Epi 9: Kindest Person

3K 216 98
                                    

(🆉)

မနက်ခင်းအစောကြီး ပြန်မဲ့ မိဘနှစ်ဦးက မနက်စာပါ အကောင်းမွန်ဆုံးပြင်ပေးပြီး မိသားစုစုံလင်စွာ မနက်စာစားကြသည် ။

ပြန်ခါနီး ပါးပါးက ဂျောင်ကုကိုရင်ခွင်ထဲမဆံ့မပြဲထည့်ထားပြန်တာကြောင့် ဂျောင်ကုမှာ ကုန်းကုန်းကြီးဖက်ထားရပြန်သည် ။ ပါးပါးက တကယ်သေးသေးလေး ထယ်ထယ့်ထက်တောင်သေးတယ်။

မျက်လုံးမှိတ်ထားရတဲ့ဂျောင်ကုက နှုတ်ခမ်းနှင့် အားရပါးရ မျက်နှာတစ်ခုလုံးအနမ်း​ပေး​နေတဲ့ပါးပါး​ကြောင့် ငြိမ်ငြိမ်​လေး​နေ​နေရတာ။ ဒီကြားထဲ အာပါးကပါ လာနမ်းသည်​ကြောင့် ​ဂျောင်ကုအ​ဖေနှစ်​ယောက်ကြား အနမ်းပန်း​တွေပွင့်လန်းလို့။

"ပါးပါးကို Popo ပေးဦးလေး ပူတူးတူးလေး"

"ပါးပါး သားကလေးလေးမဟုတ်တော့ပါဘူးဆို ငယ်ငယ်ကလိုပေးလို့မရတော့ဘူးလေ "

"ပါးပါး ကလေးလေးပဲဟာကို ဘာဖြစ်လဲ "

ဂျောင်ကု ပါးပါးအပေါ် စိတ်လျှော့လိုက်ရင်း ပါးပါးနှုတ်ခမ်းအား ပြွတ်ခနဲအနမ်းပေးလိုက်သည် ။

"ဒီနေ့ လမ်းခရီးကိုဂရုစိုက်ဦးနော် အာပါးတို့ မလိုက်တော့ဘူး အခုကသွားစရာလေးရှိသေးတော့ နောက်မှတူတူသွားမလို့ "

"အာပါးတို့လည်း ဂရုစိုက်​သွားပါ နောက်မှ သားလာခဲ့ပါမယ် "

"အွန်း တာ့တာ ငါတို့ ပူတူးတူးလေး "

"သွားပြီ ဖေ့သဲတုံးလေး "

"တာ့တာ ပါးပါး အာပါး "

...

"ဒါက အာပါးလက်ရာ ဒါက ပါးပါးလက်ရာ စား​ကောင်းတယ်မလား သူတို့ချက်တာ "

"ကောင်းတယ် ဂျောင်ကုတို့မိသားစုကိုတကယ်အားကျတယ် "

"ပါးပါးတို့က မနက်စာကိုလည်း အားရပါးရ ဟင်းအစံနဲ့စားမှကြိုက်တာ ပေါင်မုန့်နဲ့ကော်ဖီကြီးပဲစားရင် ပြောရော"

"ဂျောင်ကုဖေဖေနှစ်ယောက်က အဲ့လိုတွေအရမ်းကျွေးလို့ ငယ်ငယ်က ဂျောင်ကုက ဖောင်းဖောင်းတုတ်တုတ်လေးဖြစ်​တာနေမှာပေါ့ "

Forever Partner {Completed}Where stories live. Discover now