Epi 23: Don't Hit My Boyfri Grandpa

2.2K 170 40
                                    

(🆉)

"ဘာလို့ ငိုနေတာလဲ ထယ်ထယ်ရဲ့ "

အိမ်ပြန်ရောက်ပြီးလို့ ကောင်းကောင်းနားမယ်လုပ်မှ ကိုယ့်လက်ကိုကိုင်ပြီး တအီအီငိုနေတဲ့ထယ်ယောင်းကြောင့် ဂျောင်ကုက ချော့မေးသည် ။

"အများကြီး လန့်သွားတာလား အွန်းပါ အခုအဆင်ပြေပြီ ဘာမှမဖြစ်တော့ဘူးနော် "

သွေးတွေဆက်တိုက်ထွက်နေတဲ့လက်ကို လက်ကိုင်ပုဝါနဲ့အတင်းသွေးတိတ်စေတာတောင် လက်ကိုင်ပုဝါအထိပါ ရွှဲနေတဲ့သွေးတွေကြောင့် ထယ်ယောင်းက ပိုတိုးငိုသည် ။ သူတော်တော်လန့်သွားတာ ပေါတောတောနဲ့ပျော်ပျော်နေတဲ့သူ့အဖို့ အခုလိုဖြစ်ရပ်မျိုးကို တစ်ခါမှတောင် စိတ်ကူးမယဉ်ကြည့်ဖူးဘူး ။

"သွေးတွေက အများကြီး..."

မှန်ကွဲစထိထားတဲ့ လက်တစ်ဖက်ကိုပဲ ဆုပ်ကိုင်ထားပြီး ဧည့်ခန်းထဲ မတ်တပ်ကြီး အော်ငိုနေတဲ့ ထယ်ယောင်း ။ မျက်နှာတစ်ခုလုံး နီရဲတွတ်ပြီး ငိုနေတဲ့ထယ်ယောင်းက ချစ်စရာကောင်းတာကြောင့် ဂျောင်ကုက သဘောကျစွာ ရယ်သည် ။

"သူက ရယ်နိုင်သေးတယ် အီးဟီး "

"အများကြီး လန့်သွားတာလား ထယ်ထယ်က "

မျက်နှာလေးကို ပွတ်သပ်ပြီးချော့မေးတော့ ခေါင်းငြိမ့်၍​ဖြေပြီး လည်ပင်းကိုသိုင်းဖက်လာသည် ။

"အွန်း တကယ် လန့်သွားတယ် ဟီး "

"အွန်းပါ အွန်းပါ ရုတ်တရက်ဆိုတော့ ကိုယ့်ထယ်ထယ်က ကြောက်သွားမှာပေါ့ "

ခါးကိုဖက်လိုက်၍ ​ကျောကုန်းကိုအ​ပေါ်​အောက်ပွတ်​ပေးကာ အငိုတိတ်​အောင်လုပ်ရသည် ။ ထယ်ထယ်က အခုလိုမျိုးငိုတာခဲယဉ်းတာမလို့ သ​ဘောလည်းကျသလို စိတ်လည်းမ​ကောင်း ။ တော်တော်လေးလန့်သွားပုံပေါ်သည် ။ ခါတိုင်းဆို ဘာနေနေ မျက်ခွက်လေးကပြောင်နေတတ်တာ ။

"Banana Milk သောက်မလား စတော်ဘယ်ရီကိုလည်း ဒိန်ချဉ်လေးနဲ့ တို့စား​လေ ဟမ် ထယ်ထယ် ဘာစားချင်လဲ ကိုယ့်ကိုပြော "

မီးဖိုချောင်နားအထိခေါ်သွား၍မေးတော့ ငိုသံနှင့်ရောထွေးစွာပြောလာသည်။

Forever Partner {Completed}Where stories live. Discover now