Epi 6: Angry Daddy

3.5K 230 107
                                    

(🆉)

"တော်တော်လေး စိတ်ချမ်းသာနေတယ်ထင်တယ် ပါးကိုဖောင်းကားလို့ ပြည့်လည်းပြည့်လာတယ် "

"ဒါပေါ့ မတော်ရသေးတဲ့ ဘဲက အရမ်းတွေအလိုလိုက်ဂရုစိုက်ပေးလို့လေ "

စတော်ဘယ်ရီစားလို့ဖောင်းကားနေတဲ့ ပါးကို ဂိုဟီးအမြင်ကပ်လို့ သွားဆွဲလိုက်မိသည် ။

ထယ်ယောင်းက ဘဝင်မြင့်နေတဲ့လူလို ခုန်နောက်ကျောကိုမှီပြီး ကျွန်တော့်အား တမင်လုပ်ပြနေတော့၏။

"ကတိကို တည် ဟွန့် "

"ကား? နှစ်ချို့ဝိုင်? အရမ်းလိုချင်နေတဲ့ Limited စွယ်တာ? "

"နေုာက်ဆုံး နှစ်ခုယူမယ် "

"သိပြီ "

ချက်ချင်းပဲ Order တင်ပြီး ပြလိုက်သည်။.

"အခု ရုပ်ကပြုံးလိုက်တော့နော် ကတိတည်လိုက်ပြီ အကူအညီဆိုလည်း ကူညီပေးမှာမို့"

ကိုယ့်သူငယ်ချင်းက ချော့နေတော့လည်း ပြန်ပြီး ပြုံးပြလိုက်မိသည် ။

"ငါလည်း မင်းလို ခပ်သေးသေးကောင်လေးကို အမ်းချင်တယ် Daddyလုပ်ပြီးတော့ "

"မင်းက? "

ထယ်ယောင်းက ဂိုဟီးတစ်ကိုယ်လုံးကိုခြုံကြည့်ပြီး မျက်ခုံးပင့်ကာပြောသည်။

"ငါ့ထက်တောင်သေးတာကို Daddyက လုပ်ချင်တယ်? မင်းနဲ့ငါက Team အတူတူပဲ Bro "

ဂိုဟီးမျက်နှာက ရဲသွား၍ ပြန်စွာတာများ ထယ်​ယောင်းမျက်နှာကိုတံ​တွေး​တောင်ဆင်​တော့မည်ဖြစ်သည် ။

"သေးလည်းဘာဖြစ်လဲ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး ဟျောင့် ဟို Animeထဲမှာဆို Devil King သေးသေးလေးက အကြီးကြီးကို မ နိုင်သေးတာပဲ "

သူငယ်ချင်း၏ ခေါင်းမာမှုကို ထယ်ယောင်းဘာမှပြန်ပြောမနေတော့ပဲ အလုပ်ကိုသာ ပြန်အာရုံစိုက်လိုက်မိ၏။

ဘေးက​နေကူညီ​ပေးလို့လည်း ​ကျေးဇူးတင်ရ​သေး ။

"ဒီနေ့ စောစောဆင်းကွာ မင်းမလာတာကြာပြီဆိုတော့ Club ကိုလာခဲ့ "

"အွန်း ငါလည်း အဲ့လိုစဉ်းစားထားတယ် "

တကယ်လည်း Club ကိုမသွားဖြစ်တာ နှစ်ပတ်လောက်ရှိပြီ ။ ဒီအတောအတွင်း ကျွန်တော်နဲ့ ဥက္ကဌလည်း အတူအိပ်ဖြစ်တာက အကြိမ်တော်တော်များနေပြီ ညဖက်နားရင်တောင် နေ့ခင်းအချိန်တွေရယ် စားသောက်ဆိုင်သွားတဲ့အချိန် Toilet မှာလုပ်ဖြစ်တာပင် ။

Forever Partner {Completed}Where stories live. Discover now