Epi 4: His Thrust Power Is Not Joke

3.9K 243 52
                                    

(🆉)
Thrust =ထိုးသွင်း

"ထယ်ထယ်က ဘာဝတ်ဝတ်လိုက်သားပဲ "

"ဟုတ်လား ဥက္ကဌလိုလူကြီးက ချီးကျူးတော့လည်း ခံစားချက်တစ်မျိုးပဲ "

"ဒီနေ့ မင်းအလုပ်မပြုတ်အောင်ပါ ကိုယ်တစ်ခါတည်း ဝင်ပြောပေးမယ် "

"ရပါတယ် ကျွန်တော်အလုပ်မပြုတ်ပါဘူး သူတို့က နားလည်ပေးပါတယ် ကျွန်တော့်ပေါ် ကောင်းပေးကြတယ်ရယ် "

"ကောင်းပေးတယ်ပေါ့ Thv Gp က ကြားနေကြအတိုင်း တကယ်ဂုဏ်ရှိတာပဲ နာမည်ကောင်းရတာမဆန်းပါဘူး "

ဒီလောက် အပြိုင်အဆိုင်တွေရှိကြတဲ့ စီးပွားရေးနယ်ပယ်မှာ မနာလိုတာမျိုးမရှိတဲ့အပြင် ချီးတောင်ချီးကျူးသည့် ဂျောင်ကုက ကျွန်တော့်ထက်တောင် ရင့်ကျက်မည်ထင်။

"Thv နဲ့ ဥက္ကဌတို့က သူပြိုင်ကိုယ်ပြိုင်နာမည်ကြီးတာမလား Thv ကို စနိုးစနှောင့်ဖြစ်စေတယ်လို့ မမြင်ဘူးလား "

"မမြင်ပါဘူး ဒီလိုမျိုးတည်ထောင်နိုင်ဖို့က လွယ်လွယ်မှမရတာ အသေအလဲချွေးနဲ့ရင်းပြီး အောင်မြင်ကြတာပဲမလား ကိုယ်ချင်းစာပါတယ် ကြိုးစားလို့လည်း အောင်မြင်တာပေါ့ Thvက "

"ဥက္ကဌကြီး ဦးဆောင်တဲ့ Jeon Gpကလည်း အရမ်းအောင်မြင်ပြီးနာမည်ကြီးတာ ဥက္ကဌ သတင်းဆိုရင် မွှေးနေတာပဲ သတင်းထဲမှာတောင်ကြည့်ကောင်းပြီး ကျွန်တော်ဆို ဂျောင်ကုအကြောင်းအကုန်သိတဲ့အထိပဲ "

ကိုယ်တိုင်ကစိတ်ဝင်စားလို့ လိုက်ရှာဖတ်တယ်ဆိုတာကို ထည့်မပြောတော့ ။ မရှိတဲ့အရှက်လေးကွဲမှာစိုးလို့

စကားတွေပြောလာလိုက်တာ ကားပေါ်ရောက်တဲ့အထိပဲ ။ လည်ပိတ်စွယ်တာဝတ်ထားရသည့် ထယ်ယောင်းက ဂျောင်ကုကို တစ်ခုတောင်းဆိုသည် ။

အဲ့တာက ဂျောင်ကုနဲ့အပြင်သွားတိုင်း သတင်းထဲမပါချင်ဘူးဟုဆိုကာ သူ့ကိုယ်သူ ဦးထုတ်နဲ့ Mask တပ်ရဖို့ ခွင့်တောင်းတာ ။ ဂျောင်ကုကလည်း အသာတကြည်ခွင့်ပြုတာ​ကြောင့် ထယ်​ယောင်း စိတ်ချမ်းသာသွား၏။

အရင်ဆုံး ဂျောင်ကုက သူပိုင်တဲ့ Mall ရှေ့ကားကိုရပ်ပြီး Parking ထိုးပေးသည့်ကောင်လေးအား သော့ပေးလိုက်၏။ ဂျောင်ကုကိုမြင်သည်နှင့် ချက်ချင်းပြေးဆင်းလာသည့် ဝတ်ဆုံပြည့်နှင့်လူတစ်ယောက် ။

Forever Partner {Completed}Where stories live. Discover now