Epi 11: Guys I'm Dead

3K 204 113
                                    

(🆉)

အပ်ထားတဲ့ Design တွေကို ဆွဲလာတာ နေ့လည်ကတည်းက ကျွန်တော့် ဂျောင်ကုနား​တောင်မကပ်ဖြစ်မိ​ပေ ။ ဖြစ်ချင်​တော့ ​ဂျောင်ကုကပါ အလုပ်​တွေပိ​နေတာဖြစ်တယ် ။

စားပွဲ​ပေါ်ရှိ စာအုပ်အပြင် I-Pad Laptop နဲ့ပါအလုပ်လုပ်နေရသည့် ထယ်ယောင်းက ထမင်းစားချိန်ကိုမေ့လျော့နေခဲ့သည် ။

ဒေါက်! ဒေါက်!

"ထယ်ထယ်...ထယ်ထယ် "

ဂျောင်ကုအသံကြောင့် ထယ်ယောင်း ခေါင်းမွှေးထောင်သွားကာ ထိုင်ရာကထရပ်ပြီး လက်ကားခြေကားနဲ့ ဟိုသွားပုန်းရမလား ဘာလုပ်ရမလဲမသိ ဖြစ်သွားသည် ။

"ထယ်ထယ် ကိုယ်ဝင်လာလို့ရမလား ထမင်းစားချိန်ကျော်နေပြီလေ "

်စားပွဲပေါ်ကဟာတွေကိုအကုန်သိမ်းကျုံးကောင်ယူကာ ကုတင်အောက်ထဲထိုးထည့်လိုက်မိ၏။

"ဝင်လာလေ ဂျောင်ကု "

ထယ်ယောင်း တံခါးကိုဖွင့်​ပေးလိုက်​တော့ ဂျောင်ကုက ဝင်လာ၏။

"မွှေးနေရောပဲ ထယ်ထယ့်အခန်းက "

"မဟုတ်တာ ဂျောင်ကုအခန်းက ပိုသန့်ပြီးမွှေးတာ "

တကယ်လည်း ဂျောင်ကုအခန်းက ပို့သန့်ရှင်းတာပဲ ထယ်ယောင်းအခန်းက မုန့်တွေကော်ဖီခွက်တွေ အအေးခွံတွေရှိ​နေသးတယ်​လေ ။

"လာ ထမင်းသွားစားရအောင် ကိုယ် အလုပ်လုပ်တာလွန်သွားလို့ နောက်ကျသွားတာ စိတ်မဆိုးနဲ့နော် "

"မဆိုးပါဘူး ဆိုးစရာလား သွားရအောင် "

နှစ်ယောက်သား လမ်းအတူလျှောက်ရင်း လေကားနားရောက်တော့ ထယ်ယောင်းက စကားပြောသည် ။

"ကျွန်တော်လုပ်နေကြအရာရှိတယ် ဒီပေါ်မှာ "

လှေကားလက်ရမ်းကိုထိုးပြပြီး တင်ပါးကထိုပေါ်တက်လိုက်တာကြောင့် ဂျောင်ကုတားချိန်မရပဲ မျက်လုံးပြူးသွားသည် ။

"အမယ်လေး..."

တက်ပြီးပြီးချင်းမကြာဘူး ​အောက်ကိုအနည်းငယ်မျှသာ လျှောကျသွားပြီး အနောက်လန်ကျတာကြောင့် ဂျောင်ကုအမြန်ဖမ်းဆွဲလိုက်ရ၏။

Forever Partner {Completed}Where stories live. Discover now