(🆉)
"အာ့ ချီး! ရှဖြစ်အောင်ရှသွားသေးတယ် "
ဓားရှသွားတဲ့ လက်ညိုးထိပ်ကို ထယ်ယောင်း စိတ်တိုလို့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်သည် ။
ဂျောင်ကုသာသိရင် နမော်နမဲ့နိုင်တယ်ဆိုပြီး ဆူတော့မှာ ။
"လက်ကိုပါ ခုတ်ပစ်လိုက်ချင်တယ် ရှီးဘား "
"ထယ်ထယ် ဘာလုပ်နေတာလဲ မပြီးသေးဘူးလား "
"ဟမ်..."
မီးဖိုချောင်ထဲဝင်လာတဲ့ဂျောင်ကုကြောင့် ရင်ထဲထိတ်ခနဲ ။ စိုးရိမ်ဒေါသနဲ့ ဆူတော့မှာပေမဲ့ ဂရုစိုက်ပေးတာတော့ အရမ်းကြိုက်တယ် ။
"အား ဟင့် Daddy ထယ်ထယ့်လက်နာတွားပြီ "
"ဟမ် ဘာ "
"ဒီမှာ လက်ရှသွားတာ သွေးတွေ များရီးပဲ Daddyရယ် ထယ်ထယ်နာတယ် "
"ဘာဖြစ်တယ် ပြစမ်း ကိုယ့်ကို "
ထယ်ယောင်းလက်ကိုယူကြည့်တော့ လက်ထိပ်မှာ သွေးတွေတောက်လျှောက်စီးကျနေတာ ။
"ဘယ်လိုဖြစ်တာလဲ ဘေဘီရယ် အဲ့တာကြောင့် စိတ်မချတာ ကိုယ်ပဲလုပ်လိုက်မယ် အဲ့တာ "
ရင်ခွင်ထဲထည့်ပြီး ရေဆေးပေးနေတဲ့ ဂျောင်ကုကို ထယ်ယောင်းက ရင်ခွင်ထဲကိုမှီချသည် ။
"ဥုံဖွ လာ ကိုယ် ဆေးထည့်ပေးမယ် "
"ဟွန်အွန်း ရင်ခွင်ထဲထည့်ပြီးသွား အဲ့တာအနာသက်သာတယ် "
ထယ်ယောင်း၏ လူလည်ကျမှုကိုသိတဲ့ဂျောင်ကုက ရယ်လိုက်ပါသေးတယ်။
"မင်း ကိုယ့်ရင်ဘတ်ကြီးထဲ မျက်နှာနှစ်ချင်လို့မဟုတ်ဘူးလား လက်က ဘာလို့ဗိုက်ကြွက်သားတွေကိုလာကိုင်နေတာလဲ "
နေ့တိုင်း မနက်တိုင်း အချိန်တိုင်း ရင်ဘတ်ကြီးထဲ အမြဲနှစ်နေရလည်း ထယ်ထယ့်မှာ မဝနိုင် မနက်စောစောမိုးလင်းရင် သူမျက်နှာသစ်တာက ကျွန်တော့်ရင်ဘတ်ပဲ ။
"လာပါ ကိုယ်ချီသွားမယ် ဆေးထည့်ပေးမလို့ "
ကလေးတစ်ယောက်လို မ ချီသွားတော့ ငြိမ်ငြိမ်လေးလိုက်ပါလာသည် ။
YOU ARE READING
Forever Partner {Completed}
FanfictionJeon Jungkook & Kim Taehyung Big Warning (If You don't Like 18+,You can skip it freely.If you read it don't Blame.You are not the Innocent either😕) ပုံတိုင်းကို လေးစားစွာ Crd ပေးပါသည်။ #CrdForAllPictures #JeonTaeyu9597 #OwnCreation 💫