(🆉)
"အရမ်းနာနေလား မင်းခြေထောက်က နုနုလေးရယ် "
ဂျောင်ကုက ဆေးဖွဖွလေးလိမ်းပေးပြီးနောက် ပတ်တီးနဲ့ပါ သေချာဂရုတစိုက်စီးပေးသည် ။ ပတ်တီးအပေါ်ကနေ ဖွဖွလေးပွတ်သတ်ပေးနေတာကို ထယ်ယောင်းကြည့်ရင်း တပြုံးပြုံး ။
"မနာတော့ဘူး ဂျောင်ကုက ဂရုစိုက်ပေးလို့ "
"တကယ်လား "
ပြုံးစိစိနဲ့မျက်ခွက်ပြောင်နေတဲ့ထယ်ယောင်းအား ဂျောင်ကုကပြုံးကြည့်ပြီး ခြေထောက်ကို အနည်းငယ်ဖိချလိုက်၏။
"အား! အဲ့လိုဖိရင်တော့ နာသေးတယ်လေ"
အာပြဲကြီးနဲ့အော်လာတော့ ဂျောင်ကုက ခေါင်းမော့၍ရယ်သည်။
"ကြည့်ရတာ ကိုယ် ဒီနေ့ အလုပ်ပျက်တော့မယ်ထင်ပါတယ် "
"ပျက်လိုက် ဥက္ကဌဖြစ်သူက နေ့တိုင်းလည်းသွားစရာမလိုပါဘူး "
"ထယ်ထယ်ကကော ဒီနေ့အလုပ်ဖွင့်လား "
"ကျွန်တော့်အလုပ်ကလည်း အမြဲသွားစရာမလိုပါဘူးနော် အိမ်မှာနေပြီး လုပ်ရုံပဲ "
"ဒါဆို ကောင်းသွားတာပေါ့ မင်းအနားယူလို့ရပြီ "
"အမှန်တော့ ဒီနေ့က ပြင်ဆင်ထားတာတွေကိုသွားကြည့်ရမှာ အခု မသွားနိုင်လောက်တော့ဘူး "
"မနက်ဖြန်ကြ ကိုယ်လိုက်ပို့ပေးမယ် "
"တကယ်လား "
"အွန်း တကယ် မင်းလိုချင်နေတဲ့ နာရီ Couple လည်းဝယ်မယ် "
"တကယ်ကြီး ရေး! ကျေးဇူးတင်ပါတယ် ဂျောင်ကုရား "
ကျေးဇူးတင်ပြီးတိုင်း အနမ်းပေးနေကြမလို့ ထယ်ယောင်းက ဖင်တရွတ်တိုက် ဂျောင်ကုဆီကိုလာလျှင် ဂျောင်ကုကရယ်ပြီး ထယ်ယောင်းရှိတဲ့နေရာကပ်လာ၍ အနမ်းခံသည် ။
"ခြေထောက်အနာအမြန်ပျောက်ပါစေ ထယ်ယောင်းရှီး "
အပြောနဲ့အတူ ပါးပြင်ကိုပါဖိနမ်းလာသည်ကြောင့် ထယ်ယောင်းရင်ထဲပျော်သွားရသည် ။ သူက ပြန်ခွာသွားတော့မဲ့ဂျောင်ကုခေါင်းကို လက်နဲ့ဆွဲပြီး မျက်နှာအနံ့ထိကပ်နမ်းခိုင်းသည် ။
YOU ARE READING
Forever Partner {Completed}
FanfictionJeon Jungkook & Kim Taehyung Big Warning (If You don't Like 18+,You can skip it freely.If you read it don't Blame.You are not the Innocent either😕) ပုံတိုင်းကို လေးစားစွာ Crd ပေးပါသည်။ #CrdForAllPictures #JeonTaeyu9597 #OwnCreation 💫