတာ။ရုတ်တရက်ခေါင်းထဲမှာအဲ့ဒီ့လူယုတ်မာကောင်အတင်းနမ်းသွားတဲ့ပုံရိပ်တွေကိုပြန်မြင်လာတာကြောင့်ဒေါသတို့ထွက်လာရတာကိုယ့်နှုတ်ခမ်းကိုနာနာဖိကိုက်ထားမိသည်။တကယ်ရှက်ဖို့ကောင်းခဲ့တာပဲ။ကိုယ့်ထက်၂နှစ်ငယ်တဲ့လူယုတ်မာကောင်ဆီမှာရမ်းကားခံခဲ့ရတာ။မိဘမျက်နှာနဲ့ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတဲ့ကောင်။အတွေးတွေကိုဖြတ်ကာအိပ်ဖို့ကြိုးစားမိသည်။စိတ်မကြည်မှုကြောင့်မှိုင်းရဲ့မျက်ခုံးတွေကအနည်းငယ်တွန့်ချိုးနေခဲ့သည်။၁နာရီခွဲပြီး၁၅မိနစ်ရှိသွားခဲ့ပြီ။မှိုင်းလုံးဝအိပ်လို့မရ။ခနအကြာ ရေဆာလာတာကြောင့် အိပ်ယာမှထကာ ဘေးမှစားပွဲပေါ်မှာတင်ထားသည့် ရေကရားကိုကိုင်ကာ ခွက်ထဲရေထည့်ဖို့လုပ်တော့ ရေကမရှိ။
YOU ARE READING
My Husband is bad boy
Romansa"ကျုပ်ရဲ့အမိန့်တစ်ချက်နဲ့တင် လူတိုင်းကိုသွေးတောက်တောက်ကျစေတဲ့ထိ ကျုပ်လုပ်နိုင်တယ် "သွေးစက်အမိန့်" "အဲ့ဒီ့လူတွေထဲမှာငါမပါဘူး သွေးစက်အမိန့်" ...