Epi 18: TaeTae Abused Me

2.4K 167 38
                                    

(🆉)

"အဟီး Hello My Boyfriend "

"ဘာပြောတယ် အဲ့တာ ဘာစကားလဲ "

ဘေးက မင်ချောစကားကို ထယ်ယောင်းကပြန်မဖြေ ကားထဲကနေ စူးစမ်းစွာကြည့်နေသော ဂျောင်ကုကိုသာ သွားဖြဲပြလိုက်သည် ။ မျက်ခုံးကြီး တွန့်ချိုး​နေတာများ ​ကြောက်စရာကြီး ။

"မင်း ငါတို့ကားနောက်လိုက်ခဲ့နော် "

"နေဦး မင်းသေချာမရှင်းပြရသေးဘူး​လေ ဟာ ထယ်ယောင်းလို့ "

ကားထဲကို သွားဖြဲပြီးဝင်သွားတဲ့ ငနာလေးက ကိုယ်အော်ခေါ်တာတောင်မကြားတော့ မသိရင် လင်နောက်ပဲ ပျော်ပျော်ကြီးလိုက်သွားတော့မလို ။

"ဂျောင်ကူးးး..."

"မင်း ပြောစမ်းထယ်ထယ် ဘာတွေမွှေခဲ့လဲ "

"အချစ်လေးကလည်း "

ဂျောင်ကုပေါင်ပေါ်တက်ပြီး ပါးကို တရွှတ်ရွှတ်နမ်းပစ်လိုက်သည် ။ မှဲ့အပါအဝင်အောက်နှုတ်ခမ်းကို နို့ဘူးစို့သလိုစို့တော့ ပြန်တော့နမ်းရှာသည် ။ တွန့်ချိုးတဲ့ရုပ်နဲ့ပြန်နမ်းနေတာ ဒီလူ ။

"သူငယ်ချင်းကို အိမ်ခေါ်ထားတာ ခဏလောက်ပဲ ခေါ်ထားမှာပါ အလွန်ဆုံး တစ်လ လောက်ပါပဲ ဂျောင်ကုက ခွင့်ပြုမယ်မလား အကူအညီတောင်းထားလို့ ထယ်ကလည်းအကူအညီပေးချင်တာ လက်ခံပေးနော် ဂျောင်ကု "

"ခွင့်ပြုမယ် လက်ခံမယ်မပြောရသေးဘူး မင်း ခေါ်တင်နေပြီမဟုတ်ဘူးလား "

"ဟီး ဟုတ်တယ် "

"မင်း ကိုယ့်ကိုကြိုမပြောဘူး "

"မျက်ခုံးကြီး လျှော့ပါဦး အဲ့ပုံကလည်း ချောတော့ ကျွန်တော်ရင်ခုန်တယ်လေ "

"စကားလမ်းကြောင်းမလွှဲနဲ့ "

"တကယ်တော့ ကျွန်တော်လည်း ဒီနေ့မှသိတာ "

"ဒီနေ့မှသိတာကို ဒီနေ့ချက်ချင်းကြီး နေခွင့်ပေးလိုက်တယ်ပေါ့ ဆင်း ထယ်ထယ် ကိုယ့်ပေါ်က ဆင်း "

"ဆင်းဘူး ထပ်တွန်းထုတ်ရင် မြင်းတက်စီးလိုက်မှာနော်! "

"မင်းမရှက်ဘူးလား Driver ရှိနေတာ "

Forever Partner {Completed}Where stories live. Discover now