Epi 5: Sweet Kiss

3.4K 232 36
                                    

(🆉)

"မြေး ဘယ်လိုကြီးဝတ်လာတာလဲ "

"ပေါ့ပေါ့ပါးပါးလေးဝတ်လာတာပါ အဖိုး ဒီရောက်မှပဲ လဲတော့မလို့ "

"ကောင်းတာတော့လည်းကောင်းပါတယ် အဖိုးကြိုက်တယ် ဒါမျိုးပေါ့ပေါ့ပါးပါးလေးဝတ် "

"ဟုတ် အဖိုး "

ခါတိုင်း Suit နဲ့လူကြီးဆန်ဆန်ဝတ်နေကြ ။ ​ဂျောင်ကုက Thv Gpအရှေ့ချပေးသည်မလို့ ဘယ်သူမှမမိအောင်လည်းသတိထားရသေးသည် ။

"အတွင်းရေးမှူး​မြောင် ထယ်ပုစိလေးကို သူ့အလုပ်လေး ပြလိုက်ပါဦး"

"Nae ဥက္ကဌကင်မ် "

"ဒါဆို အဖိုးသွားတော့မယ် ငါ့မြေး တာဝန်ကျေလိုက်ပါဦး "

"ဟုတ် အဖိုး "

ထယ်ယောင်း အလွမ်းဒဏ်​ကြောင့် ​အဖိုးကိုဖက်ပြီး အာဘွားပါ​ပေးလိုက်မိ၏။

ကိုယ့်အလုပ်ခန်းထဲ​ရောက်​တော့ အဝတ်ပုံ​လောက်ပုံနေတဲ့ File အထပ်ရယ် ။ အဖိုးအတွင်းရေးမှူးပြလာတဲ့ I-Padထဲက အလုပ်အပ်ထားတာ​တွေ​ကြောင့် ထယ်ယောင်း ဆိုဖာပေါ် လှဲချလိုက်မိ၏။

"ဒါတွေကို ခွဲလိုက်တာမဟုတ်ဘူး ကျွန်တော့်ကိုပဲလုပ်ခိုင်းမလို့လား ပြီး​တော့ ဒီဟာ​တွေကလည်း ကျွန်​တော့်တင်ပြတဲ့ဟာ​တွေလား အကုန်လက်မှတ်ထိုးရမယ်​ပေါ့ "

"ဒါတွေအကုန်လုံးက V ရဲ့ လက်ရာနဲ့ပဲလုပ်မယ်ဆိုတဲ့ Customerတွေပါ ထယ်ယောင်းလေး လက်မှတ်ကလည်း အကုန်လုံးထိုးရမှာပါ ဒါအငယ်​လေး​တွေရဲ့ကြိုးစားမှု​တွေပါ"

"အော ကျွန်တော်သိပြီ "

တစ်​နေကုန် အလုပ်ခန်းထဲမှာပဲ ကုန်ဆုံးကာ Decoration Design ကို Customer လိုချင်သည့်ပုံစံ ဆွဲပြီးတာနဲ့ ပြန်​ဆွေး​နွေးဖြစ်တယ် အကြိုက်နဲ့ကွက်တိပုံစံဖြစ်ရင် ထယ်​ယောင်းမျက်နှာရသည် ။

နေ့လည်စာက​တော့ အဖိုးအိမ်မှာပဲပြန်စားဖြစ်တယ် ။ အဖိုးက ဟင်း​တွေ​ကော မုန့်​တွေအကုန်ထိုး​ကျွေး​တော့တာ ။ မုန့်ဖိုးလည်း​ပေးပြီး အိမ်ကအထုတ်အပိုးပြင်​နေသည်ကို ​ဘေးက​နေမျက်နှာ​လေးမ​ကောင်းစွာကြည့်သည် ။

Forever Partner {Completed}Where stories live. Discover now