Epi 16: He Mad At Papa

2.6K 176 117
                                    

(🆉)

"Good Morning ထယ်ထယ် "

"အွန်း..."

ထယ်ယောင်း ​ဂျောင်ကုလက်​မောင်း​ပေါ်​ခေါင်းအုံးအိပ်​နေရင်း ခပ်တင်းတင်းထပ်ဖက်ထားလိုက်တယ် ။

အရင်လို ရင်ဘတ်ပေါ်အနမ်းမရောက်လာတာမလို့ ဂျောင်ကုစိတ်ထဲနေရခက်တယ် ။

"ကိုယ့်ထယ်ထယ်က အခုထိ စိတ်​ကောက်မ​ပြေ​သေးဘူးလား "

ပြေတာကပြေနေပြီပေမဲ့ လူလည်ကျချင်သေးတာမလို့ ခေါင်းငြိမ့်ပြလိုက်သည်။

"အွန်း...အခုထိမကျေနပ်သေးဘူး "

"ကျေနပ်အောင် ဘာလုပ်ပေးရမလဲ ကိုယ့်ကိုပြော အဝတ်လျှော်ပေးရမလား ကြိုးသိုင်းဖိနပ်ကောလိုချင်လား အိမ်? ကား? ပြည်ပခရီး? ကိုယ်ပိုင်ကစားကွင်း? "

"မလိုချင်ပါဘူးနော် ကြိုးသိုင်းဖိနပ်တော့နည်းနည်းစိတ်ဝင်စားတယ် "

"မဟုတ်ရင် ထယ်ထယ်သဘောကျတဲ့ ကိုယ့်ကြွက်သားတွေကိုကိုက်ချင်လား "

ဒါကိုတော့မငြင်းနိုင်တဲ့အနေအထားမလို့ ဂျောင်ကုမျက်နှာကို မျက်လုံးလေးလန်ကြည့်မိလိုက်သည် ။ ဂျောင်ကုကကြည့်နေရင်းနဲ့ ကျွန်တော့်ပုံစံကို ရယ်သေးတယ် ။

"ခိုးကြည့်နေတာများ အဲ့လိုဆို သဘောပေါက်ပြီ "

ထယ်ယောင်းကိုရင်ခွင်ထဲကထုတ်လိုက်တာမလို့ ထယ်ယောင်းကလည်း စိတ်ဝင်တစားလိုက်ကြည့်သည် ။

ဝတ်ထားတဲ့ စွပ်ကြယ်ကို ချွတ်ပစ်လိုက်တဲ့​ဂျောင်ကုရယ် ။ ခါတိုင်း အင်္ကျီချွတ်နဲ့အိပ်အိပ်​နေ​ပေမဲ့ မနေ့က စွပ်ကြယ်တစ်ထပ်ခံထားပြီးအိပ်ခဲ့တာ။ ​အောက်က​ဘောင်းဘီကိုလည်း ချွတ်ပစ်တာမလို့ ထယ်​ယောင်း ရုပ်မနည်းကိုတည်ထားရ၏

"ချား ကြိုက်သလိုကိုက်ပါ ထယ်ယောင်းရှီး "

"ဘယ်သူက အဲ့တာတွေကိုသဘောကျတယ်ပြောလို့လဲ "

"ထယ်ထယ်ပဲပြောတာလေ အခုမကြိုက်တော့ဘူးပေါ့ အာရားစော ဒီတိုင်း ရေကူးကန်ကိုပဲ သွားလိုက်မယ် အဲ့မှာက ကြိုက်တဲ့သူတွေရှိရင်ရှိမှာပေါ့ "

"အား! မရပါဘူးနော် "

ထယ်ယောင်း မျက်နှာရဲရဲနဲ့အော်လိုက်ပြီး ​ဂျောင်ကုကိုယ်​ပေါ် တစ်ကိုယ်လုံးပစ်ထိုင်ချလိုက်၏။ စိတ်တိုတိုနဲ့လည်ပင်းကိုဖက်ပစ်တာ ။

Forever Partner {Completed}Where stories live. Discover now